အီရန် စစ်ရေယာဉ်များက ဗြိတိန်ရေနံတင်သင်္ဘောကို ထိန်းချုပ်ရန်ကြိုးပမ်းမှု မအောင်မြင်

အီရန် စစ်ရေယာဉ်များက ဗြိတိန်ရေနံတင်သင်္ဘောကို ထိန်းချုပ်ရန်ကြိုးပမ်းမှု မအောင်မြင်

အီရန် အစ္စလာမ္မစ်အစောင့်တပ်ဖွဲ့ (IRGC) မှ လက်နက်တပ်ဆင်ထားသည့် ရေယာဉ်ငါးစင်းက ဗြိတိန် ရေနံတင်သင်္ဘောတစ်စင်းကို ပါရှန်းပင်လယ်ကွေ့တွင် ဇူလိုင် ၁၀ ရက်က ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ဗြိတိန်စစ်သင်္ဘောတစ်စင်း ရောက်ရှိလာခြင်းကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း အမေရိကန် ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက Fox News သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

အဆိုပါ ဗြိတိန်စစ်သင်္ဘောသည် ရေနံတင်သင်္ဘော၏နောက် ၅ မိုင်အကွာတွင် ရှိခဲ့ပြီး အီရန်သင်္ဘောများကို ပစ်ခတ်ဟန့်တားနိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

ထိုအချိန်တွင် အမေရိကန်၏ အသံထက်မြန်သော လေယာဉ်တစ်စင်းသည်လည်း အဆိုပါ သင်္ဘောတို့၏ အထက်ကောင်းကင်တွင်ရှိနေပြီး အီရန်တပ်ဖွဲ့များက ပစ်ခတ်ခြင်းမပြုတော့ဘဲ ဆုတ်ခွာသွားတယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

အမေရိကန် ဗဟိုစစ်နယ် (CENTCOM) ၏ ပြောခွင့်ရ ရေတပ်ဗိုလ်ကြီး ဘေလ်အာဘန် က ၎င်းတို့တပ်များက အဆိုပါဖြစ်ရပ်များကို သတိပြုမိခဲ့ကြောင်း ပြောပါတယ်။

“ရေကြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာ လွတ်လပ်စွာသွားလာခွင့်အပေါ် ခြိမ်းခြောက်မှုတွေကို နိုင်ငံတကာနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ကမ္ဘာ့စီးပွားရေး တိုးတက်မှုဟာ လွတ်လပ်စွာကူးသန်းမှုအပေါ် မူတည်နေတာကြောင့် ဒီဒေသကို ကာကွယ်စောင့်ရှောက်ရာမှာ နိုင်ငံအားလုံး ပါဝင်ဖို့ လိုပါတယ်” လို့ ပြောကြားပါတယ်။

ခြိမ်းခြောက်ပစ်ခတ်ခဲ့သည့် ဗြိတိန် ဖရီးဂိတ်စစ်သင်္ဘောသည် HMS Montrose ဖြစ်ကြောင်း The Sun သတင်းဌာနက ဖော်ပြပါတယ်။အဆိုပါ သင်္ဘောကုန်းပတ်ပေါ်ရှိ 30mm သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခုဖြစ်စဉ်သည် အီရန်နှင့် အနောက်နိုင်ငံတို့အကြား နောက်ဆုံးပြဿနာတစ်ရပ်ဖြစ်ပြီး အီရန်တို့၏ ရေနံတင်သင်္ဘော အကြီးစားတစ်စင်းကို ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုအား ချိုးဖောက်သည်ဟုဆိုကာ ဗြိတိန်တော်ဝင်ရေတပ်က ဖမ်းဆီးခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုအပေါ် အီရန်သမ္မတက ဗြိတိန်အနေဖြင့် နောက်ဆက်တွဲ အကျိုးများကို ရင်ဆိုင်ရမယ်လို့ သတိပေးခဲ့ပါတယ်။

Linko
Ref : Fox News
ဝါရှင်တန်၊ ဇူလိုင် - ၁၁

( Zawgyi )

