၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု ထိုင်ဝမ်တွင်လှုပ်ခတ်သဖြင့်အဆောက်အဦးများလှုပ်ရမ်းကာ လမ်းများကွဲအက်

 ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု ထိုင်ဝမ်တွင်လှုပ်ခတ်သဖြင့်အဆောက်အဦးများလှုပ်ရမ်းကာ လမ်းများကွဲအက်

ကြာသပတေးနေ့နံနက်ပိုင်းက ထိုင်ဝမ်ကျွန်းမှာ ၆ ဒသမ ၁ မဂ္ဂနီကျူ့အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခုလှုပ်ခတ်ခဲ့ရာမှာ အဆောက်အအုံတွေ ယိမ်းခါပြီး လမ်းတွေ ကွဲအက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်မြို့တော်မှာ အထပ်မြင့်အဆောက်အဦးတွေ ယိမ်းထိုးခဲ့ပြီး ထိုင်ဝမ်အရှေ့ပိုင်း ဟောင်လင် မှာတော့ ကျောင်သားတွေ ကြောက်လန့်တဲ့ အထိ ဖြစ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။အာဏာပိုင်တွေ အဆိုအရ ကျွန်းကို ကန်လန့်ဖြတ်ဆက်သွယ်ထားစတဲ့ အဝေးပြေး လမ်းမကြီးမှာ ကျောက်တုံးတွေ ပြူတ်ကျတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဟောင်လင် မီးသတ်ဌာနက သတင်းဌာနကိုပြောခဲ့ရာမှာ အာဏာပိုင်တွေကတော့ ငလျင်လှုပ်ခတ်လို့ ဖြစ်လာတဲ့ ကျောက်တုံး ပြုတ်ကျမှုကြောင့် မလေးရှားအမျိုးသား ကမ္ဘာလှည့်ခရီးသည်တဦးအပါအဝင် နှစ်ဦးထိခိုက်ခဲ့လို့ မီးသတ်ဌာနစီစဉ်မှုနဲ့ ဆေးကုသဖို့ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေး ခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လုံခြုံစိတ်ချရမှုရှိမရှိစစ်ဆေးဖို့ ထိုင်ဝမ်ရှိ မြို့ပြပို့ဆောင်ရေးစနစ်ခေတ္တပိတ်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ငလျင်က ဒေသစံတော်ချိန် နေ့လယ် တစ်နာရီ တစ်မိနစ်မှာ ထိုင်ဝမ်အရှေ့ပိုင်း ဟောင်လင် အနီး မြေအောက် ၁၉ ကီလိုမီတာ( ၁၁ဒစမ ၈ မိုင်)ကိုဗဟိုပြုကာလှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဗဟိုအမျိုးသားမိုးလေဝသဌာနကတော့ လှုပ်ခတ်တဲ့ ပြင်းအားကို ၆ ဒသမ ၁ မဂ္ဂနီကျူ့လို့ သတ်မှတ်ခဲ့ပြီး အမေရိကန်မြေငလျင်ဌာနကတော့ အစောပိုင်းမှာ မဂ္ဂနီကျူ့ ၆  အဆင့်လို့ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ ၆ဒသမ ၁ လိုပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဟောင်လင်မှာ လှုပ်ခတ်ခဲ့တဲ့ ၆ဒသမ ၄ မဂ္ဂနိကျူ့အဆင့်ရှိ အင်အားပြင်ငလျင်ကြောင့် လူ၁၇ ဦးသေဆုံးခဲ့ရပါတယ်။ထိုင်ဝမ်ကျွန်းမှာ တက်တိုးနစ် ကျောက်ချပ်လွှာနှစ်ခုအပေါ်တွင် တည်ရှိသဖြင့် မြေငလျင်မကြာခဏလှုပ်ခတ်လေ့ရှိပြီး ထိုင်ဝမ်ကျွန်း သမိုင်း တစ်လျှောက် လက်ရှိရာစုနှစ်ထဲ အပြင်းထန်ဆုံးငလျင်ဖြစ်တဲ့ ၁၉၉၉ ခုနှစ်ကလှုပ်ခတ်ခဲ့သည့် အင်အား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်ကြောင့် လူ ၂၄၀၀ ကျော်သေဆုံးခဲ့ပါတယ်။

Linko
Ref:AFP
ထိုင်ဝမ်၊ ဧပြီ ၁၈

(  Zawgyi  )

