【 နိုင်ငံတကာ အနုပညာ 】 ဆီယက်တဲလ်ဖျော်ဖြေပွဲအတွင်း မက်ဒေါနား ထိုင်ခုံလဲကျမှုဖြစ်ခဲ့

【 နိုင်ငံတကာ အနုပညာ 】 ဆီယက်တဲလ်ဖျော်ဖြေပွဲအတွင်း မက်ဒေါနား ထိုင်ခုံလဲကျမှုဖြစ်ခဲ့

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၂၁

မကြာသေးမီက ဆီယက်တဲလ်ဖျော်ဖြေပွဲအတွင်း ကမ္ဘာကျော်အဆိုတော် မက်ဒေါနားတစ်ယောက် ထိုင်ခုံလဲကျလို့ ကမောက်ကမဖြစ်ခဲ့ပါတယ်။

သီတင်းပတ်ကုန်က ဝါရှင်တန်မြို့၊ ဆီယက်တဲလ်ရှိ Climate Pledge Arena မှာ ကျင်းပခဲ့တဲ့ သူမရဲ့ နောက်ဆုံးရှိုးပွဲအတွင်း ဂီတအိုင်ကွန်ဟာ စင်ပေါ်မှာ ခုံလဲကျခဲ့တာဖြစ်ပါတယ်။

ဖျော်ဖြေပွဲအပြီး ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေခဲ့သည့် ဗီဒီယိုအများအပြားအရ မက်ဒေါနားဟာ ၎င်း၏ 1986 hit Open Your Heart ဖျော်ဖြေမှုမှာ သူမ၏ အရံအကသမားတစ်ဦး လှည့်ထွက်ပြီးနောက် ထိုင်ခုံပေါ်မှ နောက်ပြန်ပြုတ်ကျနေတာကို မြင်ခဲ့ရပါတယ်။

သရုပ်ပြဖျော်ဖြေတာကို လဲကျနေတာကနေ ချက်ခြင်း ရှေ့သို့လှိမ့်ဆင်းပြီး အဖြစ်အပျက်ကို ရယ်မောကာ ဆက်လက်သီဆိုခဲ့ပါတယ်။

ပေါ့ပ်ဘုရင်မသည် စင်မြင့်ပေါ်သို့ ပြုတ်ကျခြင်းမှာ သူမအတွက် ထူးဆန်းသော ကိစ္စမဟုတ်ပါ။ 2015 Brit Awards တုန်းကလည်း စင်ပေါ်ကနေ ဝတ်ရုံကိုဖြုတ်ချရာမှာ နောက်ကနေ ဆောင့်ဆွဲချသလိုဖြစ်သဖြင့် စင်လှေကားထစ်ကနေ နောက်ပြန် ပြုတ်ကျခဲ့သေးပါတယ်။

မက်ဒေါနားသည် လက်ရှိတွင် အမေရိကန်အလယ်ပိုင်းနှင့် ကနေဒါနိုင်ငံတို့၌ သူမ၏ ကမ္ဘာတစ်ဝန်း ဖျော်ဖြေရေးခရီးစဉ်ဖြစ်သည့် The Celebration Tour ၏ ခရီးစဉ်အဖြစ် ဖျော်ဖြေနေပြီး ထိုခရီးစဉ်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

သူမသည် ယခု ဗုဒ္ဓဟူးနေ့တွင် ကနေဒါနိုင်ငံ ဗန်ကူဗာရှိ Rogers Arena တွင် ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရပါတယ်။

သူမ၏ ဆယ်စုနှစ်လေးခုကျော် ဂီတအသက်မွေးဝမ်းကြောင်းကို ဂုဏ်ပြုသည့် ခရီးစဉ်မှာ မက္ကဆီကိုစီးတီးရှိ Palacio De Los Deportes တွင် ဧပြီ ၂၆ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Music-news