【 နိုင်ငံတကာ 】ထရမ့်ထောက်ခံပွဲရှိသဖြင့် ဓါတုနှင့်ဇီဝတိုက်ခိုက်မှုအထူးပြု အမျိုးသား အစောင့်တပ်များကို ဝါရှင်တန်မြို့ဝန် ခေါ်ယူထား

【  နိုင်ငံတကာ 】ထရမ့်ထောက်ခံပွဲရှိသဖြင့် ဓါတုနှင့်ဇီဝတိုက်ခိုက်မှုအထူးပြု အမျိုးသား အစောင့်တပ်များကို ဝါရှင်တန်မြို့ဝန် ခေါ်ယူထား

ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲအောင်နိုင်ခြင်းကို ကွန်ဂရက်က ဗုဒ္ဓဟူးနေ့တွင်အတည်ပြုမည်ဟု မျှော်လင့် သောကြောင့် သမ္မတထရမ့်ထောက်ခံသူများက စီစဉ်ထားသော ဆန္ဒပြပွဲများမတိုင်မီ ဝါရှင်တန် ဒီစီတွင် အမျိုးသား အစောင့်တပ်များကို ချထားလိုက်သည်။ထရမ့်ကိုထောက်ခံသူများသည် မဲလိမ်သည်ဆိုသည့် သူ၏ အထောက်အထားမဲ့ စွပ်စွဲချက်များ ပိုမိုခိုင်မာစေရန်အတွက် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် ဆန္ဒပြစုရုံးရန် စီစဉ်ထားသည်။
“ကျနော်တို့မြို့ကို လက်နက်ကိုင်ပြီးလာဖို့ ရည်ရွယ်ထားသူတွေရှိတယ်” ဟု ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ ခေတ္တအကြီးအကဲ ရောဘတ် ကွန်တီပြောသည်။ထရမ့်ကိုထောက်ခံသော ဒီဇင်ဘာလက ဆန္ဒပြပွဲတခုတွင် ထရမ့်ကိုထောက်ခံသူရာပေါင်းများစွာသည် မာန်တက်နေသော ကလေးများ - Proud Boys အဖွဲ့၏ သင်္ကေတ အနက်ရောင်နှင့် အဝါရောင် အဝတ်များကို ဝတ်ဆင်ပြီး အိမ်ဖြူတော်အနီးရှိ လူမည်းဘဝအရေးပါသည် Black Lives Matter Plaza ပလာဇာသို့ ဝင်ရောက်ရန် ကြိုးစားသောကြောင့် ၎င်းတို့ကို တားဆီးရန်ကြိုးစားသည် ဒေသခံတက်ကြွလှုပ်ရှားသူများနှင့် ထိပ်တိုက်ဖြစ်ခဲ့သည်။

ယခုအပတ်အတွင်း စီစဉ်ထားသည့် ဆန္ဒပြပွဲများမတိုင်မီ ဝါရှင်တန် ဒီစီသို့ရောက်လာသော အသက် ၃၆ နှစ်အရွယ် Proud Boys ခေါင်းဆောင် ဟင်နရီတာရီယိုကို တနင်္လာနေ့တွင် ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့သည်။ဒီဇင်ဘာလ ဆန္ဒပြပွဲများအတွင်း လွှင်ထူထားသည့် ဝါရှင်တန်မြို့လယ်ရှိ သမိုင်းဝင်လူမည်း ဘုရားကျောင်းမှ Black Lives Matter အလံကိုဖြုတ်ချ မီးရှို့သည်ဟု တာရီယို ကို စွပ်စွဲထားသည်။ ပစ္စည်းဖျက်ဆီးခြင်းအတွက် တာရီယိုကို ဖမ်းဆီးရန် ဝရမ်းတစ်စောင် ထုတ်ပြန်ထားကြောင်း ရဲအဖွဲ့ ပြောသည်။သူ့ကို ဖမ်းဆီးချိန်တွင် စွမ်းအားပြင်း ကျည်ဆံနှစ်ကပ်တွေ့သောကြောင့် သူသည် လက်နက်ဆိုင်ရာ စွဲချက်များကိုလည်း ရင်ဆိုင်နေရကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူကပြောသည်။

