【 နိုင်ငံတကာ 】ထရမ့်ပြင်ဆင်သည့် နိုင်ငံသားတစ်ဦး ဒေါ်လာ ၂၀၀၀ ထောက်ပံ့မည့် အစီအစဉ် အောက်လွှတ်တော်အတည်ပြု

【  နိုင်ငံတကာ  】ထရမ့်ပြင်ဆင်သည့်  နိုင်ငံသားတစ်ဦး ဒေါ်လာ ၂၀၀၀ ထောက်ပံ့မည့် အစီအစဉ် အောက်လွှတ်တော်အတည်ပြု

သမ္မတဒေါ်နယ်ထရမ့်တောင်းဆိုသည့် နိုင်ငံသားတဦးလျှင် ဒေါ်လာ ၂၀၀၀ စီ ပေးရန်အစီအစဉ်ကို ဒီမိုကရက်များဦးဆောင်သည့် အောက်လွှတ်တော်က ၂၇၅ မဲ ၁၃၄ မဲဖြင့် တနင်္လာနေ့တွင်အတည်ပြုလိုက်ပြီး ထိုအစီအစဉ်ကို ရီပါတ်ဗလစ်ကန်များ ဦဆောင်သည့် အထက်လွတ်တော်သို့ ပေးပိုကာ မရေရာသော အနာဂါတ်ကို ဖြစ်စေသည်။

စီးပွားရေးကို တွန်းအားပေးရန် ရီပါတ်ဗလစ်ကန်သမ္မတတောင်းဆိုသည့်ကိစ္စကို ဒီမိုကရက်များက သဘောတူသော်လည်း ၎င်းတို့သည် သမ္မတက ဒေါ်လာ ၄၇၀ ဘီလီယံ ကာကွယ်ရေး မူဝါဒ ဥပဒေကြမ်းကို သမ္မတက တချက်လွှတ် ဗီတိုအာဏာဖြင့် ပယ်ဖျက်ရန် အောက်လွှတ်တော်တွင် မဲခွဲရေးကိုလည်း လုပ်ဆောင်ခဲ့သည်။ ထိုသို့ တချက်လွှတ်အာဏာဖြင့် ကန့်ကွက်ခြင်းသည် ယခုအပါတ်အတွင်း အထက်လွှတ်တော်က ထောက်ခံပါက ထရမ့်၏ သမ္မတသက်တမ်းအတွင်း တချက်လွှတ်ဗီတိုအာဏာကို  ပထမဆုံးတွန်းလှန်ခြင်းဖြစ်လာမည်ဖြစ်သည်။

ထရမ့်သည် စီးပွားရေးအထောက်အကူပေးရေးကို နိုင်ငံသားတဦးလျှင် ဒေါ်လာ ၆၀၀ မှ ဒေါ်လာ ၂၀၀၀ သို့တိုးမြှင့်ပြီး အသုံးစရိတ်ဖြတ်တောက်ရေးကိုး ကွန်ဂရက်က သဘောမတူပါက  ကြီးမားလှသည့် ကူးစက်ရောဂါ အကူအညီနှင့် အသုံးစရိတ် ဥပဒေကြမ်းကို ပိတ်စို့ရန် လွန်ခဲ့သောအပါတ်က ခြိမ်းခြောက်ခဲ့သည်။ သို့သော် အစိုးးရ လုပ်ငန်းများရပ်ဆိုင်းသွားနိုင်သောကြောင့် သူ၏တောင်းဆိုမှုကို တနင်္ဂနွေနေ့တွင် ပြန်လည်အလျှော့ပေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်လက်တိုက်ပွဲဆင်သည်။

သို့သော် ဒီမိုကရက်လွှတ်တော်ကိုယ်စားလှ်များသည် ပိုမိုများပြားသည့် အကူအညီများကို မျှော်လင့်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး ရာထူးစွန့်လွှတ်ရန် တလပင်မလိုတော့ချိန်တွင် ထရမ့်နှင့် ရှားရှားပါးပါး သဘောတူညီခြင်းကို တနင်္လာနေ့က အဆိုပြုချက်တင်သွင်းမဲခွဲခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ရီပါတ်ဗလစ်ကန်များကို မှတ်တမ်းတင်ရန် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။