 ၾကာသပေတးေန႔နံနက္ပိုင္းက ထိုင္ဝမ္ကြၽန္းမွာ ၆ ဒသမ ၁ မဂၢနီက်ဴ႕အဆင့္ရွိ အင္အားျပင္း ငလ်င္ တစ္ခုလႈပ္ခတ္ခဲ့ရာမွာ အေဆာက္အအုံေတြ ယိမ္းခါၿပီး လမ္းေတြ ကြဲအက္ခဲ့တယ္လို႔ ဆိုပါတယ္။

ထိုင္ဝမ္ၿမိဳ႕ေတာ္မွာ အထပ္ျမင့္အေဆာက္အဦးေတြ ယိမ္းထိုးခဲ့ၿပီး ထိုင္ဝမ္အေရွ႕ပိုင္း ေဟာင္လင္ မွာေတာ့ ေက်ာင္သားေတြ ေၾကာက္လန႔္တဲ့ အထိ ျဖစ္ခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။အာဏာပိုင္ေတြ အဆိုအရ ကြၽန္းကို ကန္လန႔္ျဖတ္ဆက္သြယ္ထားစတဲ့ အေဝးေျပး လမ္းမႀကီးမွာ ေက်ာက္တုံးေတြ ျပဴတ္က်တာေတြ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

ေဟာင္လင္ မီးသတ္ဌာနက သတင္းဌာနကိုေျပာခဲ့ရာမွာ အာဏာပိုင္ေတြကေတာ့ ငလ်င္လႈပ္ခတ္လို႔ ျဖစ္လာတဲ့ ေက်ာက္တုံး ျပဳတ္က်မႈေၾကာင့္ မေလးရွားအမ်ိဳးသား ကမာၻလွည့္ခရီးသည္တဦးအပါအဝင္ ႏွစ္ဦးထိခိုက္ခဲ့လို႔ မီးသတ္ဌာနစီစဥ္မႈနဲ႔ ေဆးကုသဖို႔ ရဟတ္ယာဥ္နဲ႔ ပို႔ေဆာင္ေပး ခဲ့တယ္လို႔ ဆိုပါတယ္။ ငလ်င္လႈပ္ခတ္မႈေၾကာင့္ လုံၿခဳံစိတ္ခ်ရမႈရွိမရွိစစ္ေဆးဖို႔ ထိုင္ဝမ္ရွိ ၿမိဳ႕ျပပို႔ေဆာင္ေရးစနစ္ေခတၱပိတ္ခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။

ငလ်င္က ေဒသစံေတာ္ခ်ိန္ ေန႔လယ္ တစ္နာရီ တစ္မိနစ္မွာ ထိုင္ဝမ္အေရွ႕ပိုင္း ေဟာင္လင္ အနီး ေျမေအာက္ ၁၉ ကီလိုမီတာ( ၁၁ဒစမ ၈ မိုင္)ကိုဗဟိုျပဳကာလႈပ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဗဟိုအမ်ိဳးသားမိုးေလဝသဌာနကေတာ့ လႈပ္ခတ္တဲ့ ျပင္းအားကို ၆ ဒသမ ၁ မဂၢနီက်ဴ႕လို႔ သတ္မွတ္ခဲ့ၿပီး အေမရိကန္ေျမငလ်င္ဌာနကေတာ့ အေစာပိုင္းမွာ မဂၢနီက်ဴ႕ ၆  အဆင့္လို႔ထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္းမွာ ၆ဒသမ ၁ လိုျပင္ဆင္သတ္မွတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ေဟာင္လင္မွာ လႈပ္ခတ္ခဲ့တဲ့ ၆ဒသမ ၄ မဂၢနိက်ဴ႕အဆင့္ရွိ အင္အားျပင္ငလ်င္ေၾကာင့္ လူ၁၇ ဦးေသဆုံးခဲ့ရပါတယ္။ထိုင္ဝမ္ကြၽန္းမွာ တက္တိုးနစ္ ေက်ာက္ခ်ပ္လႊာႏွစ္ခုအေပၚတြင္ တည္ရွိသျဖင့္ ေျမငလ်င္မၾကာခဏလႈပ္ခတ္ေလ့ရွိၿပီး ထိုင္ဝမ္ကြၽန္း သမိုင္း တစ္ေလွ်ာက္ လက္ရွိရာစုႏွစ္ထဲ အျပင္းထန္ဆုံးငလ်င္ျဖစ္တဲ့ ၁၉၉၉ ခုႏွစ္ကလႈပ္ခတ္ခဲ့သည့္ အင္အား ၇ ဒသမ ၆ အဆင့္ရွိ ငလ်င္ေၾကာင့္ လူ ၂၄၀၀ ေက်ာ္ေသဆုံးခဲ့ပါတယ္။

Linko
Ref:AFP
ထိုင္ဝမ္၊ ဧၿပီ ၁၈