【နိုင်ငံတကာ】One Belt One Road ၁၀ နှစ်ပြည့်အဖြစ် ပြိုင်ပွဲများဖိတ်ခေါ်ထား

【နိုင်ငံတကာ】One Belt One Road ၁၀ နှစ်ပြည့်အဖြစ် ပြိုင်ပွဲများဖိတ်ခေါ်ထား 

၁၀ နှစ်အတွင်းမှာ “One Belt One Road” နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူများအနေဖြင့် မှတ်တမ်း ဓာတ်ပုံ၊ ဆောင်းပါးနှင့် ရုပ်သံဖိုင်များပေးပို့ ယှဉ်ပြိုင်နိုင်တယ်လို့ ကမ္ဘာတစ်ဝန်းကို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။

ပါဝင်ယှဉ်ပြိုင်သူများရဲ့ မှတ်တမ်းများကို China Media Group (CMG) ရဲ့ CCTV-4 ရုပ်သံချန်နယ်လိုင်းက (China’s Public Opinion Field) ရဲ့ မီဒီယာပလက်ဖောင်းပေါ်မှာ ပါဝင်ခွင့်ရမှာဖြစ်သလို ဆောင်းပါး၊ ဗွီဒီယိုတို့ ပြသပြီးတိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း အွန်လိုင်းမှတဆင့် ချိတ်ဆက်ပါဝင်နိုင်တယ်တယ်လို့ ဖော်ပြထားပါတယ်။

ပါဝင်ယှဉ်ပြိုင်လူသူတွေအနေနဲ့ QR code အား Scan ဖတ်ပြီး (China’s Public Opinion Field) ရဲ့ Wechat Official Account ကို followလုပ်ပေးပြီး မက်ဆေ့ချ်ပို့ပေးနိုင်သလို ဓာတ်ပုံသို့မဟုတ်ဗွီဒီယိုရှိလျှင်လည်းအီးမေးလ် ([email protected])ကို တိုက်ရိုက်ပေးပို့ပြီး အစီအစဉ်မှာ ပါဝင်ဆင်နွှဲနိုင်တယ်လို့ သိရပါတယ်။

“ One Belt One Road” နဲ့ ပတ်သက်ပြီး မျှဝေချင်တဲ့ အောင်မြင်ခြင်းနဲ့ ဝမ်းသာပျော်ရွှင်မှုတွေအပြင် အကြံပြု ချက်တချို့၊ ဆုမွန်ကောင်းတွေကအစ ပေးပို့နိုင်တယ်လို့လည်း ပြိုင်ပွဲဖိတ်ခေါ်စာမှာ ဖော်ပြထားပါတယ်။

ပေကျင်း၊ စက်တင်ဘာ ၂၅