【 နိုင်ငံတကာ】ထိုင်ဝမ်လွတ်လပ်ရေးအမာခံများကို အရေးယူပိတ်ဆို့ကြောင်း တရုတ်ကြေညာ

【 နိုင်ငံတကာ】ထိုင်ဝမ်လွတ်လပ်ရေးအမာခံများကို အရေးယူပိတ်ဆို့ကြောင်း တရုတ်ကြေညာ

ထိုင်ဝမ်လွတ်လပ်ရေးအမာခံများကို တရုတ်ပြည်မကြီးတွင် အရေးယူပိတ်ဆို့လိုက်ကြောင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရှိသူတစ်ဦးက အင်္ဂါနေ့တွင်ကြေညာလိုက်ပါတယ်။

ရေလက်ကြားဆက်ဆံရေး ငြိမ်းချမ်းစွာဖြစ်ပေါ်တိုးတက်မှုနှင့်ရေလက်ကြား ၂ ဘက်လုံးမှ ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ထိုင်ဝမ်လွတ်လပ်ရေးအမာခံအစိတ်အပိုင်းကို ဒဏ်ခတ်ရန်အတွက် Bi-khim Hsiao, Koo Li-hsiung, Tsai Chi-chang, Ker Chien-ming, Lin Fei-fan, Chen Jiau-hua နှင့် Wang Ting-yu တို့သည် ထိုင်ဝမ်လွတ်လပ်ရေးအမာခံ ခွဲထွက်ရေးသမားဖြစ်သည်ဟု ဆုံးဖြတ်လိုက်ပြီး ဒဏ်ခတ်သည့် အစီအမံများကို ၎င်းတို့အပေါ်တွင်သာမက ယခင်ချမှတ်ထားပြီးဖြစ်သော Su Tseng-chang, You Si-kun နှင့် Jaushieh Joseph Wu တို့ကိုပါ ထပ်မံချမှတ်လိုက်သည်ဟု ထိုပြောခွင့်ရသူက ကြေညာလိုက်ပါတယ်။

၎င်းတို့နှင့် ၎င်းတို့မိသားစုများသည် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်နှင့် မက္ကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ ဝင်ရောက်ခွင့်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ၎င်းတို့နှင့်ပတ်သက်သည့် အဖွဲ့အစည်းများကိုလည် တရုတ်ပြည်မကြီးမှ အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ကန့်သတ်လိုက်ပါတယ်။ ၎င်းတို့နှင့် ပတ်သက်သော လုပ်ငန်းများ သာမက ၎င်းတို့ကို ထောက်ပံ့သူများကိုလည်း တရုတ်ပြည်မကြီးတွင် အကျိုးအမြတ်ရှာသော လုပ်ငန်းများ ဆောင်ရွက်ခြင်းမှ ကန့်သတ်လိုက်ပါတယ်။ အခြားအရေးယူ ဆောင်ရွက်မှုများကိုလည်း ပြုလုပ်မည်ဖြစ်ပါတယ်။

၎င်းတို့သည် ဥပဒေအရ တစ်သက်တာ ဒဏ်ခတ်ခံရမည်ဖြစ်သည်ဟု ထိုပြောခွင့်ရသူက ပြောပါတယ်။ အရေးယူပိတ်ဆို့မှုများကို ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ အတွင်းရေးမှူးချုပ်တို့ အပေါ်လည်း ချမှတ်လိုက်ပါတယ်။ ၎င်းတို့သည် တရုတ် ပြည်မကြီးနှင့် ဟောင်ကောင်နှင့် မက္ကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံရသည်ဟု ထိုပြောခွင့်ရသူကပြောပါတယ်။ ထိုင်ဝမ် လွတ် လပ်ရေးရရန် ကြိုးစားခြင်းသည် တရုတ်နိုင်ငံပြန်လည်ပေါင်းစည်းရေးတွင် အကြီးမားဆုံး အတားအဆီးဖြစ်ပြီး အမျိုးသားပြန်လည် တောင့်တင်းရေးအတွက် အန္တရာယ်ဖြစ်စေပါတယ်။ အနည်းငယ်မျှသာသော ခွဲထွက်ရေးသမားများသည် ကိုယ်ကျိုးစီးပွားအတွက် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကာ ထိုင်ဝမ်လွတ်လပ်ရေးကို လှုံဆော်နေသည်ဟုလည်း ထိုပြောခွင့်ရသူပြောခဲ့ပါတယ်။

ထိုသူများသည် ထိုင်ဝမ်ရေလက်ကြားတွင်တင်းမာစေရန် ထိပ်တိုက်တွေ့မှုများကို လှုံ့ဆော်နေပြီး ဒေသတွင်းတည်ငြိမ် ငြိမ်းချမ်းမှုကို ထိခိုက်အောင်လုပ်နေသူများဖြစ်သည်ဟုလည်း သူက ဆိုပါတယ်။ ထိုလုပ်ရပ်များသည် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အတွင်း ပိုမိုပြင်းထန်လာပြီး လွတ်လပ်ရေးရအောင်လုပ်ရန် ၎င်းတို့၏ ခေါင်းမာမှုကို ပြသနေသည်ဟုလည်း သူက ပြောခဲ့ပါတယ်။

Linko

Ref:CMG

ပေကျင်း၊ ဩဂုတ် ၁၇