【 နိုင်ငံတကာ 】ကပ်ရောဂါသုံးခုနဲ့ရင်ဆိုင်နေရသော အမေရိကန်နိုင်ငံ

【 နိုင်ငံတကာ 】ကပ်ရောဂါသုံးခုနဲ့ရင်ဆိုင်နေရသော အမေရိကန်နိုင်ငံ 

အမေရိကန်နိုင်ငံသားများဟာ ကျောင်း၊ လုပ်ငန်းခွင်များ၊ ခပ်ဝေးဝေးနေရေးနှင့် နှာခေါင်းစည်းတပ်ဆင်ရေး အစရှိသော စည်းကမ်းချက်များကို ၂ နှစ်ကျော် လိုက်နာလာခဲ့ကြသောကြောင့် တုပ်ကွေးနှင့် အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါရောဂါကို သိပ်ပြီး မခံစားခဲ့ကြပါဘူး။

သို့သော်လည်း ဒီနှစ်ဆောင်းရာသီကတော့ ခြားနားသော ဆောင်းရာသီဖြစ်လာနိုင်ခြေအလွန်များပါတယ်။

လက်ရှိအချိန်မှာတော့ ကန့်သတ်ချက်များဟာ အနည်းငယ်သာရှိနေပြီး လူတွေကလည်း ကပ်ရောဂါမဖြစ်ခင်တုန်းက အတိုင်းပဲ ပုံမှန်သွားနေကြဖြစ်ကာ လာမယ့် ဆောင်းရာသီတွင် ကိုဗစ်-၁၉ ကူးစက်မှု အလွန်မြင့်မားမည်ဟု ခန့်မှန်းထားရပြီး လက်ရှိဖြစ်ပေါ်နေသော ရာသီတုပ်ကွေးကြောင့် ကပ်ရောဂါဟာ ၂ ခု တစ်ပြိုင်နက်တည်း သို့မဟုတ် ၃ ခု တစ်ပြိုင်နက်တည်း ဖြစ်လာနိုင်ခြေများပါတယ်။

တုပ်ကွေးရောဂါကူးစက်မှုဟာ သာမန်အချိန်တုန်းကထက် ဒီနှစ်တွင် စောကာ ကူးစက်မှုမြင့်မားလာခဲ့ပြီး လာမယ့်အပတ်များအတွင်း ဆက်လက်မြင့်တက်လာရန် ခန့်မှန်းထားကြပါတယ်။

R.S.V လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ စင်ဆီရှယ်ဗိုင်းရပ်စ်၊ ကြံ့ဗိုင်းရပ်စ် နှင့် အင်တာရိုဗိုင်းရပ်စ်အစရှိသော ဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ပြည်နယ်များစွာက ကလေးဆေးရုံများတွင် ကလေးများစွာ ဆေးရုံတင်နေရပြီဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ အရာအားလုံးကို ကလက်စားချေနေတဲ့ ပုံစံအတိုင်းကို မြင်နေရတယ်” ဟု Fred Hutchinson Cancer Center တွင် ကူးစက်ရောဂါဆိုင်ရာ ပညာကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါက်တာ အဲလ်ဖာဝက်မဲရ်းက ပြောပါတယ်။

Naing

Ref:nytimes

ဝါရှင်တန်၊ အောက်တိုဘာ ၂၈