【 နိုင်ငံတကာ】ယူကရိန်းတွင် ရန်လိုမှု ပိုမိုမြင့်မားရန် အမေရိကန်လုပ်နေဟု ပူတင်စွပ်စွဲ

【 နိုင်ငံတကာ】ယူကရိန်းတွင် ရန်လိုမှု ပိုမိုမြင့်မားရန် အမေရိကန်လုပ်နေဟု ပူတင်စွပ်စွဲ

ဝါရှင်တန်သည် ကမ္ဘာ့ဗိုလ်ကျစိုးမိုးမှုကို ထိန်းသိမ်းရန်အားထုတ်မှုအဖြစ် ယူကရိန်းတွင် ရန်လိုမှုများကို အားပေးနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန် ပြည်ထောင်စုကို အင်္ဂါနေ့တွင် စွပ်စွဲလိုက်ပါတယ်။

အာဖရိက၊ အာရှနှင့် လက်တင်အမေရိကမှ စစ်အရာရှိများတက်ရောက်သော လုံခြုံရေးဆိုင်ရာညီလာခံတွင် မိန့်ခွန်းပြောကြားရာတွင် ပူတင်က ယူကရိန်သို့တပ်များစေလွှတ်ခြင်းသည် ထိုနိုင်ငံသည် ယူကရိန်းဆန့်ကျင်ရေး ခံတပ်ဖြစ်မလာစေရန်ဖြစ်ကြောင်း သူယခင်ကပြောနေကျအတိုင်း ထပ်မံပြောကြားပါတယ်။

“သူတို့က သူတို့ဆက်လက်ဗိုလ်ကျနိုင်ဖို့ ပဋိပက္ခတွေလိုတယ်။ ဒါကြောင့် သူတို့က ယူကရိန်း ပြည်သူတွေကို ဓားစာခံအဖြစ်ပြောင်းလိုက်တာ” ဟု သူပြောခဲ့ပါတယ်။ “အခြေအနေကတော့ အမေရိကန်ပြည်ထောင်စုဟာ ပြဿနာကို ပိုကြီးမားအောင် လက်တင်အမေရိက၊ အာရှနဲ့ အာဖရိကမှာ လုပ်တဲ့အတိုင်း လုပ်နေကြောင်း ပြသနေတယ်” ဟုလည်း သူက ပြောပါတယ်။

ထိုမိန့်ခွန်းသည် ရုရှားခေါင်းဆောင်က ထိပ်တန်းအရာရှိများနှင့် စီးပွားရေးခေါင်းဆောင်များအနေဖြင့် ရုရှားက ယူကရိန်အပေါ်ကျူးကျော်မှုကို အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများကြောင့် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် အစိုးရစနစ်ကို ထိခိုက်နေချိန်တွင် ရုရှားကို ဆက်လက် ထောက်ခံကြရန် နောက်ဆုံးအားထုတ်မှုဖြစ်ပါတယ်။

Linko

Ref:APnews

မော်စကို ၊ ဩဂုတ် ၁၇