အသုံးစရိတ်နှင့် ကိုရိုနာဗိုင်းရပ်စ်အကူအညီပေးရေး အစီအစဉ်
-------------------------------------------------------------------
၂၇၅ မဲထောက်ခံခြင်းကြောင့် ထိုအကူအညီပေးရေး အစီအစဉ်သည်လိုအပ်သောမဲ သုံးပုံနှစ်ပုံထက် အနည်းငယ်ကျော်လွန်နေသည်။ ရီပါတ်ဗလစ်ကန် ကိုယ်စားလှယ် စုစုပေါင်း ၁၃၀၊ တသီးပုဂ္ဂလ နှစ်ဦးနှင့် ဒီမိုကရက်နှစ်ဦးတို့က ထိုသို့ အကူအညီပေးငွေတိုးမြှင့်ခြင်းကို ဆန့်ကျင်မဲပေးကြသည်။

နိုဝင်ဘာလရွေးကောက်ပွဲတွင် ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်သော်လည်း အရှုံးကိုလက်ခံရန် ငြင်းဆန်နေသော ထရမ့်သည် ထို ဒေါ်လာ ၂.၃ ထရီလီယံ အကူအညီပေးရေး ဥပဒေကြမ်းကို ခြိမ်းခြောက်ဆိုင်းငံ့ထားပြီးနောက် တနင်္ဂနွေနေ့ ညတွင် ဥပဒေ အဖြစ် လက်မှတ်ရေးထိုးပေးခဲ့သည်။ သို့သော် ထရမ့်က နိုင်ငံသားတဦးလျှင် ဒေါ်လာ ၂၀၀၀ စီပေးရေးကို ဆက်လက်တောင်ဆိုသည်။ ထိုဒေါ်လာ ၂.၃ ထရီလီယံတွင် အစိုးရ အသုံးစရတ် ၁.၄ ထရီလီယံနှင့် ကိုဗစ်နိုင်တင်းအကူအညီ ဒေါ်လာ ၈၉၂ သန်းပါဝင်သည်။

ထိုအကူအညီတိုးမြှင့်ရေး အဆိုပြုချက်သည် အထက်လွှတ်တော်တွင်မည်သို့ဖြစ်မည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။ အကူအညီတိုးမြှင်ပါက နောက်ထပ်ဘီလီယံ ရာပေါင်းများစွာလိုမည်ဟု အထက်လွှတ်တော်တွင် ရီပါတ်ဗလစ်ကန်များက မကျေမနပ်ပြောနေကြသည်။

အကူအညီပေးရေးငွေကို တိုးမြှင့်လိုက်သောကြောင့် နောက်ထပ် ဒေါ်လာ ၄၆၄ ဘီလီယံ  လိုအပ်မည်ဖြစ်ကြောင်း ကွန်ဂရက်သို့ ဥပဒေမတင်သွင်းမီ ကုန်ကျစရိတ်တွက်ချက်ရသော အခွန်ဆိုင်ရာပူးတွဲကော်မတီ၏ အဆိုအရ သိရသည်။

အထက်လွှတ်တော်အစည်းအဝေးကို အင်္ဂါနေ့တွင် ကျင်းပရန်ရှိပြီး ရီပါတ်ဗလစ်ကန်အများစု နေရာရထားသော  အထက်လွှတ်တော်မှ ဒီမိုကရက်ခေါင်းဆောင် ချတ်ရှူးမားက ထို အဆိုပြုချက်အောင်မြင်အောင်ကြိုးစားမည်ဟု ပြောသည်။ အထက်လွှတ်တော် လူများစုဖြစ်သော ရီပါတ်ဗလစ်ကန် ခေါင်းဆောင် မစ်ချ်မက်ကွန်းနဲလ်က ကမူ အထက်လွှတ်တော်တွင် ထိုကဲ့သို့မဲခွဲရန် အစီအစဉ်ကို တနင်္ဂနွေနေ့တွင် ထရမ့်က ဥပဒေကြမ်းကို လက်မှတ်ရေးထိုးသည်အထိ ပြောဆိုခြင်းမရှိပေ။

