ဥရောပသမဂ္ဂမှ ခွဲထွက်မည့် ဗြိတိန်ဝန်ကြီးချုပ်၏ အစီအစဉ်အပေါ် အယုံအကြည်မရှိ၍ ဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက်

ဥရောပသမဂ္ဂမှ ခွဲထွက်မည့် ဗြိတိန်ဝန်ကြီးချုပ်၏ အစီအစဉ်အပေါ် အယုံအကြည်မရှိ၍ ဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက်

ဥရောပသမဂ္ဂမှ ခွဲထွက်ရေး သဘောတူညီချက် ရရှိအောင် လုပ်ဆောင်ရာတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန် ဆင်အနေဖြင့် မရိုးသားသည့် လုပ်ရပ်များရှိနေသည်ဟုဆိုကာ အစိုးရအဖွဲ့ဝင် အလုပ်အကိုင်နှင့် ပင်စင်ဝန်ကြီး အမ်ဘာရုဒ်က နုတ်ထွက်စာတင်လိုက်ပါတယ်။

“သဘောတူညီချက်ရရှိအောင် လုပ်ဆောင်ရေးသည် အစိုးရ၏ အဓိက ရည်ရွယ်ချက်ဟု မယုံကြည်နိုင်တော့ပါ” ဟု လည်း ဖော်ပြထားပါတယ်။ခွဲထွက်ရေးအစီအစဉ်များအား ဆန့်ကျင်သည့် အမတ်များကို ကွန်ဆာဗေးတစ်ပါတီမှ ထုတ်ပယ်လိုက်ခြင်းသည် ရိုးသားယဉ်ကျေးမှုနှင့် ဒီမိုကရေစီအပေါ် တိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်းလည်း ရုဒ်က ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

ဗြိတိန်နိုင်ငံအနေဖြင့် လာမည့်လအတွင်း ဥရောပသမဂ္ဂမှ သဘောတူညီချက်မရယူဘဲ လမ်းခွဲရေးကို ဟန့်တားမည့် ဥပဒေအား အတည်ပြုရာတွင် အတိုက်အခံများဘက်မှ ရပ်တည်ခဲ့ခြင်းကြောင်း ဝန်ကြီးချုပ် ဂျွန်ဆင်က ၎င်း၏ ကွန်ဆာဗေးတစ်အုပ်စုမှ အမတ် ၂၁ ဦးကို ပါတီမှ ထုတ်ပယ်လိုက် ပါတယ်။

ထုတ်ပယ်ခံရသူများတွင် ကွန်ဆာဗေးတစ်ပါတီ၏ သက်တမ်းရင့် ပါလီမန်အမတ် ကန်ကာလာခ်နှင့် ဒုတိယကမ္ဘာစစ်ကာလ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ၏ မြေးဖြစ်သူ နီကိုးလတ်စ်ဆိုအာမတ်စ် တို့လည်း ပါဝင်ပါတယ်။

“အမျှော်အမြင် မရှိတဲ့ လုပ်ရပ်တွေက ပါတီရဲ့ သဘောထားကြီးမှုနဲ့ ကွန်ဆာဗေးတစ် အမတ်တွေရဲ့ ပါတီအပေါ် တစ်ဘဝလုံး မြှုပ်နှံထားတာကို ထိခိုက်စေပါတယ်။ နိုင်ငံရေးမှာ မျက်နှာပျက်စေမယ့် ဒီလုပ်ရပ်ကို ကျွန်မအနေနဲ့ မထောက်ခံပါဘူး” လို့ ရုဒ်က ရေးသားထားပါတယ်။ ထို့ပြင် ကွန်ဆာဗေးတစ်အုပ်စုမှ ထွက်ခွာပြီး သီးခြားရပ်တည်သွားမည်ဟုလည်း ၎င်းက ပြောကြားပါတယ်။

ဝန်ကြီးချုပ်၏ ညီငယ်ဖြစ်သူ ဂျိုးဂျွန်ဆင်ကလည်း ခွဲထွက်ရေးပြဿနာကြောင့်  အစိုးရအဖွဲ့မှ နုတ်ထွက်သွား ပြီး မိသားစုအပေါ် သစ္စာရှိမှုနှင့် နိုင်ငံတော်၏ အကျိုးတို့ကြားတွင် အခက်အခဲ များကြုံတွေ့နေရကြောင်း ပြောကြားခဲ့ပါတယ်။ခွဲထွက်ရေးအကြပ် အတည်းကို ဖောက်ထွက်နိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပရေးအတွက် ဂျွန်ဆင်က ကြိုးပမ်းခဲ့သော်လည်း ယင်းအစီအစဉ်ကို အမတ်များက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကန့်ကွက် ခဲ့ပါတယ်။

Linko
Ref: CBS News
လန်ဒန်၊စက်တင်ဘာ ၈

(  Zawgyi  )