ထရမ့်သည် ယခုအပတ် ဆန္ဒပြပွဲများကို အကြိမ်ကြိမ် အားပေးနေပြီး သူကိုယ်တိုင်ပင် ဝင်ရောက် ဆင်နွဲမည့်သဘောမျိုး ပြောဆိုနေသည်။ ထိုဆန္ဒပြပွဲများကို လှုံ့ဆော်သည့် တွစ်တာ သတင်းစကား တခုတွင် ထရမ့်က “ငါလည်းလာမယ်။ သမိုင်းဝင်နေ့ပဲ” ဟုရေးသားခဲ့သည်။ထိုဆန္ဒပြပွဲများသည် ဗုဒ္ဓဟူးနေ့တွင် ပြည်နယ်ကိုယ်စားလှယ်မဲများကို ကွန်ဂရက်က အတည်ပြုမည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထရမ့်က ရွေးကောက်ပွဲရလဒ်ကို ဆက်လက် အငြင်းပွားနေဆဲဖြစ်သည်။ပါတီနှစ်ခုလုံးမှ ရွေးကောက်ပွဲအရာရှိများ၊ အကြိတ်အနယ်ပြိုင်ရသော ပြည်နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့် ထရမ့်၏ ရှေ့နေချုပ်ဟောင်း ဝီလျှံဘားတို့က ရွေးကောက်ပွဲတွင် အကျယ်အပြန့် မဲလိမ်ခြင်းမရှိကြောင်း ပြောကြားထားပြီးဖြစ်သည်။ထရမ့်နှင့်သူ၏ မဟာမိတ်များ၏ ရွေးကောက်ပွဲရလဒ်အပေါ် ဥပဒေကြောင်းအရ စိန်ခေါ်မှုအားလုံး နီးပါးကိုလည်း တရားသူကြီးများက ပယ်ချပြီးဖြစ်သည်။ ဗဟိုတရားရုံးကပယ်ချလိုက်သော စိန်ခေါ်မှု နှစ် ခုရှိသည်။ယခုအခါ ဝါရှင်တန် ဒီစီမြို့လယ်မှ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ မှန်တခါး၊ ပြတင်းများကို အကာအကွယ်များ ပြုလုပ်နေသည်။ မြို့တော်ဝန် မြူရီရယ် ဘောက်ဆာကလည်း မြိုတော် ရဲတပ်ဖွဲ့ကို အင်အားဖြည့်တင်းရန် အမျိုးသား အစောင့်တပ်များကို အကန့်အသတ်ဖြင့် ချထားရန် တောင်းဆိုခဲ့သည်။တနင်္လာနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် မစ္စဘောက်ဆာက ဝါရှင်တန် ဒီစီတွင်နေထိုင်သူများအနေဖြင့် မြို့လယ်ကို ရှောင်ရှားရန်နှင့် ရန်စသော သူ မည်သူနှင့်မျှ ထိပ်တိုက်မတွေ့ရန်ပြောကြားထားသည်။

 

သို့သော်သူမက “ကျမတို့ မြို့သူ မြို့သားတွေကို အကြမ်းဖက်မှု၊ခြိမ်းခြောက်မှုလှုံဆော်တာ ဒါမှမဟုတ် ကျမတို့ မြို့ကို ဖျက်ဆီးတာကို ကျမခွင့်ပြုမှာ မဟုတ်ဘူး” ဟုလည်း သတိပေးထားသည်။အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိများ၏ အဆိုအရ မစ္စဘောက်ဆာက အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ဝါရှင်တန် ဒီစီလမ်းများတွင် အမျိုးသား အစောင့်တပ်များ ချထားရန် တောင်းဆိုမှုကို နှစ်သစ်ကူးမတိုင်မီနေ့က ပြုလုပ်ခဲ့ကြောင်း သိရည်။
ထို တပ်ကူအစောင့်တပ်များကို ယာဉ်ကြောထိန်းသိမ်းရေးနှင့် အခြားနေရာများတွင်သုံးမည်ဖြစ်ပြီး လက်နက်နှင့် ခန္ဓာကိုယ် အကာအကွယ်များ ဝတ်ဆင်ပေးထားမည်မဟုတ်ပေ။ဒီစီရှိ အမျိုးသားအစောင်တပ်မှ လူ ၃၄၀ ကို ချထားမည်ဖြစ်ပြီး အချိန်တိုင်းတွင် လူ ၁၁၅ ဦး ဒီစီ လမ်းမများပေါ်တွင်ရှိနေမည်ဖြစ်သည်ဟု ကာကွယ်ရေးဌာန အရာရှိကပြောသည်။မည်သည့်တာဝန်ထမ်းဆောင်နေသည့် စစ်တပ်ဖွဲ့ဝင်ကိုမျှ ချထားမည်မဟုတ်ကြောင့် အမေရိကန် စစ်တပ်သည် လေကြောင်းနှင့်ထောက်လှမ်းရေး အကူအညီလည်း ပေးမည်မဟုတ်ကြောင်း ကာကွယ်ရေးဌာန အရာရှိပြောသည်။
 

