အီရန်ဘာသာရေးခေါင်းဆောင်ကို အဓိကပစ်မှတ်ထား၍ သမ္မတထရမ့် ပိတ်ဆို့အရေးယူမှုများချမှတ်

  အီရန်ဘာသာရေးခေါင်းဆောင်ကို အဓိကပစ်မှတ်ထား၍ သမ္မတထရမ့် ပိတ်ဆို့အရေးယူမှုများချမှတ်

ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီအားအဓိကပစ်မှတ်ထားသည့် အီရန်နိုင်ငံအပေါ် ဘဏ္ဍာရေးပိတ်ဆို့အရေးယူမှု များ ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်မှာလက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။ ယခုအရေးယူပိတ်ဆို့မှုကြောင့် ခါမေနီနှင့် အီရန်အစိုးရအနေဖြင့် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်များနှင့် ချိတ်ဆက်နိုင်မှာမဟုတ်ဘူးလို့လည်းထရမ့်က ပြောပါတယ်။ ယခုပိတ်ဆို့ အရေးယူ မှုများကြောင့် အီရန်အနေ ဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် ဒေါ်လာဘီလျံရာနှင့်ချီ၍ အသုံးချခွင့် ရရှိတော့မှာမဟုတ်ကြောင်းအမေရိကန်ဏ္ဍာရေး ဝန်ကြီးစတီဗင် အမ်နူချင်ကပြောပါတယ်။

အမေရိကန်တို့၏ မောင်းသူမဲ့ ဒရုန်းတစ်စင်းကိုအီရန်တို့ကပစ်ချခဲ့မှုအတွက် ပြင်းထန် မျှတမှု ရှိသည့် အရေးယူမှုဖြစ်ကြောင်းသမ္မတထရမ့်က ပြောပါတယ်။ အဆိုပါ မောင်းသူမဲ့လေယာဉ်ဟာ နိုင်ငံတကာရေပိုင်နက်မှာပျံသန်းခဲ့ခြင်း ဖြစ်တယ်လို့ အမေရိကန်အစိုးရကပြောထားပေမယ့် အီရန်ကတော့ ၎င်းတို့လေပိုင်နက်ထဲကိုရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့ ပစ်ချခဲ့ရမှုအပေါ် အမေရိကန်အစိုးရကလက်တုံ့ပြန်ရန် စီစဉ်ခဲ့သော်လည်းနောက်ဆုံးအချိန်မှာတိုက်ခိုက်မည့်အစီအစဉ်ကို ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။ အမေရိကန်သမ္မတအနေဖြင့် စစ်ရေးအရလက်တုံ့ပြန်မှုကိုရှောင်ရှားလိုက်ခြင်းသည် ပြဿနာကိုပြေလည် အောင် လုပ်ဆောင်မည့် အခြေအနေဖြင့်ကြောင်း ဝါရှင်တန်အခြေစိုက် Heritage Foundation မှ အကြီးတန်းသုတေသနပညာရှင်တစ်ဦးကဆိုပါတယ်။အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများသည် အဆိုပါနိုင်ငံ၏ စီးပွားရေးအပေါ် ထခိုက်မှုများစွာရှိခဲ့ကြောင်းအမ်နျူချင်ကပြောပါတယ်။

ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် အီရန်တို့အကြား ပြုလုပ်ထားသည့် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူဆွေးနွေးမှုှ မှ ထွက်ခွာပြီးနောက် သမ္မတထရမ့်က ၂၀၁၈ ခုနှစ်၊ မေလတွင် အီရန်အပေါ်  ပိတ်ဆို့ အရေးယူမှုများစတင်လုပ်ဆောင်ခဲ့ပါတယ်။ အီရန်နိုင်ငံအနေဖြင့် အဆိုပါ မောင်းသူမဲ့ ဒရုန်းကိုမတိုက်ခိုက်မီကလည်းဟော့မုဇ်ရေလက်ကြားအတွင်း နော်ဝေနှင့် ဂျပန်သင်္ဘောများကိုတိုက်ခိုက်ခဲ့ကြောင်းအမေရိန်ကန် အရာရှိများကပြောထားပါတယ်။

Linko
Ref:VOA
ဝါရှင်တန်၊ ဇွန် ၂၅

(  Zawgyi  )

