အွန်လိုင်းစတား ရုရှားလှပျိုဖြူ၏ အလောင်း ခရီးဆောင်အိတ်ထဲ တွေ့ရှိ

အွန်လိုင်းစတား ရုရှားလှပျိုဖြူ၏ အလောင်း ခရီးဆောင်အိတ်ထဲ တွေ့ရှိ

လူမှုမီဒီယာ Instagram တွင် ထင်ရှားပြီး မကြာသေးမီက ဆေးပညာ ဒေါက်တာဘွဲ့ရရှိခဲ့သူ ရုရှားမိန်းကလေး၏ အလောင်းအား မော်စကိုမြို့ရှိ သူမ၏ အိမ်ခန်းတွင်းမှ ခရီးဆောင်အိတ်အတွင်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အသက် ၂၄ နှစ်အရွယ် အီကာတာရီနာ ကာရာဂလန်နိုဗာ ကို မတွေ့ရှိသည်မှာ ရက်အနည်းငယ်ကြာပြီးနောက် သူမ၏မိသားစုက စိုးရိမ်ပူပန်ခဲ့ပြီး အိမ်ပိုင်ရှင်နှင့်အတူ ဝင်ရောက်ရှာဖွေရာမှ သူမ၏ အိမ်ခန်းရှိ ခရီးဆောင်အိတ်အတွင်း တွေ့ရှိရခြင်းဖြစ်ပါတယ်။

သူမ၏ လည်ပင်းတွင် ပြတ်ရှရာတွေ့ရပြီး သူမအပေါ် မနာလိုမှုတစ်ခုကြောင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း အာဏာပိုင်များက သုံးသပ်ထားပါတယ်။

အကောင့်အမည် katti_loves_life ပေးထားသည့် ကာရာလန်နိုဗာ၏ Instagram ကို ပုံမှန်ဝင်ရောက်ကြည့်ရှုသူ ၉ သောင်းကျော်ရှိပါတယ်။သူမ၏ Instagram အရ ကာရာလန်နိုဗာ သည် မသေဆုံးမီ အရေပြားရောဂါနှင့် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများဌာနတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။
Instagram တွင် သူမနောက်ဆုံးတင်ခဲ့သည့်ပုံမှာ ဂရိနိုင်ငံ၊ ကော်ဖူးကျွန်းမှာ ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားလာခြင်းကို နှစ်သက်တဲ့ ကာရာလန်နိုဗာ က “ခရီးစဉ်တိုင်း၊ လှပတဲ့နေရာတိုင်း၊ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေအားလုံးကို ကျွန်မက အသေးစိတ် မှတ်မိတတ်ပါတယ်” လို့ ရေးသားထားပါတယ်။

Linko
Ref : stuff.co
မော်စကို၊ ဇူလိုင် - ၃၁

( Zawgyi )

လူမႈမီဒီယာ Instagram တြင္ ထင္ရွားၿပီး မၾကာေသးမီက ေဆးပညာ ေဒါက္တာဘြဲ႕ရရွိခဲ့သူ ႐ုရွားမိန္းကေလး၏ အေလာင္းအား ေမာ္စကိုၿမိဳ႕ရွိ သူမ၏ အိမ္ခန္းတြင္းမွ ခရီးေဆာင္အိတ္အတြင္း ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ အီကာတာရီနာ ကာရာဂလန္ႏိုဗာ ကို မေတြ႕ရွိသည္မွာ ရက္အနည္းငယ္ၾကာၿပီးေနာက္ သူမ၏မိသားစုက စိုးရိမ္ပူပန္ခဲ့ၿပီး အိမ္ပိုင္ရွင္ႏွင့္အတူ ဝင္ေရာက္ရွာေဖြရာမွ သူမ၏ အိမ္ခန္းရွိ ခရီးေဆာင္အိတ္အတြင္း ေတြ႕ရွိရျခင္းျဖစ္ပါတယ္။

သူမ၏ လည္ပင္းတြင္ ျပတ္ရွရာေတြ႕ရၿပီး သူမအေပၚ မနာလိုမႈတစ္ခုေၾကာင့္ လုပ္ေဆာင္ျခင္းျဖစ္ႏိုင္ေၾကာင္း အာဏာပိုင္မ်ားက သုံးသပ္ထားပါတယ္။

အေကာင့္အမည္ katti_loves_life ေပးထားသည့္ ကာရာလန္ႏိုဗာ၏ Instagram ကို ပုံမွန္ဝင္ေရာက္ၾကည့္ရႈသူ ၉ ေသာင္းေက်ာ္ရွိပါတယ္။သူမ၏ Instagram အရ ကာရာလန္ႏိုဗာ သည္ မေသဆုံးမီ အေရျပားေရာဂါႏွင့္ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္တတ္သည့္ ေရာဂါမ်ားဌာနတြင္ အလုပ္လုပ္ကိုင္ေနသူတစ္ဦး ျဖစ္ပါတယ္။
Instagram တြင္ သူမေနာက္ဆုံးတင္ခဲ့သည့္ပုံမွာ ဂရိႏိုင္ငံ၊ ေကာ္ဖူးကြၽန္းမွာ ႐ိုက္ယူခဲ့တာ ျဖစ္ပါတယ္။

ခရီးသြားလာျခင္းကို ႏွစ္သက္တဲ့ ကာရာလန္ႏိုဗာ က “ခရီးစဥ္တိုင္း၊ လွပတဲ့ေနရာတိုင္း၊ ရယ္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြအားလုံးကို ကြၽန္မက အေသးစိတ္ မွတ္မိတတ္ပါတယ္” လို႔ ေရးသားထားပါတယ္။

Linko
Ref : stuff.co
ေမာ္စကို၊ ဇူလိုင္ - ၃၁