【 နိုင်ငံတကာ 】ကိုဗစ်-၁၉ ကြောင့် သူဌေးကြီးများ အကြီးအကျယ်ချမ်းသာလာပြီး ဆင်းရဲသားများ ဒုက္ခရောက်

【 နိုင်ငံတကာ 】ကိုဗစ်-၁၉ ကြောင့် သူဌေးကြီးများ အကြီးအကျယ်ချမ်းသာလာပြီး ဆင်းရဲသားများ ဒုက္ခရောက်

အမေဇုန်မှ ဂျက်ဖ်ဘက်ဇိုနှင့် တယ်လ်ဆာတည်ထောင်သူ အီလွန်မတ်စ်ခ် အပါအဝင် ဘီလီယံနာကြီး များသည် ကိုဗစ်နိုင်တင်းအတွင်း ချမ်းသာကြွယ်ဝမှုတိုးလာပြီး ကမ္ဘာတဝှမ်းမှ ဆင်းရဲသားများမှာ နှစ်ပေါင်း များ စွာ အခက်အခဲများနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း Oxfam  ပရဟိတ အဖွဲ့က တနင်္လာနေ့တွင်ပြောကြား လိုက်ပြီး ဆင်းရဲချမ်းသာ ကွာဟမှုကို ကိုင်တွယ်ရန်တောင်းဆိုလိုက်သည်။
နိုင်ငံများသည် မျှတပြီး သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော အစိမ်းရောင်နာလန်ထမှုတည် ဆောက်နိုင်ရန် အခွင့်အလမ်းနည်းလာနေကြောင်း ဗီဒီယို ကမ္ဘာ့စီးပွားရေးဖိုရမ် Davos Dialogue အတွက် ကမ္ဘာ့ခေါင်းဆောင်များ စီစဉ်နေစဉ် ထုတ်ပြန်သည့်  “ဆင်းရဲချမ်းသာကွာဟမှုဗိုင်းရပ်စ်“ အမည်ရှိ အစီရင် ခံစာကဆိုသည်။

“မှတ်တမ်းတင်မှုစတင်ချိန်နောက်ပိုင်းတွင် ဆင်းရဲချမ်းသာကွာဟမှု အမြင့်မားဆုံး အခြေအနေကို တွေ့နေရသည်” ဟု Oxfam International မှ အမှုဆောင်ဒါရိုက်တာ ဂါဘရီရယ်လာ ဘတ်ချာက ကြေညာ ချက်တစောင်တွင်ပြောပြီး ပိုမိုမြင်မားသော ချမ်းသာကြွယ်ဝမှု အခွန်ကောက်ခံရန်နှင့် အလုပ်သမားများကို ပိုမိုခိုင်မာသော အကာအကွယ်ပေးရန် တောင်းဆိုသည်။“မသမာသော စီးပွားရေးများသည် ကမ္ဘာတဝှမ်း ကူးစက်ရောဂါ ဖြစ်ပွားချိန်တွင် ဇိမ်ခံနေကြသော ချမ်းသာကြွယ်ဝသည့်  အထက်လွှာများသို့ ချမ်းသာကြွယ်ဝမှုများကို သိမ်းကြုံးပို့ပေးနေပြီး ကမ္ဘာတဝှမ်း ကူးစက်ရောဂါ ရှေ့တန်းစစ်မျက်နှာမှလူများ - ဆိုင်အကူများ၊ ကျန်းမာရေးလုပ်သားများနှင့် ဈေးသည်များမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်” ဟု ထိုအစီရင်ခံစာက ဆိုသည်။

ကိုဗစ်နိုင်တင်းသည် ဆင်းရဲသားများနှင့်ထိခိုက်လွယ်သူများကို အပြင်းထန်ဆုံးတိုက်ခတ်သည့် စီးပွား ရေး မုန်တိုင်းကို ဖန်တီးပေးလိုက်ပြီး အမျိုးသမီးများနှင့် အပစ်ပယ်ခံ အလုပ်သမားများအတွက် အဆိုးရွားဆုံး အလုပ်ကိုင်ဆုံးရှုံးမှုကိုဖြစ်စေကာ လူသန်း ၁၀၀ ကို လွန်နက်ရှိုင်းသော ဆင်းရဲတွင်းသို့ ပို့ဆောင်လိုက်ကြောင်း ကမ္ဘာ့ဘဏ်ကလည်း သတိပေးထားသည်။ ဆင်းရဲနွမ်းပါးမှု အခြေအနေတွင်နေထိုင်ရသူအရေအတွက်ကို ကမ္ဘာတဝှမ်းကူးစက်ရောဂါမတိုင်မီက အဆင့်သို့ပြန်ရောက်အောင်လုပ်ဆောင်ရန်ပင် ဆယ်စုနှစ်တခုမက အချိန်ယူရမည်ဖြစ်ကြောင်း Oxfam က ဖေါ်ပြသည်။