အမေရိကန်နိုင်ငံသားများကို တိုက်ရိုက်ငွေကြေးအကူအညီပိုမိုပေးရေးကို ထောက်ခံသည့် တစ်သီးပုဂ္ဂလိကအမတ် ဘာနေးဆန်းဒါးကမူ မစ်ချ်မက်ကွန်းနဲလ်အနေဖြင့် ဒေါ်လာ ၂၀၀၀ ပေးရေးကို သဘောမတူလျှင် အထက်လွှတ်တော်ကို နှစ်သစ်ကူးအားလပ်ရက်မရအောင်လုပ်မည်ဟု ခြိမ်းခြောက်ထားသည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လော့ဆီက ရီပတ်ဗလစ်ကန်များအနေဖြင့် အမေရိကန်နိုင်ငံသားများကို ငွေကြေးအကူအညီပိုမိုပေးရေး ယခုဥပဒေအဆိုပြုချက်ကို မဲခွဲရမည်ဖြစ်ကြောင်း ပြောသည်။

Linko
Ref:Reuters

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉

(  Zawgyi  )

 

 သမၼတေဒၚနယ္ထရမ့္ေတာင္းဆိုသည့္ ႏိုင္ငံသားတဦးလွ်င္ ေဒၚလာ ၂၀၀၀ စီ ေပးရန္အစီအစဥ္ကို ဒီမိုကရက္မ်ားဦးေဆာင္သည့္ ေအာက္လႊတ္ေတာ္က ၂၇၅ မဲ ၁၃၄ မဲျဖင့္ တနလၤာေန႔တြင္အတည္ျပဳလိုက္ၿပီး ထိုအစီအစဥ္ကို ရီပါတ္ဗလစ္ကန္မ်ား ဦေဆာင္သည့္ အထက္လြတ္ေတာ္သို႔ ေပးပိုကာ မေရရာေသာ အနာဂါတ္ကို ျဖစ္ေစသည္။

စီးပြားေရးကို တြန္းအားေပးရန္ ရီပါတ္ဗလစ္ကန္သမၼတေတာင္းဆိုသည့္ကိစၥကို ဒီမိုကရက္မ်ားက သေဘာတူေသာ္လည္း ၎တို႔သည္ သမၼတက ေဒၚလာ ၄၇၀ ဘီလီယံ ကာကြယ္ေရး မူဝါဒ ဥပေဒၾကမ္းကို သမၼတက တခ်က္လႊတ္ ဗီတိုအာဏာျဖင့္ ပယ္ဖ်က္ရန္ ေအာက္လႊတ္ေတာ္တြင္ မဲခြဲေရးကိုလည္း လုပ္ေဆာင္ခဲ့သည္။ ထိုသို႔ တခ်က္လႊတ္အာဏာျဖင့္ ကန႔္ကြက္ျခင္းသည္ ယခုအပါတ္အတြင္း အထက္လႊတ္ေတာ္က ေထာက္ခံပါက ထရမ့္၏ သမၼတသက္တမ္းအတြင္း တခ်က္လႊတ္ဗီတိုအာဏာကို  ပထမဆုံးတြန္းလွန္ျခင္းျဖစ္လာမည္ျဖစ္သည္။