 ဥေရာပသမဂၢမွ ခြဲထြက္ေရး သေဘာတူညီခ်က္ ရရွိေအာင္ လုပ္ေဆာင္ရာတြင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ ဆင္အေနျဖင့္ မ႐ိုးသားသည့္ လုပ္ရပ္မ်ားရွိေနသည္ဟုဆိုကာ အစိုးရအဖြဲ႕ဝင္ အလုပ္အကိုင္ႏွင့္ ပင္စင္ဝန္ႀကီး အမ္ဘာ႐ုဒ္က ႏုတ္ထြက္စာတင္လိုက္ပါတယ္။

“သေဘာတူညီခ်က္ရရွိေအာင္ လုပ္ေဆာင္ေရးသည္ အစိုးရ၏ အဓိက ရည္႐ြယ္ခ်က္ဟု မယုံၾကည္ႏိုင္ေတာ့ပါ” ဟု လည္း ေဖာ္ျပထားပါတယ္။ခြဲထြက္ေရးအစီအစဥ္မ်ားအား ဆန႔္က်င္သည့္ အမတ္မ်ားကို ကြန္ဆာေဗးတစ္ပါတီမွ ထုတ္ပယ္လိုက္ျခင္းသည္ ႐ိုးသားယဥ္ေက်းမႈႏွင့္ ဒီမိုကေရစီအေပၚ တိုက္ခိုက္မႈ တစ္ခုျဖစ္ေၾကာင္းလည္း ႐ုဒ္က ျပစ္တင္ရႈတ္ခ် လိုက္ပါတယ္။

ၿဗိတိန္ႏိုင္ငံအေနျဖင့္ လာမည့္လအတြင္း ဥေရာပသမဂၢမွ သေဘာတူညီခ်က္မရယူဘဲ လမ္းခြဲေရးကို ဟန႔္တားမည့္ ဥပေဒအား အတည္ျပဳရာတြင္ အတိုက္အခံမ်ားဘက္မွ ရပ္တည္ခဲ့ျခင္းေၾကာင္း ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္က ၎၏ ကြန္ဆာေဗးတစ္အုပ္စုမွ အမတ္ ၂၁ ဦးကို ပါတီမွ ထုတ္ပယ္လိုက္ ပါတယ္။

ထုတ္ပယ္ခံရသူမ်ားတြင္ ကြန္ဆာေဗးတစ္ပါတီ၏ သက္တမ္းရင့္ ပါလီမန္အမတ္ ကန္ကာလာခ္ႏွင့္ ဒုတိယကမာၻစစ္ကာလ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ဝင္စတန္ခ်ာခ်ီ၏ ေျမးျဖစ္သူ နီကိုးလတ္စ္ဆိုအာမတ္စ္ တို႔လည္း ပါဝင္ပါတယ္။

“အေမွ်ာ္အျမင္ မရွိတဲ့ လုပ္ရပ္ေတြက ပါတီရဲ႕ သေဘာထားႀကီးမႈနဲ႔ ကြန္ဆာေဗးတစ္ အမတ္ေတြရဲ႕ ပါတီအေပၚ တစ္ဘဝလုံး ျမႇဳပ္ႏွံထားတာကို ထိခိုက္ေစပါတယ္။ ႏိုင္ငံေရးမွာ မ်က္ႏွာပ်က္ေစမယ့္ ဒီလုပ္ရပ္ကို ကြၽန္မအေနနဲ႔ မေထာက္ခံပါဘူး” လို႔ ႐ုဒ္က ေရးသားထားပါတယ္။ ထို႔ျပင္ ကြန္ဆာေဗးတစ္အုပ္စုမွ ထြက္ခြာၿပီး သီးျခားရပ္တည္သြားမည္ဟုလည္း ၎က ေျပာၾကားပါတယ္။

ဝန္ႀကီးခ်ဳပ္၏ ညီငယ္ျဖစ္သူ ဂ်ိဳးဂြၽန္ဆင္ကလည္း ခြဲထြက္ေရးျပႆနာေၾကာင့္  အစိုးရအဖြဲ႕မွ ႏုတ္ထြက္သြား ၿပီး မိသားစုအေပၚ သစၥာရွိမႈႏွင့္ ႏိုင္ငံေတာ္၏ အက်ိဳးတို႔ၾကားတြင္ အခက္အခဲ မ်ားႀကဳံေတြ႕ေနရေၾကာင္း ေျပာၾကားခဲ့ပါတယ္။ခြဲထြက္ေရးအၾကပ္ အတည္းကို ေဖာက္ထြက္ႏိုင္ရန္ ၾကားျဖတ္ေ႐ြးေကာက္ပြဲတစ္ရပ္ကို ေအာက္တိုဘာ ၁၅ ရက္တြင္ က်င္းပေရးအတြက္ ဂြၽန္ဆင္က ႀကိဳးပမ္းခဲ့ေသာ္လည္း ယင္းအစီအစဥ္ကို အမတ္မ်ားက ၿပီးခဲ့သည့္ သီတင္းပတ္အတြင္း ကန႔္ကြက္ ခဲ့ပါတယ္။

Linko
Ref: CBS News
လန္ဒန္၊စက္တင္ဘာ ၈