【နိုင်ငံတကာ】အော်ပရာပြဇာတ်က ပေကျင်းမြို့ ရဲ့ လမ်းကြိုလမ်းကြားကလူတွေအထိ ဥပဒေအကြောင်းသိလာအောင် ဘယ်လိုလုပ်သလဲ။

【နိုင်ငံတကာ】အော်ပရာပြဇာတ်က ပေကျင်းမြို့ ရဲ့ လမ်းကြိုလမ်းကြားကလူတွေအထိ  ဥပဒေအကြောင်းသိလာအောင် ဘယ်လိုလုပ်သလဲ။

“ဘယ်နိုင်ငံကမှ အမြဲတမ်းအင်အားကြီးနေမှာ မဟုတ်သလို အမြဲတမ်း အင်အားနည်းနေမှာလည်း မဟုတ်ပါဘူး။ တရားဥပဒေစောင့်ထိန်းသူ အင်အားကြီးလျှင် တိုင်းပြည်နိုင်ငံအင်အားကြီးမယ်။ သူတို့ ပျော့ညံ့နေရင် တိုင်းပြည်နိုင်ငံလည်း အင်အားနည်းလိမ့်မယ်။” 
ဒီအယူအဆက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်တုန်းက ဆင်းသက်ခဲ့တာဖြစ်ပြီး တရားဥပဒေနဲ့တိုင်းပြည်နိုင်ငံအကြားက အရေးပါတဲ့ပတ်သက်မှုကို ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ Civil Code ဥပဒေဟာ ၂၀၂၁ ခုနှစ်မှာ စတင်အကျုံးဝင်လာခဲ့ပြီး စည်ကမ်းသတ်မှတ်ချက်ပေါင်း ၁၂၆၀ ရှိပါတယ်။ 
တရုတ်ပြည်သူများရဲ့လူနေမှုဘဝ ကဏ္ဍပေါင်းစုံကို လွှမ်းခြုံထားပါတယ်။ လူတွေကို ဥပဒေရေးရာ နားလည်သိရှိပြီး ပြဿနာအခက်အခဲကို ဖြေရှင်းနိုင်ကာ သူတို့ရဲ့အကျိုးစီးပွားနှင့် အခွင့်အရေးများကို ကာကွယ်နိုင်အောင် ဘယ်လိုကူညီပေးမလဲ။
ပီကင်းအော်ပရာပြဇာတ် ပေါ်ပေါက်ရာအရပ် Dashilan မှာရှိတဲ့ တရားရေးရာရုံးဟာ ရိုးရာအနုပညာကို အသုံးချပြီး အခြေခံ တရားဥပဒေဆိုင်ရာ အသိပညာများကို ဖြန့်ဝေခဲ့ပါတယ်။ ပီကင်းအော်ပရာပြဇာတ်နဲ့ ပေကျင်းမြို့က လမ်းသွယ်လမ်းကြားထဲထိ ဥပဒေရေးရာအကြောင်း လူတွေသိလာအောင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာ link  နှိပ်ပြီး ဗွီဒီယိုကြည့်လိုက်ရင် သိလာပါလိမ့်မယ်။