၂၀၁၈ ခုနှစ်အတွင်း စစ်ပွဲကြောင့် သေဆုံးဒဏ်ရာရသူ ကလေးဦးရေ ၁၂,၀၀၀ ကျော်ရှိ

၂၀၁၈ ခုနှစ်အတွင်း စစ်ပွဲကြောင့် သေဆုံးဒဏ်ရာရသူ ကလေးဦးရေ ၁၂,၀၀၀ ကျော်ရှိ

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စစ်ပွဲတွေကြောင့် သေဆုံးဒဏ်ရာရတဲ့ ကလေးဦးရေဟာ ၁၂,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

စစ်ပွဲတွေအတွင်း ကလေးစစ်သား စုဆောင်းခံရမှု၊ လိင်အကြမ်းဖက်မှုနဲ့ ပြန်ပေးဆွဲမှု၊ စာသင်ကျောင်းနဲ့ ဆေးရုံတိုက်ခိုက်ခံရမှု စတဲ့ ဥပဒေမဲ့ ချိုးဖောက်မှုပေါင်း ၂၄,၀၀၀ ကျော်မှာ ကလေး ၁၂,၀၀၀ကျော် အသက်ဆုံးရှုံး၊ ဒဏ်ရာရခဲ့တာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီထဲမှာမှ အာဖဂန်နစ္စတန်၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၊ ဆီးရီးယားနဲ့ ယီမင်တို့မှာ သေဆုံးဒဏ်ရာရတာ အများဆုံးဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ် ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၈ ခုနှစ်မှာ သက်ဆိုင်ရာအစိုးရနဲ့ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေရဲ့ချိုးဖောက်မှုတွေ စိုးရိမ်ဖွယ်မြင့်တက်လာခဲ့ပြီး၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ချိုးဖောက်မှုနှုန်းကတော့ အရင်အတိုင်းပဲ ရှိနေတယ်လို့ ဆိုပါတယ်။

ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့၊ ယီမင်အစိုးရနဲ့ ညွန့်ပေါင်းတပ်ဖွဲ့ အပါအဝင် ပဋိပက္ခနဲ့ စစ်ပွဲများအတွင်း ကလေးသူငယ် အကြမ်းဖက်မှု ကျူးလွန်တဲ့ နိုင်ငံတွေကိုလည်း ပြီးခဲ့တဲ့နှစ်ကအတိုင်း မစ္စတာဂူတာရပ်စ် ရဲ့ နာမည်ပျက် စောင့်ဆိုင်းစာရင်းထဲ အပြောင်းအလဲမရှိ ဆက်ထည့်ထားပါတယ်။

‘၂၀၁၅ ကတည်းက ယီမင်နိုင်ငံမှာ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က ကလေးတွေအပေါ် ချိုးဖောက်မှု ကျူးလွန်နေပြီး၊ ကျူးလွန်မှုနှုန်း မြင့်တက်လာမှုအတွက် အထောက်အထားမရှိ ဖြစ်နေတယ်’ လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေး ဒါရိုက်တာ Louis Charbonneau က ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အာဖဂန်နစ္စတန်မှာ ကလေးဦးရေ ၃၀၆၂ ဦး၊ ဆီးရီးယားမှာ ၁၈၅၄ ဦးနဲ့ ယီမင်မှာ ၁၆၈၉ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခတွေမှာ ပါလက်စတိုင်းဘက်က ကလေး ၅၉ ဦး သေဆုံးခဲ့ပြီး၊ ၂၇၅၆ ဦး ဒဏ်ရာရခဲ့ပါတယ်။အစ္စရေးဘက်ကတော့ ကလေး ၆ ဦးသာ ဒဏ်ရာရခဲ့ပါတယ်။

ကလေးစစ်သား စုဆောင်းခံရမှုမှာတော့ ဆိုမာလီယာနိုင်ငံမှာ ကလေး ၂၃၀၀ စုဆောင်းခံရပြီး၊ ကလေးသူငယ် လိင်အကြမ်းဖက်မှု ၃၃၁ မှု ရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။

စစ်ပွဲနဲ့ ပဋိပက္ခတွေအတွင်း ကလေးတွေအပေါ် ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လိင်အကြမ်းဖက်မှု စတဲ့ ချိုးဖောက်မှုတွေကြောင့် သေဆုံးဒဏ်ရာရတဲ့ ကလေးဦးရေ စံချိန်တင်မြင့်တက်လာကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားတာ ဖြစ်ပါတယ်။

ရည်မွန်
Ref : WAtoday
နယူးယောက်၊ ဇူလိုင် - ၃၀

( Zawgyi )

၂၀၁၈ ခုႏွစ္အတြင္း ကမာၻတစ္ဝန္း စစ္ပြဲေတြေၾကာင့္ ေသဆုံးဒဏ္ရာရတဲ့ ကေလးဦးေရဟာ ၁၂,၀၀၀ ေက်ာ္အထိ စံခ်ိန္တင္ျမင့္တက္လာခဲ့တယ္လို႔ ကုလသမဂၢက ထုတ္ျပန္ပါတယ္။

