【 နိုင်ငံတကာ 】ကာကွယ်ရေး အသုံးစရိတ်ဥပဒေကြမ်းအား ထရမ့်ပယ်ချခြင်းကို အထက်လွှတ်တော်က လွှမ်းမိုးပယ်ဖျက်

【  နိုင်ငံတကာ  】ကာကွယ်ရေး အသုံးစရိတ်ဥပဒေကြမ်းအား ထရမ့်ပယ်ချခြင်းကို အထက်လွှတ်တော်က လွှမ်းမိုးပယ်ဖျက်

အထက်လွှတ်တော်မှ ရီပတ်ဗလစ်ကန်များသည် သမ္မတထရမ့် ရာထူးသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတ၏တချက်လွှတ် အာဏာဖြင့် ဥပဒေကြမ်း ပယ်ချခြင်းကို သောကြာနေ့က လွှမ်းမိုးပယ်ဖျက်လိုက်သည် ။
 
ထရမ့်ရာထူးစွန့်လွှတ်ရန် ရက် ၂၀ အလိုတွင် အထက်လွှတ်တော်သည် ကာကွယ်ရေး အသုံးစရိတ်ဥပဒေကြမ်းအား ထရမ့်ကပယ်ချသည့်ကြားမှ အထက်လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။
 
 
ရှားရှားပါးပါး နှစ်သစ်ကူးကာလတွင်ကျင်းပသည့် အထက်လွှတ်တော်အစည်အဝေးတွင် သမ္မတ၏တချက်လွှတ်ပယ်ချခြင်းကို လွှမ်းမိုးပယ်ဖျက်ရန် မဲအများစုဖြစ်သော သုံးပုံနှစ်ပုံ ရရှိခဲ့သည်။ တနင်္ဂနွေနေ့တွင် အထက်လွှတ်တော်ကိုယ်စားလှယ်သစ်များ ကျမ်းကျိန်ဆိုပွဲ မတိုင်မီ ယခုကဲ့သို့ မဲခွဲ ဆုံးဖြတ်ခြင်းဖြစ်သည်။
 
သမ္မတ၏ တချက်လွှတ်အမိန့်ဖြင့် ဥပဒေကြမ်းပယ်ချမှု ၈ ခု ယခင်ကရှိခဲ့သော်လည်း ထိုစဉ်က သမ္မတ၏ ပယ်ချခြင်းသည် အတည်ဖြစ်ခဲ့သည်။ အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ သမ္မတသည် ကွန်ဂရက်က အတည်ပြုသည့် ဥပဒေကြမ်းကို ပယ်ချနိုင်သော်လည်း အောက်လွှတ်တော်နှင့် အထက်လွှတ်တော်မဲ သုံးပုံနှစ်ပုံ ရရှိပါက သမ္မတ၏ ဥပဒေကြမ်းပယ်ချခြင်းကို လွှမ်းမိုးပယ်ဖျက်နိုင်သည်။
 
ဒီမိုကရက်တို့ ထိန်းချုပထားသော အောက်လွှတ်တော်က ထိုဥပဒေကြမ်းကို တနင်္လာနေ့က အတည်ပြုခဲ့ပြီး ရီပါတ်ဗလစ်ကန်တို့ ဦးဆောင်သည့် အထက်လွှတ်တော်က ထိုဥပဒေကြမ်းကို သောကြာနေ့က ၈၁ မဲ ၁၃ မဲဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။
 
ထရမ့်၏ တချက်လွှတ်ပယ်ချခြင်းကို လွှမ်းမိုပယ်ဖျက်ခြင်းသည် ထရမ့်အတွက် ရာထူးသက်တမ်းတခုလုံးနီးပါး ရပ်တည်ပေးခဲ့သော ရီပါတ်ဗလစ်တို့ ထူးထူးခြားခြာလမ်းခွဲလိုက်ခြင်းဖြစ်သည်။
 
ထရမ့်က ထိုကာကွယ်ရေး အသုံးစရိတ် ဥပဒေကြမ်းကို ပယ်ချသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖြစ်ခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ဒီမိုကရက်နှင့် ရီပါတ်ဗလစ်ကန် နှစ်ဖက်လုံးကထောက်ခံသော ထိုဥပဒေကြမ်းကို လပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး နှစ်ပေါင်း ၆၀ ကြာထိုကဲ့သို့ အတည်ပြုနိုင်ခြင်းကို ဂုဏ်ယူကြသည်။
 
ထိုဒေါ်လာ ဘီလီယံ ၇၄၀ တန်သော အမျိုးသားကာကွယ်ရေး ခွင့်ပြုချက် ဥပဒေသည် စစ်ရေးအစီအစဉ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပထဝီနိုင်ငံရေး ခြိမ်းခြောက်မှုကို တုံ့ပြန်ခြင်အထိ အရာရာအကျုံးဝင်သော ဥပဒေဖြစ်သည်။
 