ဒီစီအမျိုးသား အစောင့်တပ်များသည် ဓါတုနှင့်ဇီ၀ တိုက်ခိုက်မှုများအတွက် ပြင်ဆင်ထားသော အထူးအဖွဲ့များဖြစ်ကြောင်း သိရသည်။ထရမ့်လိုလားသူများက အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တွင် နေရာသုံးခုတွင် သီးခြားဆန္ဒပြရန် လျှောက်ထားကြောင်း ခန့်မှန်းခြေတက်ရောက်သူ ၁၅၀၀၀ ရှိကြောင်း အမျိုးသာ ပန်းခြံဌာနက ဆိုသည်။ဆန္ဒပြသူများသည် အင်္ဂါနေ့ညနေတွင် Freedom Plaza တွင် စုဝေးပြီး ဗုဒ္ဓဟူးနေ့တနေကုန်တွင် Ellipse တွင်စုရုံးကာ နေ့လည် ၁ နာရီတွင် ကပီတို လွှတ်တော် အဆောက်အအုံသို့ ချီတက်မည်ဖြစ်သည်။

Linko
Ref:AP

ဝါရှင်တန်၊ ဇန်နဝါရီ ၅

(  Zawgyi  )

 ဂ်ိဳးဘိုင္ဒင္ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ျခင္းကို ကြန္ဂရက္က ဗုဒၶဟူးေန႔တြင္အတည္ျပဳမည္ဟု ေမွ်ာ္လင့္ ေသာေၾကာင့္ သမၼတထရမ့္ေထာက္ခံသူမ်ားက စီစဥ္ထားေသာ ဆႏၵျပပြဲမ်ားမတိုင္မီ ဝါရွင္တန္ ဒီစီတြင္ အမ်ိဳးသား အေစာင့္တပ္မ်ားကို ခ်ထားလိုက္သည္။ထရမ့္ကိုေထာက္ခံသူမ်ားသည္ မဲလိမ္သည္ဆိုသည့္ သူ၏ အေထာက္အထားမဲ့ စြပ္စြဲခ်က္မ်ား ပိုမိုခိုင္မာေစရန္အတြက္ အဂၤါေန႔ႏွင့္ ဗုဒၶဟူးေန႔မ်ားတြင္ ဆႏၵျပစု႐ုံးရန္ စီစဥ္ထားသည္။
“က်ေနာ္တို႔ၿမိဳ႕ကို လက္နက္ကိုင္ၿပီးလာဖို႔ ရည္႐ြယ္ထားသူေတြရွိတယ္” ဟု ဝါရွင္တန္ဒီစီ ရဲတပ္ဖြဲ႕ ေခတၱအႀကီးအကဲ ေရာဘတ္ ကြန္တီေျပာသည္။ထရမ့္ကိုေထာက္ခံေသာ ဒီဇင္ဘာလက ဆႏၵျပပြဲတခုတြင္ ထရမ့္ကိုေထာက္ခံသူရာေပါင္းမ်ားစြာသည္ မာန္တက္ေနေသာ ကေလးမ်ား - Proud Boys အဖြဲ႕၏ သေကၤတ အနက္ေရာင္ႏွင့္ အဝါေရာင္ အဝတ္မ်ားကို ဝတ္ဆင္ၿပီး အိမ္ျဖဴေတာ္အနီးရွိ လူမည္းဘဝအေရးပါသည္ Black Lives Matter Plaza ပလာဇာသို႔ ဝင္ေရာက္ရန္ ႀကိဳးစားေသာေၾကာင့္ ၎တို႔ကို တားဆီးရန္ႀကိဳးစားသည္ ေဒသခံတက္ႂကြလႈပ္ရွားသူမ်ားႏွင့္ ထိပ္တိုက္ျဖစ္ခဲ့သည္။