ထရမ့္သည္ စီးပြားေရးအေထာက္အကူေပးေရးကို ႏိုင္ငံသားတဦးလွ်င္ ေဒၚလာ ၆၀၀ မွ ေဒၚလာ ၂၀၀၀ သို႔တိုးျမႇင့္ၿပီး အသုံးစရိတ္ျဖတ္ေတာက္ေရးကိုး ကြန္ဂရက္က သေဘာမတူပါက  ႀကီးမားလွသည့္ ကူးစက္ေရာဂါ အကူအညီႏွင့္ အသုံးစရိတ္ ဥပေဒၾကမ္းကို ပိတ္စို႔ရန္ လြန္ခဲ့ေသာအပါတ္က ၿခိမ္းေျခာက္ခဲ့သည္။ သို႔ေသာ္ အစိုးးရ လုပ္ငန္းမ်ားရပ္ဆိုင္းသြားႏိုင္ေသာေၾကာင့္ သူ၏ေတာင္းဆိုမႈကို တနဂၤေႏြေန႔တြင္ ျပန္လည္အေလွ်ာ့ေပးခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ဆက္လက္တိုက္ပြဲဆင္သည္။

သို႔ေသာ္ ဒီမိုကရက္လႊတ္ေတာ္ကိုယ္စားလွ္မ်ားသည္ ပိုမိုမ်ားျပားသည့္ အကူအညီမ်ားကို ေမွ်ာ္လင့္ေနသည္မွာ ကာလၾကာျမင့္ၿပီျဖစ္ၿပီး ရာထူးစြန႔္လႊတ္ရန္ တလပင္မလိုေတာ့ခ်ိန္တြင္ ထရမ့္ႏွင့္ ရွားရွားပါးပါး သေဘာတူညီျခင္းကို တနလၤာေန႔က အဆိုျပဳခ်က္တင္သြင္းမဲခြဲျခင္းျဖစ္သည္။ ထိုသို႔လုပ္ေဆာင္ျခင္းသည္ ရီပါတ္ဗလစ္ကန္မ်ားကို မွတ္တမ္းတင္ရန္ လုပ္ေဆာင္ျခင္းလည္း ျဖစ္ႏိုင္သည္။

အသုံးစရိတ္ႏွင့္ ကို႐ိုနာဗိုင္းရပ္စ္အကူအညီေပးေရး အစီအစဥ္
-------------------------------------------------------------------
၂၇၅ မဲေထာက္ခံျခင္းေၾကာင့္ ထိုအကူအညီေပးေရး အစီအစဥ္သည္လိုအပ္ေသာမဲ သုံးပုံႏွစ္ပုံထက္ အနည္းငယ္ေက်ာ္လြန္ေနသည္။ ရီပါတ္ဗလစ္ကန္ ကိုယ္စားလွယ္ စုစုေပါင္း ၁၃၀၊ တသီးပုဂၢလ ႏွစ္ဦးႏွင့္ ဒီမိုကရက္ႏွစ္ဦးတို႔က ထိုသို႔ အကူအညီေပးေငြတိုးျမႇင့္ျခင္းကို ဆန႔္က်င္မဲေပးၾကသည္။

ႏိုဝင္ဘာလေ႐ြးေကာက္ပြဲတြင္ ဒီမိုကရက္သမၼတေလာင္း ဂ်ိဳးဘိုင္ဒင္ကို ရႈံးနိမ့္ေသာ္လည္း အရႈံးကိုလက္ခံရန္ ျငင္းဆန္ေနေသာ ထရမ့္သည္ ထို ေဒၚလာ ၂.၃ ထရီလီယံ အကူအညီေပးေရး ဥပေဒၾကမ္းကို ၿခိမ္းေျခာက္ဆိုင္းငံ့ထားၿပီးေနာက္ တနဂၤေႏြေန႔ ညတြင္ ဥပေဒ အျဖစ္ လက္မွတ္ေရးထိုးေပးခဲ့သည္။ သို႔ေသာ္ ထရမ့္က ႏိုင္ငံသားတဦးလွ်င္ ေဒၚလာ ၂၀၀၀ စီေပးေရးကို ဆက္လက္ေတာင္ဆိုသည္။ ထိုေဒၚလာ ၂.၃ ထရီလီယံတြင္ အစိုးရ အသုံးစရတ္ ၁.၄ ထရီလီယံႏွင့္ ကိုဗစ္ႏိုင္တင္းအကူအညီ ေဒၚလာ ၈၉၂ သန္းပါဝင္သည္။

