ဩစတြေးလျအရှေ့တောင်ပိုင်းတွင် တောမီးများ ပြင်းထန်စွာ လောင်ကျွမ်း

ဩစတြေးလျအရှေ့တောင်ပိုင်းတွင် တောမီးများ ပြင်းထန်စွာ လောင်ကျွမ်း

ဩစတြေးလျနိုင်ငံအရှေ့တောင်ပိုင်းရှိ နယူးဆောက်ဝေးပြည်နယ်တွင် တောမီးများ ပြင်းထန်စွာ လောင်ကျွမ်းလျှက်ရှိရာ သတိပေးချက်များ ထုတ်ပြန်ထားရပြီး ဒေသတွင်းရှိ ဝက်ဝံငယ်များအတွက် လည်း ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်နေကြောင်း ကာရမ်ဘင်သဘာဝဘေးမဲ့တော့မှ အကြီးတန်း တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးဖြစ်သူ မိုက်ကယ်ပီနေးက ပြောကြားပါတယ်။

ဘေးမဲ့တောအတွင်း ထိတ်လန့်စွာ ပြေးလွှားနေရသည့် ဝက်ဝံငယ်များကို တွေ့ရှိနေရပြီး အချို့ အကောင် များ၏ ခြေထောက်များတွင် ပြင်းထန်စွာ မီးလောင်ခံထားရသည်ကို တွေ့ရှိရကြောင်း ပီနေးက ပြောပါတယ်။

“ကိုအားလက်စ် ဝက်ဝံလေးတွေက သစ်ပင်တွေထိပ်ကို ထွက်ပြေးကြပါတယ်။ ပြန်ဆင်းလာတဲ့ အခါမှာ မီးလောင်ခံရတော့တာပါပဲ” ဟု ၎င်းက ပြောပါတယ်။ အဆိုပါ ဝက်ဝံငယ်များ အတွက် အမှန် တကယ်ကြုံတွေ့နေရသည့် အန္တရာယ်မှာ တောမီးအပြင် ၎င်းတို့ ကျင်လည်ကျက်စားသည့် နေရာများ ဆုံးရှုံးသွားရခြင်းဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေနှင့် ရင်ဆိုင် နေရသည့် ၎င်းတို့အတွက် ပိုမိုဆိုးရွားသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်လာရခြင်းပဲ ဖြစ်ပါတယ်။

“ဆေးရုံမှာ တွေ့နေရတဲ့ ကိုအားလက်စ် ဝက်ဝံအရေအတွက်က နည်းနည်းပဲ ရှိပါသေးတယ်။ ရေပေါ်မှာ ပေါ်နေတဲ့ ရေခဲတုံးအရွယ်အစားနဲ့ ရေအောက်က အရွယ်အစားလို အများကြီးကွာခြားပါတယ်။ မီးဘေးကနေ ထွက်မပြေးနိုင်တဲ့ ဝက်ဝံလေးတွေ အများကြီး ရှိနေပါတယ်” ဟု ပီနေးက ပြောပါတယ်။“လွတ်လာတဲ့ ဝက်ဝံလေးတွေအတွက်လည်း အဲဒီနေရာကို ပြန်သွားဖို့ အစားအစာမရှိတော့ပါဘူး”နယူးဆောက်ဝေးစ်ပြည်နယ်တွင် လောင်ကျွမ်းလျှက်ရှိသည့် အဆိုပါတောမီးကြောင့်  စာသင်ကျောင်း ၉ ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

ပြည်နယ်ပညာရေးဝန်ကြိး ဆာရာမစ်ချယ်ကတော့ ဒေသတွင်းရှိ ကျောင်းသားမိဘများနှင့်ကျောင်းသား များကို တတ်နိုင်သမျှ အကူအညီပေးရန် လုပ်ဆောင်နေကြောင်း ပြောပါတယ်။“အခြေအနေက ပိုမို ဆိုးရွားလာပြီး နောက်ထပ် မီးလောင်ကျွမ်းတဲ့ နေရာတွေလည်း ရှိလာတာကြောင့် မီးသတ်ဌာနရဲ့ ကြေညာချက်ကို နားထောင်နေပြီး ကျောင်း ၉ ကျောင်းက ပစ္စည်းတွေကို သယ်ထုတ်နေပါတယ်” ဟု သူမက ပြောပါတယ်။

နောက်ထပ်နေရာ ၄၀ တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားသဖြင့် စုစုပေါင်း ၇၁ နေရာရှိသွားပြီဖြစ်ကြောင်း နယ်မြေမီးသတ်ဌာနအကြီးအကဲ ရှာနေးဖစ်ဆီမွန်က ပြောပါတယ်။

Linko
Ref:CNN
မဲလ်ဘုန်း၊နိုဝင်ဘာ ၁၂

(  Zawgyi  )

