အီရန်အဏုမြူသိုလှောင်ရုံတွင် ယူရေနီယမ်များ ထားရှိသည့် လက္ခဏာ IAEA က တွေ့ရှိထား

အီရန်အဏုမြူသိုလှောင်ရုံတွင် ယူရေနီယမ်များ ထားရှိသည့် လက္ခဏာ IAEA က တွေ့ရှိထား

နိုငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ အဏုမြူသိုလှောင်ရုံမှ  ရရှိထားသည့် နမူနာပစ္စည်းများကို လေ့လာမှုအရ အီရန်က ထုတ်ဖော်ရှင်းလင်းခြင်း မပြုလုပ်ရ သေးသည့် ယူရေနီယမ်များကို တွေ့ရှိရကြောင်း အေဂျင်စီ၏ စစ်ဆေးရေး လုပ်ငန်းများတွင် အနီးကပ် ပါဝင်လုပ်ဆောင်ရသူ သံတမန် နှစ်ဦးက ပြောပါတယ်။

IAEA က ယင်း ယူရေနီယမ်များနှင့် ပတ်သက်၍ မူရင်းဇစ်မြစ်ကို စုံစမ်းနေပြီး အီရန်အနေဖြင့် ရှင်းပြရန်လည်း တောင်းဆိုထားသော်လည်း တုံ့ပြန်လုပ်ဆောင်မှု မရှိသေးကြောင်း အဆိုပါ သံတမန်များက ပြောပါတယ်။ အမေရိကန်က အီရန်၏ ရေနံရောင်းချမှုအပေါ် ပိတ်ဆို့အရေး ယူမှုများ ချမှတ်ထားပြီး အီရန်ကလည်း ကမ္ဘာ့ အင်အားကြီး နိုင်ငံများနှင့် ချုပ်ဆိုထားသည့် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူစာချုပ်ကို ချိုးဖောက်ခြင်း ဖြင့် တုံ့ပြန်ခဲ့ပါတယ်။

ယင်းသဘောတူစာချုပ်ကို လွန်ခဲ့သည့်နှစ်က ပြင်းထန်စွာ ကန့်ကွက်ခဲ့သည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက IAEA အနေဖြင့် အဏုမြူပစ္စည်းများ သိုလှောင်ထားသည့် အဆိုပါနေရာကို သွားရောက် စစ်ဆေးရန် တောင်းဆိုခဲ့ပါတယ်။ ယင်းနေရာတွင် အမည်မဖော်ပြနိုင် သည့် ရေဒီယိုသတ္တိကြွပစ္စည်း ၁၅ ကီလိုဂရမ် (၃၃ ပေါင်) ရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီးနောက် ယင်းပစ္စည်းများကို အဆိုပါနေရာမှ ဖယ်ရှား ခဲ့ပါတယ်။

နျူကလီးယား သဘောတူစာချုပ်ကို ကြပ်မတ်ရသည့် IAEA က ယင်းနေရာသို့ လိုအပ်ချက်အရဟုဆိုကာ သွားရောက် စစ်ဆေးခဲ့ပြီးနောက် ယူဆောင်လာသည့် နမူနာပစ္စည်းများကို လေ့လာစမ်းစစ်ရန် သက်ဆိုင်ရာသို့ ဆက်လက် ပေးပို့ခဲ့ပါတယ်။ ယင်းနမူနာပစ္စည်းများတွင် ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်သည်ကို သက်ဆိုင်ရာက တွေ့ရှိထားသည်ဟု အစ္စရေးနှင့် အမေရိကန် မီဒီယာများကလည်း ဖော်ပြခဲ့ကြပါတယ်။

ယင်းယူရေနီယမ်များသည် သန့်စင်မှု မမြင့်ကြောင်းနှင့် လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်သို့ မရောက်သေး ကြောင်းလည်း သံတမန် တစ်ဦးက ပြောပါတယ်။“ရှင်းလင်းချက်တွေ အများအပြားလုပ်ရမှာပါ” ဟု အဆိုပါ သံတမန်က ပြောပါတယ်။ သို့သော် အီရန်အနေဖြင့် IAEA သို့ ရှင်းလင်းမှု တစ်စုံတစ်ရာ မလုပ်ဆောင်သေးသောကြောင့် ယင်းယူရေနီယမ်များ၏ မူရင်းဇစ်မြစ်ကို မသိရှိနိုင်သေးသလို ယင်းပစ္စည်းများသည် လက်ရှိ လုပ်ဆောင်ထားသည့် အကြွင်းအကျန် သို့မဟုတ် ၂၀၁၅ ခုနှစ် သဘောတူညီချက်ကာလမတိုင်မီသော်လည်း၊ ယင်းထက် ရှေးကျသည့် ကာလက ဖြစ်သည်ကိုသော် လည်းကောင်း မသိရှိနိုင်ဟု သံတမန်များက ပြောကြားပါတယ်။

Liko
Ref:Reuters
သည်ဟိဂ်၊စက်တင်ဘာ ၉

(  Zawgyi  )