စစ္ပြဲေတြအတြင္း ကေလးစစ္သား စုေဆာင္းခံရမႈ၊ လိင္အၾကမ္းဖက္မႈနဲ႔ ျပန္ေပးဆြဲမႈ၊ စာသင္ေက်ာင္းနဲ႔ ေဆး႐ုံတိုက္ခိုက္ခံရမႈ စတဲ့ ဥပေဒမဲ့ ခ်ိဳးေဖာက္မႈေပါင္း ၂၄,၀၀၀ ေက်ာ္မွာ ကေလး ၁၂,၀၀၀ေက်ာ္ အသက္ဆုံးရႈံး၊ ဒဏ္ရာရခဲ့တာလို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အဲဒီထဲမွာမွ အာဖဂန္နစၥတန္၊ အစၥေရး-ပါလက္စတိုင္း ပဋိပကၡ၊ ဆီးရီးယားနဲ႔ ယီမင္တို႔မွာ ေသဆုံးဒဏ္ရာရတာ အမ်ားဆုံးျဖစ္ပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရပ္စ္ ထုတ္ျပန္တဲ့ အစီရင္ခံစာအရ ၂၀၁၇ ခုႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ ၂၀၁၈ ခုႏွစ္မွာ သက္ဆိုင္ရာအစိုးရနဲ႔ ႏိုင္ငံတကာတပ္ဖြဲ႕ဝင္ေတြရဲ႕ခ်ိဳးေဖာက္မႈေတြ စိုးရိမ္ဖြယ္ျမင့္တက္လာခဲ့ၿပီး၊ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ခ်ိဳးေဖာက္မႈႏႈန္းကေတာ့ အရင္အတိုင္းပဲ ရွိေနတယ္လို႔ ဆိုပါတယ္။

ေဆာ္ဒီၫြန႔္ေပါင္းတပ္ဖြဲ႕၊ ယီမင္အစိုးရနဲ႔ ၫြန႔္ေပါင္းတပ္ဖြဲ႕ အပါအဝင္ ပဋိပကၡနဲ႔ စစ္ပြဲမ်ားအတြင္း ကေလးသူငယ္ အၾကမ္းဖက္မႈ က်ဴးလြန္တဲ့ ႏိုင္ငံေတြကိုလည္း ၿပီးခဲ့တဲ့ႏွစ္ကအတိုင္း မစၥတာဂူတာရပ္စ္ ရဲ႕ နာမည္ပ်က္ ေစာင့္ဆိုင္းစာရင္းထဲ အေျပာင္းအလဲမရွိ ဆက္ထည့္ထားပါတယ္။

‘၂၀၁၅ ကတည္းက ယီမင္ႏိုင္ငံမွာ ေဆာ္ဒီ ဦးေဆာင္တဲ့ ၫြန႔္ေပါင္းတပ္ဖြဲ႕က ကေလးေတြအေပၚ ခ်ိဳးေဖာက္မႈ က်ဴးလြန္ေနၿပီး၊ က်ဴးလြန္မႈႏႈန္း ျမင့္တက္လာမႈအတြက္ အေထာက္အထားမရွိ ျဖစ္ေနတယ္’ လို႔ ကုလသမဂၢ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး ဒါ႐ိုက္တာ Louis Charbonneau က ေျပာပါတယ္။

၂၀၁၈ ခုႏွစ္အတြင္း အာဖဂန္နစၥတန္မွာ ကေလးဦးေရ ၃၀၆၂ ဦး၊ ဆီးရီးယားမွာ ၁၈၅၄ ဦးနဲ႔ ယီမင္မွာ ၁၆၈၉ ဦး ေသဆုံး၊ ဒဏ္ရာရခဲ့ပါတယ္။

အစၥေရးနဲ႔ ပါလက္စတိုင္း ပဋိပကၡေတြမွာ ပါလက္စတိုင္းဘက္က ကေလး ၅၉ ဦး ေသဆုံးခဲ့ၿပီး၊ ၂၇၅၆ ဦး ဒဏ္ရာရခဲ့ပါတယ္။အစၥေရးဘက္ကေတာ့ ကေလး ၆ ဦးသာ ဒဏ္ရာရခဲ့ပါတယ္။

ကေလးစစ္သား စုေဆာင္းခံရမႈမွာေတာ့ ဆိုမာလီယာႏိုင္ငံမွာ ကေလး ၂၃၀၀ စုေဆာင္းခံရၿပီး၊ ကေလးသူငယ္ လိင္အၾကမ္းဖက္မႈ ၃၃၁ မႈ ရွိခဲ့ၿပီး အမ်ားဆုံးျဖစ္ခဲ့ပါတယ္။

စစ္ပြဲနဲ႔ ပဋိပကၡေတြအတြင္း ကေလးေတြအေပၚ ညႇင္းပန္းႏွိပ္စက္မႈ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈနဲ႔ လိင္အၾကမ္းဖက္မႈ စတဲ့ ခ်ိဳးေဖာက္မႈေတြေၾကာင့္ ေသဆုံးဒဏ္ရာရတဲ့ ကေလးဦးေရ စံခ်ိန္တင္ျမင့္တက္လာေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ အစီရင္ခံစာမွာ အေသးစိတ္ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ရည္မြန္
Ref : WAtoday
နယူးေယာက္၊ ဇူလိုင္ - ၃၀