 ဩစေၾတးလ်ႏိုင္ငံအေရွ႕ေတာင္ပိုင္းရွိ နယူးေဆာက္ေဝးျပည္နယ္တြင္ ေတာမီးမ်ား ျပင္းထန္စြာ ေလာင္ကြၽမ္းလွ်က္ရွိရာ သတိေပးခ်က္မ်ား ထုတ္ျပန္ထားရၿပီး ေဒသတြင္းရွိ ဝက္ဝံငယ္မ်ားအတြက္ လည္း ႀကီးမားသည့္ ျပႆနာတစ္ရပ္ျဖစ္ေနေၾကာင္း ကာရမ္ဘင္သဘာဝေဘးမဲ့ေတာ့မွ အႀကီးတန္း တိရစာၦန္ေဆးကု ဆရာဝန္တစ္ဦးျဖစ္သူ မိုက္ကယ္ပီေနးက ေျပာၾကားပါတယ္။

ေဘးမဲ့ေတာအတြင္း ထိတ္လန႔္စြာ ေျပးလႊားေနရသည့္ ဝက္ဝံငယ္မ်ားကို ေတြ႕ရွိေနရၿပီး အခ်ိဳ႕ အေကာင္ မ်ား၏ ေျခေထာက္မ်ားတြင္ ျပင္းထန္စြာ မီးေလာင္ခံထားရသည္ကို ေတြ႕ရွိရေၾကာင္း ပီေနးက ေျပာပါတယ္။

“ကိုအားလက္စ္ ဝက္ဝံေလးေတြက သစ္ပင္ေတြထိပ္ကို ထြက္ေျပးၾကပါတယ္။ ျပန္ဆင္းလာတဲ့ အခါမွာ မီးေလာင္ခံရေတာ့တာပါပဲ” ဟု ၎က ေျပာပါတယ္။ အဆိုပါ ဝက္ဝံငယ္မ်ား အတြက္ အမွန္ တကယ္ႀကဳံေတြ႕ေနရသည့္ အႏၲရာယ္မွာ ေတာမီးအျပင္ ၎တို႔ က်င္လည္က်က္စားသည့္ ေနရာမ်ား ဆုံးရႈံးသြားရျခင္းျဖစ္ၿပီး မ်ိဳးသုဥ္းေပ်ာက္ကြယ္မည့္ အေျခအေနႏွင့္ ရင္ဆိုင္ ေနရသည့္ ၎တို႔အတြက္ ပိုမိုဆိုး႐ြားသည့္ အေျခအေနတစ္ရပ္ကို ရင္ဆိုင္လာရျခင္းပဲ ျဖစ္ပါတယ္။

“ေဆး႐ုံမွာ ေတြ႕ေနရတဲ့ ကိုအားလက္စ္ ဝက္ဝံအေရအတြက္က နည္းနည္းပဲ ရွိပါေသးတယ္။ ေရေပၚမွာ ေပၚေနတဲ့ ေရခဲတုံးအ႐ြယ္အစားနဲ႔ ေရေအာက္က အ႐ြယ္အစားလို အမ်ားႀကီးကြာျခားပါတယ္။ မီးေဘးကေန ထြက္မေျပးႏိုင္တဲ့ ဝက္ဝံေလးေတြ အမ်ားႀကီး ရွိေနပါတယ္” ဟု ပီေနးက ေျပာပါတယ္။“လြတ္လာတဲ့ ဝက္ဝံေလးေတြအတြက္လည္း အဲဒီေနရာကို ျပန္သြားဖို႔ အစားအစာမရွိေတာ့ပါဘူး”နယူးေဆာက္ေဝးစ္ျပည္နယ္တြင္ ေလာင္ကြၽမ္းလွ်က္ရွိသည့္ အဆိုပါေတာမီးေၾကာင့္  စာသင္ေက်ာင္း ၉ ေက်ာင္းကိုလည္း ပိတ္ထားရပါတယ္။

ျပည္နယ္ပညာေရးဝန္ႀကိး ဆာရာမစ္ခ်ယ္ကေတာ့ ေဒသတြင္းရွိ ေက်ာင္းသားမိဘမ်ားႏွင့္ေက်ာင္းသား မ်ားကို တတ္ႏိုင္သမွ် အကူအညီေပးရန္ လုပ္ေဆာင္ေနေၾကာင္း ေျပာပါတယ္။“အေျခအေနက ပိုမို ဆိုး႐ြားလာၿပီး ေနာက္ထပ္ မီးေလာင္ကြၽမ္းတဲ့ ေနရာေတြလည္း ရွိလာတာေၾကာင့္ မီးသတ္ဌာနရဲ႕ ေၾကညာခ်က္ကို နားေထာင္ေနၿပီး ေက်ာင္း ၉ ေက်ာင္းက ပစၥည္းေတြကို သယ္ထုတ္ေနပါတယ္” ဟု သူမက ေျပာပါတယ္။

ေနာက္ထပ္ေနရာ ၄၀ တြင္ မီးေလာင္ကြၽမ္းမႈမ်ားျဖစ္ပြားသျဖင့္ စုစုေပါင္း ၇၁ ေနရာရွိသြားၿပီျဖစ္ေၾကာင္း နယ္ေျမမီးသတ္ဌာနအႀကီးအကဲ ရွာေနးဖစ္ဆီမြန္က ေျပာပါတယ္။

Linko
Ref:CNN
မဲလ္ဘုန္း၊ႏိုဝင္ဘာ ၁၂