ထိုဥပဒေမှ ပုဒ်မ ၂၃၀ ကို ပြင်ဆင်ခြင်းမရှိသောကြောင့် ထိုဥပဒေကို လက်မှတ်မထိုးနိုင်ကြောင်း ထရမ့်ကပြောသည်။ ထိုပုဒ်မအရ အင်တာနက်ကုမ္ပဏီများကို ဥပဒေကြောင်းအရ အကာအကွယ်ပေးထားသည်။ ထို့အပြင် စစ်စခန်းအမည်များမှ ကွန်ဖက်ဒရိတ် ဗိုလ်ချုပ်များ၏ အမည်များကို ဖယ်ရှားသည့် ပုဒ်မကိုလည်း ထရမ့်က လက်မခံပေ။
 
“ဒီဥပဒေကို ကျနော်တို့က ၅၉ နှစ်ဆက်တိုက် အတည်ပြုလာတာ။ လာမယ့်တနင်္ဂနွေနေ့ ကွန်ဂရက် သက်တမ်းမကုန်ခင် တနည်းမဟုတ်တနည်းနဲ့ ဒီဥပဒေကြမ်းကို ဥပဒေဖြစ်အောင်အတည်ပြုရမယ်” ဟု အထက်လွှတ်တော်ခေါင်းဆောင် မစ်ချ် မက်ကွန်းနဲလ်ပြောသည်။
 
မဲများကို ရေတွက်လိုက်သောအခါ ထရမ့်သည် ထိုအားပြိုင်မှုတွင် ရှုံးနိမ့်သွားသောကြောင့် လာမည့် ဗုဒ္ဓဟူးနေ့တွင် ကန့်ကွက်မည်ဟု တွစ်တာတွင်ရေးသည်။ ကွန်ဂရက်သည် ထိုနေ့တွင် သမ္မတအဖြစ်အရွေးခံထားရသူ ဘိုင်ဒင်၏ ပြည်နယ်ကိုယ်စားလှယ်မဲများကို အတည်ပြုရန် တရားဝင်ရေတွက်မည်ဖြစ်သည်။
 
 
Linko
Ref:theguardian
ဝါရှင်တန်၊ ဇန်နဝါရီ ၂ 
 
(  Zawgyi )
 
 အထက္လႊတ္ေတာ္မွ ရီပတ္ဗလစ္ကန္မ်ားသည္ သမၼတထရမ့္ ရာထူးသက္တမ္းအတြင္း ပထမဆုံးအႀကိမ္အျဖစ္ သမၼတ၏တခ်က္လႊတ္ အာဏာျဖင့္ ဥပေဒၾကမ္း ပယ္ခ်ျခင္းကို ေသာၾကာေန႔က လႊမ္းမိုးပယ္ဖ်က္လိုက္သည္ ။
 
ထရမ့္ရာထူးစြန႔္လႊတ္ရန္ ရက္ ၂၀ အလိုတြင္ အထက္လႊတ္ေတာ္သည္ ကာကြယ္ေရး အသုံးစရိတ္ဥပေဒၾကမ္းအား ထရမ့္ကပယ္ခ်သည့္ၾကားမွ အထက္လႊတ္ေတာ္က အတည္ျပဳလိုက္ျခင္းျဖစ္သည္။
 
 
ရွားရွားပါးပါး ႏွစ္သစ္ကူးကာလတြင္က်င္းပသည့္ အထက္လႊတ္ေတာ္အစည္အေဝးတြင္ သမၼတ၏တခ်က္လႊတ္ပယ္ခ်ျခင္းကို လႊမ္းမိုးပယ္ဖ်က္ရန္ မဲအမ်ားစုျဖစ္ေသာ သုံးပုံႏွစ္ပုံ ရရွိခဲ့သည္။ တနဂၤေႏြေန႔တြင္ အထက္လႊတ္ေတာ္ကိုယ္စားလွယ္သစ္မ်ား က်မ္းက်ိန္ဆိုပြဲ မတိုင္မီ ယခုကဲ့သို႔ မဲခြဲ ဆုံးျဖတ္ျခင္းျဖစ္သည္။
 
သမၼတ၏ တခ်က္လႊတ္အမိန႔္ျဖင့္ ဥပေဒၾကမ္းပယ္ခ်မႈ ၈ ခု ယခင္ကရွိခဲ့ေသာ္လည္း ထိုစဥ္က သမၼတ၏ ပယ္ခ်ျခင္းသည္ အတည္ျဖစ္ခဲ့သည္။ အေမရိကန္ ဖြဲ႕စည္း အုပ္ခ်ဳပ္ပုံ အေျခခံဥပေဒအရ သမၼတသည္ ကြန္ဂရက္က အတည္ျပဳသည့္ ဥပေဒၾကမ္းကို ပယ္ခ်ႏိုင္ေသာ္လည္း ေအာက္လႊတ္ေတာ္ႏွင့္ အထက္လႊတ္ေတာ္မဲ သုံးပုံႏွစ္ပုံ ရရွိပါက သမၼတ၏ ဥပေဒၾကမ္းပယ္ခ်ျခင္းကို လႊမ္းမိုးပယ္ဖ်က္ႏိုင္သည္။
 