 ႏိုငံတကာ အဏုျမဴစြမ္းအင္ ေအဂ်င္စီ (IAEA) က အီရန္ႏိုင္ငံ၊ တီဟီရန္ၿမိဳ႕ရွိ အဏုျမဴသိုေလွာင္႐ုံမွ  ရရွိထားသည့္ နမူနာပစၥည္းမ်ားကို ေလ့လာမႈအရ အီရန္က ထုတ္ေဖာ္ရွင္းလင္းျခင္း မျပဳလုပ္ရ ေသးသည့္ ယူေရနီယမ္မ်ားကို ေတြ႕ရွိရေၾကာင္း ေအဂ်င္စီ၏ စစ္ေဆးေရး လုပ္ငန္းမ်ားတြင္ အနီးကပ္ ပါဝင္လုပ္ေဆာင္ရသူ သံတမန္ ႏွစ္ဦးက ေျပာပါတယ္။

IAEA က ယင္း ယူေရနီယမ္မ်ားႏွင့္ ပတ္သက္၍ မူရင္းဇစ္ျမစ္ကို စုံစမ္းေနၿပီး အီရန္အေနျဖင့္ ရွင္းျပရန္လည္း ေတာင္းဆိုထားေသာ္လည္း တုံ႔ျပန္လုပ္ေဆာင္မႈ မရွိေသးေၾကာင္း အဆိုပါ သံတမန္မ်ားက ေျပာပါတယ္။ အေမရိကန္က အီရန္၏ ေရနံေရာင္းခ်မႈအေပၚ ပိတ္ဆို႔အေရး ယူမႈမ်ား ခ်မွတ္ထားၿပီး အီရန္ကလည္း ကမာၻ႔ အင္အားႀကီး ႏိုင္ငံမ်ားႏွင့္ ခ်ဳပ္ဆိုထားသည့္ ၂၀၁၅ ခုႏွစ္ န်ဴကလီးယား သေဘာတူစာခ်ဳပ္ကို ခ်ိဳးေဖာက္ျခင္း ျဖင့္ တုံ႔ျပန္ခဲ့ပါတယ္။

ယင္းသေဘာတူစာခ်ဳပ္ကို လြန္ခဲ့သည့္ႏွစ္က ျပင္းထန္စြာ ကန႔္ကြက္ခဲ့သည့္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ယာဟုက IAEA အေနျဖင့္ အဏုျမဴပစၥည္းမ်ား သိုေလွာင္ထားသည့္ အဆိုပါေနရာကို သြားေရာက္ စစ္ေဆးရန္ ေတာင္းဆိုခဲ့ပါတယ္။ ယင္းေနရာတြင္ အမည္မေဖာ္ျပႏိုင္ သည့္ ေရဒီယိုသတၱိႂကြပစၥည္း ၁၅ ကီလိုဂရမ္ (၃၃ ေပါင္) ရွိေၾကာင္း ၎က ေျပာၾကားခဲ့ၿပီးေနာက္ ယင္းပစၥည္းမ်ားကို အဆိုပါေနရာမွ ဖယ္ရွား ခဲ့ပါတယ္။

န်ဴကလီးယား သေဘာတူစာခ်ဳပ္ကို ၾကပ္မတ္ရသည့္ IAEA က ယင္းေနရာသို႔ လိုအပ္ခ်က္အရဟုဆိုကာ သြားေရာက္ စစ္ေဆးခဲ့ၿပီးေနာက္ ယူေဆာင္လာသည့္ နမူနာပစၥည္းမ်ားကို ေလ့လာစမ္းစစ္ရန္ သက္ဆိုင္ရာသို႔ ဆက္လက္ ေပးပို႔ခဲ့ပါတယ္။ ယင္းနမူနာပစၥည္းမ်ားတြင္ ေရဒီယိုသတၱိႂကြပစၥည္းမ်ား ပါဝင္သည္ကို သက္ဆိုင္ရာက ေတြ႕ရွိထားသည္ဟု အစၥေရးႏွင့္ အေမရိကန္ မီဒီယာမ်ားကလည္း ေဖာ္ျပခဲ့ၾကပါတယ္။

ယင္းယူေရနီယမ္မ်ားသည္ သန႔္စင္မႈ မျမင့္ေၾကာင္းႏွင့္ လက္နက္ထုတ္လုပ္ႏိုင္သည့္ အဆင့္သို႔ မေရာက္ေသး ေၾကာင္းလည္း သံတမန္ တစ္ဦးက ေျပာပါတယ္။“ရွင္းလင္းခ်က္ေတြ အမ်ားအျပားလုပ္ရမွာပါ” ဟု အဆိုပါ သံတမန္က ေျပာပါတယ္။ သို႔ေသာ္ အီရန္အေနျဖင့္ IAEA သို႔ ရွင္းလင္းမႈ တစ္စုံတစ္ရာ မလုပ္ေဆာင္ေသးေသာေၾကာင့္ ယင္းယူေရနီယမ္မ်ား၏ မူရင္းဇစ္ျမစ္ကို မသိရွိႏိုင္ေသးသလို ယင္းပစၥည္းမ်ားသည္ လက္ရွိ လုပ္ေဆာင္ထားသည့္ အႂကြင္းအက်န္ သို႔မဟုတ္ ၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္ကာလမတိုင္မီေသာ္လည္း၊ ယင္းထက္ ေရွးက်သည့္ ကာလက ျဖစ္သည္ကိုေသာ္ လည္းေကာင္း မသိရွိႏိုင္ဟု သံတမန္မ်ားက ေျပာၾကားပါတယ္။

Liko
Ref:Reuters
သည္ဟိဂ္၊စက္တင္ဘာ ၉