အီရန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် အသင့်ရှိဟု တူရကီသမ္မတ ပြောကြား

အီရန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် အသင့်ရှိဟု တူရကီသမ္မတ ပြောကြား

တူရကီသမ္မတ တေယစ် အာဒိုဂန် က မိမိနိုင်ငံအနေဖြင့် အီရန်နှင့် ကဏ္ဍပေါင်းစုံတွင် ဆက်ဆံရေးတိုးမြှင့်သွားရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု Press TV သတင်းမှာ ကြေညာချက်ကို ကိုးကား၍ Trend သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယခုသဘောထား မှတ်ချက်အား သြဂုတ် ၁၁ ရက်က အီရန်သမ္မတ ဟက်ဆန် ရိုဟန်နီ နှင့် ဖုန်းမှတစ်ဆင့် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

အီရန်သမ္မတကလည်း တူရကီနှင့် မိတ်ဆွေနှင့် ညီအစ်ကို နိုင်ငံကဲ့သို့ ဆက်ဆံရေးတိုးမြှင့်သွားရန် ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။အိမ်နီးချင်း နှစ်နိုင်ငံအကြား ယခင်ထားရှိခဲ့သည့် သဘောတူညီချက်များကို အရှိန်မြှင့်အကောင်အထည်ဖော်ရန် ၎င်းက ဆက်လက်ပြောကြားပါတယ်။

အီရန်၏ စီးပွားရေးကို ထိခိုက်စေရန် အမေရိကန်၏ ဖိအားပေးမှုကို တုံ့ပြန်သည့်အနေဖြင့် အဓိကကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် အီရန်နှင့် တူရကီတို့က နှစ်နိုင်ငံကုန်သွယ်ရေးကို နှစ်စဉ် ဒေါ်လာ ၃၀ ဘီလျံအထိ  တိုးမြှင့်နိုင်ရန် စီစဉ်ထားပါတယ်။

၂၀၁၉ ခုနှစ်၊ မတ်လမှစ၍ ၃ နှစ်တာ ကာလအတွင်း တူရကီအနေဖြင့် အီရန်မှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု တန်ဖိုး ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ တင်သွင်းခဲ့ပြီး ၂၀၁၈ ခုနှစ် အလားတူ ကာလထက် ၅ ဆ မြင့်တက်ခဲ့ကြောင်း အီရန် ကုန်သည်ကြီးများအသင်းရဲ့ သြဂုတ် ၁၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ် ၁၁ ရက်နေ့ ဖုန်းခေါ်ဆိုမှုအတွက် တူရကီသမ္မတက ရိုဟန်နီ၊ အီရန်အစိုးရ၊ နိုင်ငံတော်တို့ကို အိဒ်နေ့မှာ ဂုဏ်ပြုချီးမွမ်းခဲ့ရာမှာ မွတ်စလင်ကမ္ဘာအတွင်း နိုးထညီညွတ်ကြပြီး အစ္စလာမစ်နိုင်ငံများအကြား ညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ ရနိုင်စေရန် ဆုတောင်းခဲ့ပါတယ်။

ရိုဟန်နီ ကလည်း တူရကီနိုင်ငံ၊ အစိုးရနှင့် ကမ္ဘာပေါ်ရှိ မွတ်စလင်ပြည်သူများ အားလုံးအတွက် အိဒ်နေ့ဆုတောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

Linko
အစ္စတန်ဘူလ်၊ သြဂုတ် - ၁၂
Ref : en.trend.az

( Zawgyi )

တူရကီသမၼတ ေတယစ္ အာဒိုဂန္ က မိမိႏိုင္ငံအေနျဖင့္ အီရန္ႏွင့္ က႑ေပါင္းစုံတြင္ ဆက္ဆံေရးတိုးျမႇင့္သြားရန္ အသင့္ရွိေနေၾကာင္း ေျပာၾကားခဲ့သည္ဟု Press TV သတင္းမွာ ေၾကညာခ်က္ကို ကိုးကား၍ Trend သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ယခုသေဘာထား မွတ္ခ်က္အား ၾသဂုတ္ ၁၁ ရက္က အီရန္သမၼတ ဟက္ဆန္ ႐ိုဟန္နီ ႏွင့္ ဖုန္းမွတစ္ဆင့္ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

အီရန္သမၼတကလည္း တူရကီႏွင့္ မိတ္ေဆြႏွင့္ ညီအစ္ကို ႏိုင္ငံကဲ့သို႔ ဆက္ဆံေရးတိုးျမႇင့္သြားရန္ ျပင္ဆင္ထားတယ္လို႔ ေျပာခဲ့ပါတယ္။အိမ္နီးခ်င္း ႏွစ္ႏိုင္ငံအၾကား ယခင္ထားရွိခဲ့သည့္ သေဘာတူညီခ်က္မ်ားကို အရွိန္ျမႇင့္အေကာင္အထည္ေဖာ္ရန္ ၎က ဆက္လက္ေျပာၾကားပါတယ္။

အီရန္၏ စီးပြားေရးကို ထိခိုက္ေစရန္ အေမရိကန္၏ ဖိအားေပးမႈကို တုံ႔ျပန္သည့္အေနျဖင့္ အဓိကကုန္သြယ္ဖက္ ႏိုင္ငံမ်ားျဖစ္သည့္ အီရန္ႏွင့္ တူရကီတို႔က ႏွစ္ႏိုင္ငံကုန္သြယ္ေရးကို ႏွစ္စဥ္ ေဒၚလာ ၃၀ ဘီလ်ံအထိ  တိုးျမႇင့္ႏိုင္ရန္ စီစဥ္ထားပါတယ္။

၂၀၁၉ ခုႏွစ္၊ မတ္လမွစ၍ ၃ ႏွစ္တာ ကာလအတြင္း တူရကီအေနျဖင့္ အီရန္မွ ကုန္ပစၥည္းႏွင့္ ဝန္ေဆာင္မႈ တန္ဖိုး ေဒၚလာ ၂ ဒသမ ၂ ဘီလ်ံ တင္သြင္းခဲ့ၿပီး ၂၀၁၈ ခုႏွစ္ အလားတူ ကာလထက္ ၅ ဆ ျမင့္တက္ခဲ့ေၾကာင္း အီရန္ ကုန္သည္ႀကီးမ်ားအသင္းရဲ႕ ၾသဂုတ္ ၁၂ ရက္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၾသဂုတ္ ၁၁ ရက္ေန႔ ဖုန္းေခၚဆိုမႈအတြက္ တူရကီသမၼတက ႐ိုဟန္နီ၊ အီရန္အစိုးရ၊ ႏိုင္ငံေတာ္တို႔ကို အိဒ္ေန႔မွာ ဂုဏ္ျပဳခ်ီးမြမ္းခဲ့ရာမွာ မြတ္စလင္ကမာၻအတြင္း ႏိုးထညီၫြတ္ၾကၿပီး အစၥလာမစ္ႏိုင္ငံမ်ားအၾကား ညီၫြတ္မႈႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈတို႔ ရႏိုင္ေစရန္ ဆုေတာင္းခဲ့ပါတယ္။

႐ိုဟန္နီ ကလည္း တူရကီႏိုင္ငံ၊ အစိုးရႏွင့္ ကမာၻေပၚရွိ မြတ္စလင္ျပည္သူမ်ား အားလုံးအတြက္ အိဒ္ေန႔ဆုေတာင္း ျပန္လည္ေျပာဆိုခဲ့ပါတယ္။

Linko
အစၥတန္ဘူလ္၊ ၾသဂုတ္ - ၁၂
Ref : en.trend.az