၂၀၁၂ ခုနှစ်က ဒေလီဘတ်စ်ကားပေါ်တွင် အုပ်စုလိုက် ဗလက္ကာယပြုကျင့်သူများကို အိန္ဒိယတွင် သေဒဏ်စီရင်

၂၀၁၂ ခုနှစ်က ဒေလီဘတ်စ်ကားပေါ်တွင် အုပ်စုလိုက် ဗလက္ကာယပြုကျင့်သူများကို အိန္ဒိယတွင် သေဒဏ်စီရင်

ဒေလီမြို့ ဘတ်စကားတစ်စီးပေါ်တွင် ၂၀၁၂ ခုနှစ်အတွင်းက အမျိုးသမီးတစ်ဦးအား အုပ်စုလိုက် ဗလက္ကာယပြုကျင့်ပြီး သတ်ပစ်ခဲ့သည့် လူ ၄ ဦးကို အိန္ဒိယတွင် သေဒဏ်စီရင်လိုက်ပါတယ်။၂၀၁၅ ခုနှစ်နောက်ပိုင်း အိန္ဒိယတွင် ပထမဆုံးဖြစ်သည့် ယခုသေဒဏ်စီရင်မှုကို ဒေလီမြို့ရှိ တီဟာအကျဉ်းထောင် တွင် အရုဏ်မတက်မီ သေဒဏ်စီရင်ခံခြင်း ဖြစ်ကြောင်း ထောင်အကြီးအကဲ ဆန်ဒိဂိုးလ်က ပြောပါတယ်။“ ၄ဦးစလုံးကို နံနက် ၅ နာရီခွဲမှာ ကြိုးပေး စီရင်လိုက်ပါတယ်” ဟု ဂိုးလ်က ပြောပါတယ်။

အဆိုပါ အမှုဖြစ်ပွားခဲ့စဉ်က အိန္ဒိယတွင် ရက်သတ္တပတ်အတော်ကြာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ နိုင်ငံတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် အမျိုးသမီးများ၏ အန္တရာယ်ကို မီးမောင်းထိုးပြခဲ့ပါတယ်။ အိန္ဒိယတွင် လူသိရှင်ကြားဖြစ်သည့် ဗလက္ကာယ ပြုကျင့်ခံရမှုပေါင်း နေ့စဉ် ၉၅ မှုရှိပါတယ်။

မတ် ၂၀ ရက်နံနက်က ကြိုးပေး သေဒဏ်စီရင်မှုအား ထောင်အပြင်ဖက်တွင် ပြည်သူအချို့က အောင်ပွဲခံခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။“ကျွန်မ သမီးလေးအတွက် ၇ နှစ်အကြာမှာ မျှတတဲ့ တရားစီရင်မှု ရတာကို ကျေနပ်ပါတယ်”  ဟု ကျူးလွန်ခံရမှု ကြောင့် သေဆုံးခဲ့သူ မိန်းကလေး၏ မိခင် အာရှာဒေဝီက သတင်းထောက်များကို ထောင်အပြင်ဖက်တွင် ပြောခဲ့ပါတယ်။

“ဒီနေ့မှာ အိန္ဒိယအမျိုးသမီးတွေအားလုံး တရားမျှတမှုကို ရရှိခဲ့ပါပြီ” ဟု ဒေလီဒေသခံ မီနာရှာမာက နိုင်ငံအလံကို ဝှေ့ယမ်းပြီး ပြောပါတယ်။“မနက် ၃ နာရီကလည်းက ဒီကို ရောက်နေတာပါ။ ဒီနေ့ဟာ ကျွန်မတို့အားလုံးအတွက် ကြီးမြတ်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်က အသက် ၂၃ နှစ်အရွယ် ဆင်းနှင့် သူမ၏ အမျိုးသား မိတ်ဆွေတို့သည် ရုပ်ရှင်မှ နေအိမ်သို့ ဘတ်စကားဖြင့် ပြန်လာစဉ် လူကြီး ၅ ဦးနှင့် အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့က ဆင်း၏ အဖော်ကို  သတိမေ့အောင် ရိုက်နှက်ခဲ့ကာ ဆင်းအား ကားနောက်ပိုင်းတွင် ဗလက္ကာယ ဝိုင်းဝန်း ပြုကျင့်ခဲ့ပြီး သံချောင်းနှင့် ညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်။ထို့နောက် ၎င်းတို့ ၂ ဦးကို လမ်းပေါ်သို့ ပစ်ချခဲ့ပြီး ဆင်းသည် ၁၃ ရက်အကြာတွင် စင်ကာပူဆေးရုံ၌ ပြင်းထန်သည့် အတွင်းပိုင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ပါတယ်။

Linko
Ref: AFP
ဒေလီ၊ မတ် ၂၀

(  Zawgyi  )

