【နိုင်ငံတကာ】တရုတ်သမ္မတ ရှီကျင့်ဖျင် ဆန်းတုံးပြည်နယ်သို့ သွားရောက်

【နိုင်ငံတကာ】တရုတ်သမ္မတ ရှီကျင့်ဖျင် ဆန်းတုံးပြည်နယ်သို့ သွားရောက်

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ကျဲ့ကျန်းပြည်နယ်သို့ သွားရောက်ကာ ဟန်ကျိုး ၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘေကျင်းမြို့သို့ ပြန်လာသည့်လမ်းခရီးတွင် ဆန်းတုံးပြည်နယ် Zaozhuang မြို့သို့ သွားရောက်လေ့လာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါတယ်။

စက်တင်ဘာလ ၂၄ရက်နေ့ ညနေပိုင်းက ဘေကျင်းမြို့သို့ အပြန်လမ်းခရီးတွင် သမ္မတ ရှီကျင့်ဖျင်သည် ဆန်းတုံးပြည်နယ် Zaozhuang မြို့သို့ သွားရောက် လေ့လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ရှီကျင့်ဖျင်သည် ဒေသခံသလဲပင် မျိုးစိတ်ကို စစ်ဆေးခဲ့ရာ ယခုနှစ်တွင် သလဲသီးစိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် ဝင်ငွေရရှိမှုအကြောင်းများကို မေးမြန်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဆန်းတုံး၊ စက်တင်ဘာ ၂၄