ယခုအပတ္အတြင္း စီစဥ္ထားသည့္ ဆႏၵျပပြဲမ်ားမတိုင္မီ ဝါရွင္တန္ ဒီစီသို႔ေရာက္လာေသာ အသက္ ၃၆ ႏွစ္အ႐ြယ္ Proud Boys ေခါင္းေဆာင္ ဟင္နရီတာရီယိုကို တနလၤာေန႔တြင္ ရဲတပ္ဖြဲ႕ ဖမ္းဆီးခဲ့သည္။ဒီဇင္ဘာလ ဆႏၵျပပြဲမ်ားအတြင္း လႊင္ထူထားသည့္ ဝါရွင္တန္ၿမိဳ႕လယ္ရွိ သမိုင္းဝင္လူမည္း ဘုရားေက်ာင္းမွ Black Lives Matter အလံကိုျဖဳတ္ခ် မီးရႈိ႕သည္ဟု တာရီယို ကို စြပ္စြဲထားသည္။ ပစၥည္းဖ်က္ဆီးျခင္းအတြက္ တာရီယိုကို ဖမ္းဆီးရန္ ဝရမ္းတစ္ေစာင္ ထုတ္ျပန္ထားေၾကာင္း ရဲအဖြဲ႕ ေျပာသည္။သူ႔ကို ဖမ္းဆီးခ်ိန္တြင္ စြမ္းအားျပင္း က်ည္ဆံႏွစ္ကပ္ေတြ႕ေသာေၾကာင့္ သူသည္ လက္နက္ဆိုင္ရာ စြဲခ်က္မ်ားကိုလည္း ရင္ဆိုင္ေနရေၾကာင္း ရဲတပ္ဖြဲ႕ ေျပာခြင့္ရသူကေျပာသည္။

ထရမ့္သည္ ယခုအပတ္ ဆႏၵျပပြဲမ်ားကို အႀကိမ္ႀကိမ္ အားေပးေနၿပီး သူကိုယ္တိုင္ပင္ ဝင္ေရာက္ ဆင္ႏြဲမည့္သေဘာမ်ိဳး ေျပာဆိုေနသည္။ ထိုဆႏၵျပပြဲမ်ားကို လႈံ႕ေဆာ္သည့္ တြစ္တာ သတင္းစကား တခုတြင္ ထရမ့္က “ငါလည္းလာမယ္။ သမိုင္းဝင္ေန႔ပဲ” ဟုေရးသားခဲ့သည္။ထိုဆႏၵျပပြဲမ်ားသည္ ဗုဒၶဟူးေန႔တြင္ ျပည္နယ္ကိုယ္စားလွယ္မဲမ်ားကို ကြန္ဂရက္က အတည္ျပဳမည့္အခ်ိန္ႏွင့္လည္း တိုက္ဆိုင္ေနသည္။ ထရမ့္က ေ႐ြးေကာက္ပြဲရလဒ္ကို ဆက္လက္ အျငင္းပြားေနဆဲျဖစ္သည္။ပါတီႏွစ္ခုလုံးမွ ေ႐ြးေကာက္ပြဲအရာရွိမ်ား၊ အႀကိတ္အနယ္ၿပိဳင္ရေသာ ျပည္နယ္မ်ားမွ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ထရမ့္၏ ေရွ႕ေနခ်ဳပ္ေဟာင္း ဝီလွ်ံဘားတို႔က ေ႐ြးေကာက္ပြဲတြင္ အက်ယ္အျပန႔္ မဲလိမ္ျခင္းမရွိေၾကာင္း ေျပာၾကားထားၿပီးျဖစ္သည္။ထရမ့္ႏွင့္သူ၏ မဟာမိတ္မ်ား၏ ေ႐ြးေကာက္ပြဲရလဒ္အေပၚ ဥပေဒေၾကာင္းအရ စိန္ေခၚမႈအားလုံး နီးပါးကိုလည္း တရားသူႀကီးမ်ားက ပယ္ခ်ၿပီးျဖစ္သည္။ ဗဟိုတရား႐ုံးကပယ္ခ်လိုက္ေသာ စိန္ေခၚမႈ ႏွစ္ ခုရွိသည္။ယခုအခါ ဝါရွင္တန္ ဒီစီၿမိဳ႕လယ္မွ စီးပြားေရးလုပ္ငန္းမ်ားသည္ ၎တို႔၏ မွန္တခါး၊ ျပတင္းမ်ားကို အကာအကြယ္မ်ား ျပဳလုပ္ေနသည္။ ၿမိဳ႕ေတာ္ဝန္ ျမဴရီရယ္ ေဘာက္ဆာကလည္း ၿမိဳေတာ္ ရဲတပ္ဖြဲ႕ကို အင္အားျဖည့္တင္းရန္ အမ်ိဳးသား အေစာင့္တပ္မ်ားကို အကန႔္အသတ္ျဖင့္ ခ်ထားရန္ ေတာင္းဆိုခဲ့သည္။တနလၤာေန႔က က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတခုတြင္ မစၥေဘာက္ဆာက ဝါရွင္တန္ ဒီစီတြင္ေနထိုင္သူမ်ားအေနျဖင့္ ၿမိဳ႕လယ္ကို ေရွာင္ရွားရန္ႏွင့္ ရန္စေသာ သူ မည္သူႏွင့္မွ် ထိပ္တိုက္မေတြ႕ရန္ေျပာၾကားထားသည္။