 ဘာသာေရးေခါင္းေဆာင္ အယာတိုလာအလီခါေမနီအားအဓိကပစ္မွတ္ထားသည့္ အီရန္ႏိုင္ငံအေပၚ ဘ႑ာေရးပိတ္ဆို႔အေရးယူမႈ မ်ား ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဇြန္ ၂၄ ရက္မွာလက္မွတ္ေရးထိုးအတည္ျပဳလိုက္ပါတယ္။ ယခုအေရးယူပိတ္ဆို႔မႈေၾကာင့္ ခါေမနီႏွင့္ အီရန္အစိုးရအေနျဖင့္ ကမာၻ႔ဘ႑ာေရးေဈးကြက္မ်ားႏွင့္ ခ်ိတ္ဆက္ႏိုင္မွာမဟုတ္ဘူးလို႔လည္းထရမ့္က ေျပာပါတယ္။ ယခုပိတ္ဆို႔ အေရးယူ မႈမ်ားေၾကာင့္ အီရန္အေန ျဖင့္ ၎တို႔ပိုင္ဆိုင္သည့္ ေဒၚလာဘီလ်ံရာႏွင့္ခ်ီ၍ အသုံးခ်ခြင့္ ရရွိေတာ့မွာမဟုတ္ေၾကာင္းအေမရိကန္႑ာေရး ဝန္ႀကီးစတီဗင္ အမ္ႏူခ်င္ကေျပာပါတယ္။

အေမရိကန္တို႔၏ ေမာင္းသူမဲ့ ဒ႐ုန္းတစ္စင္းကိုအီရန္တို႔ကပစ္ခ်ခဲ့မႈအတြက္ ျပင္းထန္ မွ်တမႈ ရွိသည့္ အေရးယူမႈျဖစ္ေၾကာင္းသမၼတထရမ့္က ေျပာပါတယ္။ အဆိုပါ ေမာင္းသူမဲ့ေလယာဥ္ဟာ ႏိုင္ငံတကာေရပိုင္နက္မွာပ်ံသန္းခဲ့ျခင္း ျဖစ္တယ္လို႔ အေမရိကန္အစိုးရကေျပာထားေပမယ့္ အီရန္ကေတာ့ ၎တို႔ေလပိုင္နက္ထဲကိုေရာက္ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ယင္းကဲ့သို႔ ပစ္ခ်ခဲ့ရမႈအေပၚ အေမရိကန္အစိုးရကလက္တုံ႔ျပန္ရန္ စီစဥ္ခဲ့ေသာ္လည္းေနာက္ဆုံးအခ်ိန္မွာတိုက္ခိုက္မည့္အစီအစဥ္ကို ျပန္လည္ဖ်က္သိမ္းခဲ့ပါတယ္။ အေမရိကန္သမၼတအေနျဖင့္ စစ္ေရးအရလက္တုံ႔ျပန္မႈကိုေရွာင္ရွားလိုက္ျခင္းသည္ ျပႆနာကိုေျပလည္ ေအာင္ လုပ္ေဆာင္မည့္ အေျခအေနျဖင့္ေၾကာင္း ဝါရွင္တန္အေျခစိုက္ Heritage Foundation မွ အႀကီးတန္းသုေတသနပညာရွင္တစ္ဦးကဆိုပါတယ္။အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈမ်ားသည္ အဆိုပါႏိုင္ငံ၏ စီးပြားေရးအေပၚ ထခိုက္မႈမ်ားစြာရွိခဲ့ေၾကာင္းအမ္န်ဴခ်င္ကေျပာပါတယ္။

ကမာၻ႔အင္အားႀကီး ၆ ႏိုင္ငံႏွင့္ အီရန္တို႔အၾကား ျပဳလုပ္ထားသည့္ ၂၀၁၅ ခုႏွစ္ န်ဴကလီးယားသေဘာတူေဆြးေႏြးမႈွ မွ ထြက္ခြာၿပီးေနာက္ သမၼတထရမ့္က ၂၀၁၈ ခုႏွစ္၊ ေမလတြင္ အီရန္အေပၚ  ပိတ္ဆို႔ အေရးယူမႈမ်ားစတင္လုပ္ေဆာင္ခဲ့ပါတယ္။ အီရန္ႏိုင္ငံအေနျဖင့္ အဆိုပါ ေမာင္းသူမဲ့ ဒ႐ုန္းကိုမတိုက္ခိုက္မီကလည္းေဟာ့မုဇ္ေရလက္ၾကားအတြင္း ေနာ္ေဝႏွင့္ ဂ်ပန္သေဘၤာမ်ားကိုတိုက္ခိုက္ခဲ့ေၾကာင္းအေမရိန္ကန္ အရာရွိမ်ားကေျပာထားပါတယ္။

Linko
Ref:VOA
ဝါရွင္တန္၊ ဇြန္ ၂၅