 ေဒလီၿမိဳ႕ ဘတ္စကားတစ္စီးေပၚတြင္ ၂၀၁၂ ခုႏွစ္အတြင္းက အမ်ိဳးသမီးတစ္ဦးအား အုပ္စုလိုက္ ဗလကၠာယျပဳက်င့္ၿပီး သတ္ပစ္ခဲ့သည့္ လူ ၄ ဦးကို အိႏၵိယတြင္ ေသဒဏ္စီရင္လိုက္ပါတယ္။၂၀၁၅ ခုႏွစ္ေနာက္ပိုင္း အိႏၵိယတြင္ ပထမဆုံးျဖစ္သည့္ ယခုေသဒဏ္စီရင္မႈကို ေဒလီၿမိဳ႕ရွိ တီဟာအက်ဥ္းေထာင္ တြင္ အ႐ုဏ္မတက္မီ ေသဒဏ္စီရင္ခံျခင္း ျဖစ္ေၾကာင္း ေထာင္အႀကီးအကဲ ဆန္ဒိဂိုးလ္က ေျပာပါတယ္။“ ၄ဦးစလုံးကို နံနက္ ၅ နာရီခြဲမွာ ႀကိဳးေပး စီရင္လိုက္ပါတယ္” ဟု ဂိုးလ္က ေျပာပါတယ္။

အဆိုပါ အမႈျဖစ္ပြားခဲ့စဥ္က အိႏၵိယတြင္ ရက္သတၱပတ္အေတာ္ၾကာ ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ကာ ႏိုင္ငံတြင္း လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ားႏွင့္ အမ်ိဳးသမီးမ်ား၏ အႏၲရာယ္ကို မီးေမာင္းထိုးျပခဲ့ပါတယ္။ အိႏၵိယတြင္ လူသိရွင္ၾကားျဖစ္သည့္ ဗလကၠာယ ျပဳက်င့္ခံရမႈေပါင္း ေန႔စဥ္ ၉၅ မႈရွိပါတယ္။

မတ္ ၂၀ ရက္နံနက္က ႀကိဳးေပး ေသဒဏ္စီရင္မႈအား ေထာင္အျပင္ဖက္တြင္ ျပည္သူအခ်ိဳ႕က ေအာင္ပြဲခံျခင္းမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။“ကြၽန္မ သမီးေလးအတြက္ ၇ ႏွစ္အၾကာမွာ မွ်တတဲ့ တရားစီရင္မႈ ရတာကို ေက်နပ္ပါတယ္”  ဟု က်ဴးလြန္ခံရမႈ ေၾကာင့္ ေသဆုံးခဲ့သူ မိန္းကေလး၏ မိခင္ အာရွာေဒဝီက သတင္းေထာက္မ်ားကို ေထာင္အျပင္ဖက္တြင္ ေျပာခဲ့ပါတယ္။

“ဒီေန႔မွာ အိႏၵိယအမ်ိဳးသမီးေတြအားလုံး တရားမွ်တမႈကို ရရွိခဲ့ပါၿပီ” ဟု ေဒလီေဒသခံ မီနာရွာမာက ႏိုင္ငံအလံကို ေဝွ႔ယမ္းၿပီး ေျပာပါတယ္။“မနက္ ၃ နာရီကလည္းက ဒီကို ေရာက္ေနတာပါ။ ဒီေန႔ဟာ ကြၽန္မတို႔အားလုံးအတြက္ ႀကီးျမတ္တဲ့ ေန႔တစ္ေန႔လည္း ျဖစ္ပါတယ္” ဟု သူမက ေျပာသည္။

၂၀၁၂ ခုႏွစ္၊ ဒီဇင္ဘာ ၁၆ ရက္က အသက္ ၂၃ ႏွစ္အ႐ြယ္ ဆင္းႏွင့္ သူမ၏ အမ်ိဳးသား မိတ္ေဆြတို႔သည္ ႐ုပ္ရွင္မွ ေနအိမ္သို႔ ဘတ္စကားျဖင့္ ျပန္လာစဥ္ လူႀကီး ၅ ဦးႏွင့္ အသက္ ၁၇ ႏွစ္အ႐ြယ္ ေယာက္်ားေလးတစ္ဦးတို႔က ဆင္း၏ အေဖာ္ကို  သတိေမ့ေအာင္ ႐ိုက္ႏွက္ခဲ့ကာ ဆင္းအား ကားေနာက္ပိုင္းတြင္ ဗလကၠာယ ဝိုင္းဝန္း ျပဳက်င့္ခဲ့ၿပီး သံေခ်ာင္းႏွင့္ ညႇဥ္းပန္းႏွိပ္စက္ခဲ့ၾကပါတယ္။ထို႔ေနာက္ ၎တို႔ ၂ ဦးကို လမ္းေပၚသို႔ ပစ္ခ်ခဲ့ၿပီး ဆင္းသည္ ၁၃ ရက္အၾကာတြင္ စင္ကာပူေဆး႐ုံ၌ ျပင္းထန္သည့္ အတြင္းပိုင္း ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ပါတယ္။

Linko
Ref: AFP
ေဒလီ၊ မတ္ ၂၀