သို႔ေသာ္သူမက “က်မတို႔ ၿမိဳ႕သူ ၿမိဳ႕သားေတြကို အၾကမ္းဖက္မႈ၊ၿခိမ္းေျခာက္မႈလႈံေဆာ္တာ ဒါမွမဟုတ္ က်မတို႔ ၿမိဳ႕ကို ဖ်က္ဆီးတာကို က်မခြင့္ျပဳမွာ မဟုတ္ဘူး” ဟုလည္း သတိေပးထားသည္။အေမရိကန္ကာကြယ္ေရး ဝန္ႀကီးဌာန အရာရွိမ်ား၏ အဆိုအရ မစၥေဘာက္ဆာက အဂၤါေန႔မွ ၾကာသပေတးေန႔အထိ ဝါရွင္တန္ ဒီစီလမ္းမ်ားတြင္ အမ်ိဳးသား အေစာင့္တပ္မ်ား ခ်ထားရန္ ေတာင္းဆိုမႈကို ႏွစ္သစ္ကူးမတိုင္မီေန႔က ျပဳလုပ္ခဲ့ေၾကာင္း သိရည္။
ထို တပ္ကူအေစာင့္တပ္မ်ားကို ယာဥ္ေၾကာထိန္းသိမ္းေရးႏွင့္ အျခားေနရာမ်ားတြင္သုံးမည္ျဖစ္ၿပီး လက္နက္ႏွင့္ ခႏၶာကိုယ္ အကာအကြယ္မ်ား ဝတ္ဆင္ေပးထားမည္မဟုတ္ေပ။ဒီစီရွိ အမ်ိဳးသားအေစာင္တပ္မွ လူ ၃၄၀ ကို ခ်ထားမည္ျဖစ္ၿပီး အခ်ိန္တိုင္းတြင္ လူ ၁၁၅ ဦး ဒီစီ လမ္းမမ်ားေပၚတြင္ရွိေနမည္ျဖစ္သည္ဟု ကာကြယ္ေရးဌာန အရာရွိကေျပာသည္။မည္သည့္တာဝန္ထမ္းေဆာင္ေနသည့္ စစ္တပ္ဖြဲ႕ဝင္ကိုမွ် ခ်ထားမည္မဟုတ္ေၾကာင့္ အေမရိကန္ စစ္တပ္သည္ ေလေၾကာင္းႏွင့္ေထာက္လွမ္းေရး အကူအညီလည္း ေပးမည္မဟုတ္ေၾကာင္း ကာကြယ္ေရးဌာန အရာရွိေျပာသည္။

ဒီစီအမ်ိဳးသား အေစာင့္တပ္မ်ားသည္ ဓါတုႏွင့္ဇီ၀ တိုက္ခိုက္မႈမ်ားအတြက္ ျပင္ဆင္ထားေသာ အထူးအဖြဲ႕မ်ားျဖစ္ေၾကာင္း သိရသည္။ထရမ့္လိုလားသူမ်ားက အဂၤါႏွင့္ ဗုဒၶဟူးေန႔တြင္ ေနရာသုံးခုတြင္ သီးျခားဆႏၵျပရန္ ေလွ်ာက္ထားေၾကာင္း ခန႔္မွန္းေျခတက္ေရာက္သူ ၁၅၀၀၀ ရွိေၾကာင္း အမ်ိဳးသာ ပန္းၿခံဌာနက ဆိုသည္။ဆႏၵျပသူမ်ားသည္ အဂၤါေန႔ညေနတြင္ Freedom Plaza တြင္ စုေဝးၿပီး ဗုဒၶဟူးေန႔တေနကုန္တြင္ Ellipse တြင္စု႐ုံးကာ ေန႔လည္ ၁ နာရီတြင္ ကပီတို လႊတ္ေတာ္ အေဆာက္အအုံသို႔ ခ်ီတက္မည္ျဖစ္သည္။

Linko
Ref:AP

ဝါရွင္တန္၊ ဇန္နဝါရီ ၅