ထိုအကူအညီတိုးျမႇင့္ေရး အဆိုျပဳခ်က္သည္ အထက္လႊတ္ေတာ္တြင္မည္သို႔ျဖစ္မည္ကို ရွင္းရွင္းလင္းလင္းမသိရေပ။ အကူအညီတိုးျမႇင္ပါက ေနာက္ထပ္ဘီလီယံ ရာေပါင္းမ်ားစြာလိုမည္ဟု အထက္လႊတ္ေတာ္တြင္ ရီပါတ္ဗလစ္ကန္မ်ားက မေက်မနပ္ေျပာေနၾကသည္။

အကူအညီေပးေရးေငြကို တိုးျမႇင့္လိုက္ေသာေၾကာင့္ ေနာက္ထပ္ ေဒၚလာ ၄၆၄ ဘီလီယံ  လိုအပ္မည္ျဖစ္ေၾကာင္း ကြန္ဂရက္သို႔ ဥပေဒမတင္သြင္းမီ ကုန္က်စရိတ္တြက္ခ်က္ရေသာ အခြန္ဆိုင္ရာပူးတြဲေကာ္မတီ၏ အဆိုအရ သိရသည္။

အထက္လႊတ္ေတာ္အစည္းအေဝးကို အဂၤါေန႔တြင္ က်င္းပရန္ရွိၿပီး ရီပါတ္ဗလစ္ကန္အမ်ားစု ေနရာရထားေသာ  အထက္လႊတ္ေတာ္မွ ဒီမိုကရက္ေခါင္းေဆာင္ ခ်တ္ရႉးမားက ထို အဆိုျပဳခ်က္ေအာင္ျမင္ေအာင္ႀကိဳးစားမည္ဟု ေျပာသည္။ အထက္လႊတ္ေတာ္ လူမ်ားစုျဖစ္ေသာ ရီပါတ္ဗလစ္ကန္ ေခါင္းေဆာင္ မစ္ခ်္မက္ကြန္းနဲလ္က ကမူ အထက္လႊတ္ေတာ္တြင္ ထိုကဲ့သို႔မဲခြဲရန္ အစီအစဥ္ကို တနဂၤေႏြေန႔တြင္ ထရမ့္က ဥပေဒၾကမ္းကို လက္မွတ္ေရးထိုးသည္အထိ ေျပာဆိုျခင္းမရွိေပ။

အေမရိကန္ႏိုင္ငံသားမ်ားကို တိုက္႐ိုက္ေငြေၾကးအကူအညီပိုမိုေပးေရးကို ေထာက္ခံသည့္ တစ္သီးပုဂၢလိကအမတ္ ဘာေနးဆန္းဒါးကမူ မစ္ခ်္မက္ကြန္းနဲလ္အေနျဖင့္ ေဒၚလာ ၂၀၀၀ ေပးေရးကို သေဘာမတူလွ်င္ အထက္လႊတ္ေတာ္ကို ႏွစ္သစ္ကူးအားလပ္ရက္မရေအာင္လုပ္မည္ဟု ၿခိမ္းေျခာက္ထားသည္။

ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပယ္ေလာ့ဆီက ရီပတ္ဗလစ္ကန္မ်ားအေနျဖင့္ အေမရိကန္ႏိုင္ငံသားမ်ားကို ေငြေၾကးအကူအညီပိုမိုေပးေရး ယခုဥပေဒအဆိုျပဳခ်က္ကို မဲခြဲရမည္ျဖစ္ေၾကာင္း ေျပာသည္။

Linko
Ref:Reuters

ဝါရွင္တန္၊ ဒီဇင္ဘာ ၂၉