အီရန္ အစၥလာမၼစ္အေစာင့္တပ္ဖြဲ႕ (IRGC) မွ လက္နက္တပ္ဆင္ထားသည့္ ေရယာဥ္ငါးစင္းက ၿဗိတိန္ ေရနံတင္သေဘၤာတစ္စင္းကို ပါရွန္းပင္လယ္ေကြ႕တြင္ ဇူလိုင္ ၁၀ ရက္က ဖမ္းဆီးရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ၿဗိတိန္စစ္သေဘၤာတစ္စင္း ေရာက္ရွိလာျခင္းေၾကာင့္ ျပန္လည္ဆုတ္ခြာသြားေၾကာင္း အေမရိကန္ ကာကြယ္ေရးဌာနမွ တာဝန္ရွိသူတစ္ဦးက Fox News သတင္းဌာနကို ေျပာၾကားလိုက္ပါတယ္။

အဆိုပါ ၿဗိတိန္စစ္သေဘၤာသည္ ေရနံတင္သေဘၤာ၏ေနာက္ ၅ မိုင္အကြာတြင္ ရွိခဲ့ၿပီး အီရန္သေဘၤာမ်ားကို ပစ္ခတ္ဟန႔္တားႏိုင္ခဲ့ေၾကာင္း ၎က ေျပာပါတယ္။

ထိုအခ်ိန္တြင္ အေမရိကန္၏ အသံထက္ျမန္ေသာ ေလယာဥ္တစ္စင္းသည္လည္း အဆိုပါ သေဘၤာတို႔၏ အထက္ေကာင္းကင္တြင္ရွိေနၿပီး အီရန္တပ္ဖြဲ႕မ်ားက ပစ္ခတ္ျခင္းမျပဳေတာ့ဘဲ ဆုတ္ခြာသြားတယ္လို႔ အဆိုပါ တာဝန္ရွိသူက ေျပာပါတယ္။

အေမရိကန္ ဗဟိုစစ္နယ္ (CENTCOM) ၏ ေျပာခြင့္ရ ေရတပ္ဗိုလ္ႀကီး ေဘလ္အာဘန္ က ၎တို႔တပ္မ်ားက အဆိုပါျဖစ္ရပ္မ်ားကို သတိျပဳမိခဲ့ေၾကာင္း ေျပာပါတယ္။

“ေရေၾကာင္းသြားလာမႈဆိုင္ရာ ႏိုင္ငံတကာ လြတ္လပ္စြာသြားလာခြင့္အေပၚ ၿခိမ္းေျခာက္မႈေတြကို ႏိုင္ငံတကာနည္းလမ္းနဲ႔ ေျဖရွင္းဖို႔ လိုအပ္ပါတယ္။ကမာၻ႔စီးပြားေရး တိုးတက္မႈဟာ လြတ္လပ္စြာကူးသန္းမႈအေပၚ မူတည္ေနတာေၾကာင့္ ဒီေဒသကို ကာကြယ္ေစာင့္ေရွာက္ရာမွာ ႏိုင္ငံအားလုံး ပါဝင္ဖို႔ လိုပါတယ္” လို႔ ေျပာၾကားပါတယ္။

ၿခိမ္းေျခာက္ပစ္ခတ္ခဲ့သည့္ ၿဗိတိန္ ဖရီးဂိတ္စစ္သေဘၤာသည္ HMS Montrose ျဖစ္ေၾကာင္း The Sun သတင္းဌာနက ေဖာ္ျပပါတယ္။အဆိုပါ သေဘၤာကုန္းပတ္ေပၚရွိ 30mm ေသနတ္မ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္း ျဖစ္ပါတယ္။

ယခုျဖစ္စဥ္သည္ အီရန္ႏွင့္ အေနာက္ႏိုင္ငံတို႔အၾကား ေနာက္ဆုံးျပႆနာတစ္ရပ္ျဖစ္ၿပီး အီရန္တို႔၏ ေရနံတင္သေဘၤာ အႀကီးစားတစ္စင္းကို ဥေရာပသမဂၢ၏ ပိတ္ဆို႔အေရးယူမႈအား ခ်ိဳးေဖာက္သည္ဟုဆိုကာ ၿဗိတိန္ေတာ္ဝင္ေရတပ္က ဖမ္းဆီးခဲ့ပါတယ္။

ယင္းတိုက္ခိုက္မႈအေပၚ အီရန္သမၼတက ၿဗိတိန္အေနျဖင့္ ေနာက္ဆက္တြဲ အက်ိဳးမ်ားကို ရင္ဆိုင္ရမယ္လို႔ သတိေပးခဲ့ပါတယ္။

Linko
Ref : Fox News
ဝါရွင္တန္၊ ဇူလိုင္ - ၁၁