တချိန်တည်းတွင် ကမ္ဘာ့ဘီလီယံနာကြီးများ၏ စုစုပေါင်းချမ်းသာကြွယ်ဝမှုသည် ၂၀၂၀ ခုနှစ်မတ်လ မှ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၃.၉ ထရီလီယံတိုးလာကာ ဒေါ်လာ ၁၁.၉ ထရီလီယံအထိရှိလာကြောင်း အထက်ပါအစီရင်ခံစာကတွက်ချက်ပြသည်။ ဘက်ဇို၊ အီလွန်မက်စ်ခ်၊ LVMH luxury group အမှုဆောင်အရာရှိချုပ် ဘားနပ်အာနော့၊ မိုက်ခရို ဆော့မှ ဘီလ်ဂိတ်၊ ဖေ့ဘွတ် အမှုဆောင်အရာရှိချုပ် ဇပ်ကာဘတ် အပါအဝင် ကမ္ဘာ့အချမ်းသာဆုံး လူ ၁၀ ဦး၏ ကြွယ်ဝချမ်းသာမှုသည် အလားတူကာလအတွင်း ဒေါ်လာ ၅၄၀ ဘီလီယံတိုးလာသည်။

ထိုပမာဏသည် ကမ္ဘာပေါ်ရှိမည်သူတဦးတယောက်ကိုမဆို ကူးစက်ရောဂါကြောင့်ဖြစ်ပွားရသည့် ဆင်းရဲတွင်းမှ ကယ်တင်နိုင်သော၊ ကမ္ဘာရှိလူသားတိုင်းကို ကာကွယ်ဆေးဖို့ပေးနိုင်သော ပမာဏဖြစ်ကြောင်း တွက်ချက်မှုအရ သိရသည်။ ကမ္ဘာတဝှမ်းကူးစက်ရောဂါသည် စီးပွားရေး မညီမျှမှုကို ဖွင့်ချပြသပြီး အသွင်ကူးပြောင်းရေး မူဝါဒ များကို ထောက်ခံမှုဖြစ်စေကာ ချမ်းသာကြွယ်ဝမှု နှင့် ကော်ပိုရိတ်လုပ်ငန်းများအပေါ် အခွန်တိုးမြှင့်ရေးနှင့် အလုပ်သမားများအား ပိုမိုခိုင်မာသော အကာကွယ်ပေးရေး တောင်းဆိုမှုများကိုဖြစ်စေသည်။

Linko
Ref: france24

ပဲရစ်စ် ၊ဇန်နဝါရီ ၂၅

 

(  Zawgyi  )

 

 အေမဇုန္မွ ဂ်က္ဖ္ဘက္ဇိုႏွင့္ တယ္လ္ဆာတည္ေထာင္သူ အီလြန္မတ္စ္ခ္ အပါအဝင္ ဘီလီယံနာႀကီး မ်ားသည္ ကိုဗစ္ႏိုင္တင္းအတြင္း ခ်မ္းသာႂကြယ္ဝမႈတိုးလာၿပီး ကမာၻတဝွမ္းမွ ဆင္းရဲသားမ်ားမွာ ႏွစ္ေပါင္း မ်ား စြာ အခက္အခဲမ်ားႏွင့္ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း Oxfam  ပရဟိတ အဖြဲ႕က တနလၤာေန႔တြင္ေျပာၾကား လိုက္ၿပီး ဆင္းရဲခ်မ္းသာ ကြာဟမႈကို ကိုင္တြယ္ရန္ေတာင္းဆိုလိုက္သည္။
ႏိုင္ငံမ်ားသည္ မွ်တၿပီး သဘာဝပတ္ဝန္းက်င္ႏွင့္ကိုက္ညီေသာ အစိမ္းေရာင္နာလန္ထမႈတည္ ေဆာက္ႏိုင္ရန္ အခြင့္အလမ္းနည္းလာေနေၾကာင္း ဗီဒီယို ကမာၻ႔စီးပြားေရးဖိုရမ္ Davos Dialogue အတြက္ ကမာၻ႔ေခါင္းေဆာင္မ်ား စီစဥ္ေနစဥ္ ထုတ္ျပန္သည့္  “ဆင္းရဲခ်မ္းသာကြာဟမႈဗိုင္းရပ္စ္“ အမည္ရွိ အစီရင္ ခံစာကဆိုသည္။

“မွတ္တမ္းတင္မႈစတင္ခ်ိန္ေနာက္ပိုင္းတြင္ ဆင္းရဲခ်မ္းသာကြာဟမႈ အျမင့္မားဆုံး အေျခအေနကို ေတြ႕ေနရသည္” ဟု Oxfam International မွ အမႈေဆာင္ဒါ႐ိုက္တာ ဂါဘရီရယ္လာ ဘတ္ခ်ာက ေၾကညာ ခ်က္တေစာင္တြင္ေျပာၿပီး ပိုမိုျမင္မားေသာ ခ်မ္းသာႂကြယ္ဝမႈ အခြန္ေကာက္ခံရန္ႏွင့္ အလုပ္သမားမ်ားကို ပိုမိုခိုင္မာေသာ အကာအကြယ္ေပးရန္ ေတာင္းဆိုသည္။“မသမာေသာ စီးပြားေရးမ်ားသည္ ကမာၻတဝွမ္း ကူးစက္ေရာဂါ ျဖစ္ပြားခ်ိန္တြင္ ဇိမ္ခံေနၾကေသာ ခ်မ္းသာႂကြယ္ဝသည့္  အထက္လႊာမ်ားသို႔ ခ်မ္းသာႂကြယ္ဝမႈမ်ားကို သိမ္းႀကဳံးပို႔ေပးေနၿပီး ကမာၻတဝွမ္း ကူးစက္ေရာဂါ ေရွ႕တန္းစစ္မ်က္ႏွာမွလူမ်ား - ဆိုင္အကူမ်ား၊ က်န္းမာေရးလုပ္သားမ်ားႏွင့္ ေဈးသည္မ်ားမွာ စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနရသည္” ဟု ထိုအစီရင္ခံစာက ဆိုသည္။