ဒီမိုကရက္တို႔ ထိန္းခ်ဳပထားေသာ ေအာက္လႊတ္ေတာ္က ထိုဥပေဒၾကမ္းကို တနလၤာေန႔က အတည္ျပဳခဲ့ၿပီး ရီပါတ္ဗလစ္ကန္တို႔ ဦးေဆာင္သည့္ အထက္လႊတ္ေတာ္က ထိုဥပေဒၾကမ္းကို ေသာၾကာေန႔က ၈၁ မဲ ၁၃ မဲျဖင့္ အတည္ျပဳလိုက္ျခင္းျဖစ္သည္။
 
ထရမ့္၏ တခ်က္လႊတ္ပယ္ခ်ျခင္းကို လႊမ္းမိုပယ္ဖ်က္ျခင္းသည္ ထရမ့္အတြက္ ရာထူးသက္တမ္းတခုလုံးနီးပါး ရပ္တည္ေပးခဲ့ေသာ ရီပါတ္ဗလစ္တို႔ ထူးထူးျခားျခာလမ္းခြဲလိုက္ျခင္းျဖစ္သည္။
 
ထရမ့္က ထိုကာကြယ္ေရး အသုံးစရိတ္ ဥပေဒၾကမ္းကို ပယ္ခ်ေသာေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေဒသျဖစ္ခဲ့ၾကသည္။ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ဒီမိုကရက္ႏွင့္ ရီပါတ္ဗလစ္ကန္ ႏွစ္ဖက္လုံးကေထာက္ခံေသာ ထိုဥပေဒၾကမ္းကို လေပါင္းမ်ားစြာ လုပ္ေဆာင္ခဲ့ၿပီး ႏွစ္ေပါင္း ၆၀ ၾကာထိုကဲ့သို႔ အတည္ျပဳႏိုင္ျခင္းကို ဂုဏ္ယူၾကသည္။
 
ထိုေဒၚလာ ဘီလီယံ ၇၄၀ တန္ေသာ အမ်ိဳးသားကာကြယ္ေရး ခြင့္ျပဳခ်က္ ဥပေဒသည္ စစ္ေရးအစီအစဥ္မ်ား၊ တည္ေဆာက္ေရးလုပ္ငန္းမ်ားႏွင့္ ပထဝီႏိုင္ငံေရး ၿခိမ္းေျခာက္မႈကို တုံ႔ျပန္ျခင္အထိ အရာရာအက်ဳံးဝင္ေသာ ဥပေဒျဖစ္သည္။
 
ထိုဥပေဒမွ ပုဒ္မ ၂၃၀ ကို ျပင္ဆင္ျခင္းမရွိေသာေၾကာင့္ ထိုဥပေဒကို လက္မွတ္မထိုးႏိုင္ေၾကာင္း ထရမ့္ကေျပာသည္။ ထိုပုဒ္မအရ အင္တာနက္ကုမၸဏီမ်ားကို ဥပေဒေၾကာင္းအရ အကာအကြယ္ေပးထားသည္။ ထို႔အျပင္ စစ္စခန္းအမည္မ်ားမွ ကြန္ဖက္ဒရိတ္ ဗိုလ္ခ်ဳပ္မ်ား၏ အမည္မ်ားကို ဖယ္ရွားသည့္ ပုဒ္မကိုလည္း ထရမ့္က လက္မခံေပ။
 
“ဒီဥပေဒကို က်ေနာ္တို႔က ၅၉ ႏွစ္ဆက္တိုက္ အတည္ျပဳလာတာ။ လာမယ့္တနဂၤေႏြေန႔ ကြန္ဂရက္ သက္တမ္းမကုန္ခင္ တနည္းမဟုတ္တနည္းနဲ႔ ဒီဥပေဒၾကမ္းကို ဥပေဒျဖစ္ေအာင္အတည္ျပဳရမယ္” ဟု အထက္လႊတ္ေတာ္ေခါင္းေဆာင္ မစ္ခ်္ မက္ကြန္းနဲလ္ေျပာသည္။
 
မဲမ်ားကို ေရတြက္လိုက္ေသာအခါ ထရမ့္သည္ ထိုအားၿပိဳင္မႈတြင္ ရႈံးနိမ့္သြားေသာေၾကာင့္ လာမည့္ ဗုဒၶဟူးေန႔တြင္ ကန႔္ကြက္မည္ဟု တြစ္တာတြင္ေရးသည္။ ကြန္ဂရက္သည္ ထိုေန႔တြင္ သမၼတအျဖစ္အေ႐ြးခံထားရသူ ဘိုင္ဒင္၏ ျပည္နယ္ကိုယ္စားလွယ္မဲမ်ားကို အတည္ျပဳရန္ တရားဝင္ေရတြက္မည္ျဖစ္သည္။
 
 
Linko
Ref:theguardian
ဝါရွင္တန္၊ ဇန္နဝါရီ ၂