၂၄ နာရီအတွင်း အမေရိကန်တွင် ဒုတိယမြောက် ပစ်ခတ်မှုဖြစ်ပွား၊အိုဟိုင်းအိုတွင် ၉ ဦးသေဆုံး

၂၄ နာရီအတွင်း အမေရိကန်တွင် ဒုတိယမြောက် ပစ်ခတ်မှုဖြစ်ပွား၊အိုဟိုင်းအိုတွင် ၉ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စုအိုဟိုင်းအိုးပြည်နယ်မှာ ယနေ့ ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ် ခံရမှုမှာ လူကိုးဦးသေဆုံခဲ့ပြီး ဒါဟာ အနည်းဆုံး ၂၄ နာရီအတွင်း အမေရိကန်ပြည်ထောင်စုရဲ့  ဒုတိယမြောက်  လူအ မြောက်အမြားသေကြေရတဲ့ ပစ်ခတ်မှု ဖြစ်ပြီး  သံသယရှိသူ သေနတ်သမား ကတော့ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သြဂုတ် ၃ ရက်နံနက်ပိုင်းမှာ တက္ကဆတ်ပြည်နယ်၊ အယ်လ်ပါဆိုမြို့ရှိ လူစည်ကားသော Walmart စတိုးဆိုင် တစ်ဆိုင်မှာ မောင်းပြန်ရိုင်ဖယ် သေနတ်သမားတစ်ဦးရဲ့ လက်ချက်နဲ့  လူ ၂၀ ဦး သေဆုံးခဲ့တဲ့အတွက် ယခုဒေတန်ပစ်ခ တ်မှုဖြစ်စဉ်ဟာ ၂၄ နာရီအတွင်း ဒုတိယမြောက် လူသေဆုံးမှု အမျာဆုံးဖြစ်ရပ်ဖြစ်လာခဲ့ပါတယ်။

ဒေတန်ရဲတပ်ဖွဲ့က တွစ်တာမှာ ဖော်ပြခဲ့တာတော့ သေနတ်သမားက တနင်္ဂနွေနေ့ မနက်တစ်နာရီ အချိန်မှာ သမိုင်းဝင်ကျော်ကြားတဲ့ ညပိုင်းအချိန်ဖြုန်းရာနေရာမှာပစ်ခတ်ခဲ့တာ ဖြစ်ပြီး တာဝန်ရှိသူတွေ အဆိုအရ ပစ်ခတ်မှုက လျှင်မြန်ခဲ့တယ်လို့ ဆိုပါတယ်။သံသယရှိသူ သေနတ်သမားကတော့ ပစ်ခတ် မှုအတွင်း ရဲအရာရှိရဲ့ တုံ့ပြန်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဒုဗိုလ်မှူးကြီး မက်တ်ကော့ပါးက ဆိုပါတယ်။

ဒေတန်မြို့တော်ဝန် နန်ဝေလီကတော့ ပစ်ခတ်မှုကြောင့် ၂၆ ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။ဒါပေမယ့် ထိခိုက်သေဆုံးရတဲ့ သူတွေရဲ့ အချက်အလက် အသေးစိတ် ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

မီယာမီတောင်ကြားဆေးရုံ ပြောရေးဆိုခွင့်ရှိသူ တီယာလစ်တဲလ်ကတော့ ဆေးရုံအနေနဲ့ ပစ်ခတ်ခံ ရသူ ၁၆ ဦးကို လက်ခံကုသပေးနေတယ် ဆိုပါတယ်။ဒါပေမယ့်၎င်းတို့ရဲ့ အခြေအနေကိုတော့  အတည်ပြုပြောခဲ့ခြင်းမရှိပါဘူး။

ကီတာရင်း ကျန်းမာရေးကွန်ရက်ပြောရေးဆိုခွင့်ရှိသူ အဲလ်လိဇဘက်လောင်းကပြောခဲ့ရာမှာ ပစ်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာရသူအမြောက်အမြားကို ကုသရေးဆေးရုံကားတွေနဲ့ ပို့ဆောင်ပေးခဲ့ ရတယ် ဆိုပြီး ဘယ်လောက်ပို့ခဲ့ရတယ်ဆိုတဲ့ အသေးစိတ်အရေအတွက်ကိုမပြောခဲ့ပါဘူး။

ဒေတန်မြိုမှာ အိုဟိုင်းအိုပြည်နယ် အနောက်ပိုင်းရှိမြို့တစ်မြို့ ဖြစ်ပြီး အရှေ့မြောက်ဘက် ၇၅ မိုင်အကွာမှာ စင်စင်နတီမြို့ရှိပြီး အနောက်ဘက် ၇၅ မိုင်အကွာမှာ ကိုလံဘတ်စ်မြို့တည်ရှိကာ လူဦးရေ တစ်သိန်းလေးသောင်းနေထိုင်တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

Linko                                                                          
Ref:globalnews
ဝါရှင်တန်၊သြဂုတ် ၄

(  Zawgyi  )