ကိုဗစ္ႏိုင္တင္းသည္ ဆင္းရဲသားမ်ားႏွင့္ထိခိုက္လြယ္သူမ်ားကို အျပင္းထန္ဆုံးတိုက္ခတ္သည့္ စီးပြား ေရး မုန္တိုင္းကို ဖန္တီးေပးလိုက္ၿပီး အမ်ိဳးသမီးမ်ားႏွင့္ အပစ္ပယ္ခံ အလုပ္သမားမ်ားအတြက္ အဆိုး႐ြားဆုံး အလုပ္ကိုင္ဆုံးရႈံးမႈကိုျဖစ္ေစကာ လူသန္း ၁၀၀ ကို လြန္နက္ရႈိင္းေသာ ဆင္းရဲတြင္းသို႔ ပို႔ေဆာင္လိုက္ေၾကာင္း ကမာၻ႔ဘဏ္ကလည္း သတိေပးထားသည္။ ဆင္းရဲႏြမ္းပါးမႈ အေျခအေနတြင္ေနထိုင္ရသူအေရအတြက္ကို ကမာၻတဝွမ္းကူးစက္ေရာဂါမတိုင္မီက အဆင့္သို႔ျပန္ေရာက္ေအာင္လုပ္ေဆာင္ရန္ပင္ ဆယ္စုႏွစ္တခုမက အခ်ိန္ယူရမည္ျဖစ္ေၾကာင္း Oxfam က ေဖၚျပသည္။

တခ်ိန္တည္းတြင္ ကမာၻ႔ဘီလီယံနာႀကီးမ်ား၏ စုစုေပါင္းခ်မ္းသာႂကြယ္ဝမႈသည္ ၂၀၂၀ ခုႏွစ္မတ္လ မွ ဒီဇင္ဘာလအတြင္း ေဒၚလာ ၃.၉ ထရီလီယံတိုးလာကာ ေဒၚလာ ၁၁.၉ ထရီလီယံအထိရွိလာေၾကာင္း အထက္ပါအစီရင္ခံစာကတြက္ခ်က္ျပသည္။ ဘက္ဇို၊ အီလြန္မက္စ္ခ္၊ LVMH luxury group အမႈေဆာင္အရာရွိခ်ဳပ္ ဘားနပ္အာေနာ့၊ မိုက္ခ႐ို ေဆာ့မွ ဘီလ္ဂိတ္၊ ေဖ့ဘြတ္ အမႈေဆာင္အရာရွိခ်ဳပ္ ဇပ္ကာဘတ္ အပါအဝင္ ကမာၻ႔အခ်မ္းသာဆုံး လူ ၁၀ ဦး၏ ႂကြယ္ဝခ်မ္းသာမႈသည္ အလားတူကာလအတြင္း ေဒၚလာ ၅၄၀ ဘီလီယံတိုးလာသည္။

ထိုပမာဏသည္ ကမာၻေပၚရွိမည္သူတဦးတေယာက္ကိုမဆို ကူးစက္ေရာဂါေၾကာင့္ျဖစ္ပြားရသည့္ ဆင္းရဲတြင္းမွ ကယ္တင္ႏိုင္ေသာ၊ ကမာၻရွိလူသားတိုင္းကို ကာကြယ္ေဆးဖို႔ေပးႏိုင္ေသာ ပမာဏျဖစ္ေၾကာင္း တြက္ခ်က္မႈအရ သိရသည္။ ကမာၻတဝွမ္းကူးစက္ေရာဂါသည္ စီးပြားေရး မညီမွ်မႈကို ဖြင့္ခ်ျပသၿပီး အသြင္ကူးေျပာင္းေရး မူဝါဒ မ်ားကို ေထာက္ခံမႈျဖစ္ေစကာ ခ်မ္းသာႂကြယ္ဝမႈ ႏွင့္ ေကာ္ပိုရိတ္လုပ္ငန္းမ်ားအေပၚ အခြန္တိုးျမႇင့္ေရးႏွင့္ အလုပ္သမားမ်ားအား ပိုမိုခိုင္မာေသာ အကာကြယ္ေပးေရး ေတာင္းဆိုမႈမ်ားကိုျဖစ္ေစသည္။

Linko
Ref: france24

ပဲရစ္စ္ ၊ဇန္နဝါရီ ၂၅