အေမရိကန္ျပည္ေထာင္စုအိုဟိုင္းအိုးျပည္နယ္မွာ ယေန႔ ျဖစ္ခဲ့တဲ့ အစုလိုက္အၿပဳံလိုက္ ပစ္ခတ္ ခံရမႈမွာ လူကိုးဦးေသဆုံခဲ့ၿပီး ဒါဟာ အနည္းဆုံး ၂၄ နာရီအတြင္း အေမရိကန္ျပည္ေထာင္စုရဲ႕  ဒုတိယေျမာက္  လူအ ေျမာက္အျမားေသေၾကရတဲ့ ပစ္ခတ္မႈ ျဖစ္ၿပီး  သံသယရွိသူ ေသနတ္သမား ကေတာ့ ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲကဆိုပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ၾသဂုတ္ ၃ ရက္နံနက္ပိုင္းမွာ တကၠဆတ္ျပည္နယ္၊ အယ္လ္ပါဆိုၿမိဳ႕ရွိ လူစည္ကားေသာ Walmart စတိုးဆိုင္ တစ္ဆိုင္မွာ ေမာင္းျပန္႐ိုင္ဖယ္ ေသနတ္သမားတစ္ဦးရဲ႕ လက္ခ်က္နဲ႔  လူ ၂၀ ဦး ေသဆုံးခဲ့တဲ့အတြက္ ယခုေဒတန္ပစ္ခ တ္မႈျဖစ္စဥ္ဟာ ၂၄ နာရီအတြင္း ဒုတိယေျမာက္ လူေသဆုံးမႈ အမ်ာဆုံးျဖစ္ရပ္ျဖစ္လာခဲ့ပါတယ္။

ေဒတန္ရဲတပ္ဖြဲ႕က တြစ္တာမွာ ေဖာ္ျပခဲ့တာေတာ့ ေသနတ္သမားက တနဂၤေႏြေန႔ မနက္တစ္နာရီ အခ်ိန္မွာ သမိုင္းဝင္ေက်ာ္ၾကားတဲ့ ညပိုင္းအခ်ိန္ျဖဳန္းရာေနရာမွာပစ္ခတ္ခဲ့တာ ျဖစ္ၿပီး တာဝန္ရွိသူေတြ အဆိုအရ ပစ္ခတ္မႈက လွ်င္ျမန္ခဲ့တယ္လို႔ ဆိုပါတယ္။သံသယရွိသူ ေသနတ္သမားကေတာ့ ပစ္ခတ္ မႈအတြင္း ရဲအရာရွိရဲ႕ တုံ႔ျပန္ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ရတယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ဒုဗိုလ္မႉးႀကီး မက္တ္ေကာ့ပါးက ဆိုပါတယ္။

ေဒတန္ၿမိဳ႕ေတာ္ဝန္ နန္ေဝလီကေတာ့ ပစ္ခတ္မႈေၾကာင့္ ၂၆ ဦးဒဏ္ရာရခဲ့တယ္လို႔ သတင္းစာ ရွင္းလင္းပြဲ မွာ ေျပာခဲ့ပါတယ္။ဒါေပမယ့္ ထိခိုက္ေသဆုံးရတဲ့ သူေတြရဲ႕ အခ်က္အလက္ အေသးစိတ္ ကိုေတာ့ မထုတ္ျပန္ခဲ့ပါဘူး။

မီယာမီေတာင္ၾကားေဆး႐ုံ ေျပာေရးဆိုခြင့္ရွိသူ တီယာလစ္တဲလ္ကေတာ့ ေဆး႐ုံအေနနဲ႔ ပစ္ခတ္ခံ ရသူ ၁၆ ဦးကို လက္ခံကုသေပးေနတယ္ ဆိုပါတယ္။ဒါေပမယ့္၎တို႔ရဲ႕ အေျခအေနကိုေတာ့  အတည္ျပဳေျပာခဲ့ျခင္းမရွိပါဘူး။

ကီတာရင္း က်န္းမာေရးကြန္ရက္ေျပာေရးဆိုခြင့္ရွိသူ အဲလ္လိဇဘက္ေလာင္းကေျပာခဲ့ရာမွာ ပစ္ခတ္ မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူအေျမာက္အျမားကို ကုသေရးေဆး႐ုံကားေတြနဲ႔ ပို႔ေဆာင္ေပးခဲ့ ရတယ္ ဆိုၿပီး ဘယ္ေလာက္ပို႔ခဲ့ရတယ္ဆိုတဲ့ အေသးစိတ္အေရအတြက္ကိုမေျပာခဲ့ပါဘူး။

ေဒတန္ၿမိဳမွာ အိုဟိုင္းအိုျပည္နယ္ အေနာက္ပိုင္းရွိၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ၿပီး အေရွ႕ေျမာက္ဘက္ ၇၅ မိုင္အကြာမွာ စင္စင္နတီၿမိဳ႕ရွိၿပီး အေနာက္ဘက္ ၇၅ မိုင္အကြာမွာ ကိုလံဘတ္စ္ၿမိဳ႕တည္ရွိကာ လူဦးေရ တစ္သိန္းေလးေသာင္းေနထိုင္တဲ့ ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္ပါတယ္။

Linko                                                                          
Ref:globalnews
ဝါရွင္တန္၊ၾသဂုတ္ ၄