【 နိုင်ငံတကာ 】အမေရိကန်ကြွေးမြီပြဿနာ ခေါင်ထိပ်ရောက်နေပြီဟုဆို

【 နိုင်ငံတကာ 】အမေရိကန်ကြွေးမြီပြဿနာ ခေါင်ထိပ်ရောက်နေပြီဟုဆို

အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်တွင် ကန်ဒေါ်လာ ၃၁.၁ ထရီလီယံဒေါ်လာ ကြွေးမြီရှိနေပြီး လွှတ်တော်က တင်ပြထားသော ၂၀၂၃ ခုနှစ်အတွက် ဘဏ္ဍာရေးနှစ်အသုံးစရိတ်ချမှတ်ပြီးပါက ကြွေးမြီဟာ ကန်ဒေါ်လာ ၃၁.၄ ထရီလီယံအထိ ရှိလာတော့မည်ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ ကြွေးမြီဟာ စိုးရိမ်ရသော အခြေအနေကို ရောက်ရှိနေပြီး နိုင်ငံ၏ ကြွေးမြီဟာ ပထမဆုံး ကန်ဒေါ်လာ ၃၁ ထရီလီယံကို ကျော်လာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးက အောက်တို ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ကြွေးမြီကန်ဒေါ်လာ ၁ ထရီလီယံကို လွန်ခဲ့တဲ့ ၈ လ အတွင်း ချေးယူခဲ့တာဖြစ်ပြီး လွှတ်တော်ဟာ ချေးငွေများကို ဆက်လက်ယူရန်ရှိသောကြောင့် လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းတွင် အမေရိကန်နိုင်ငံ၏ ကြွေးမြီဟာ ကန်ဒေါ်လာ ၃၁.၄ ထရီလီယံအထိ ရှိလာတော့မည်ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး ချေးငွေများကို အဆမတန်ယူသုံးခဲ့ပြီး အတိုးနှုန်း သုံးညနီးပါးသာရှိသောကြောင့် ချေးငွေများကို ဆက်တိုက်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတဂျိုးဘိုင်ဒင်ကတော့ ကိုဗစ်-၁၉ ပြီးဆုံးသွားပြီဟု ကြေညာထားသော်လည်း ချေးငွေယူသုံးမှုကတော့ မပြီးဆုံးသေးပါဘူး။ အတိုးနှုန်းလည်း မြင့်တက်လာမှုနဲ့အတူတူ ချေးငွေအသုံးပြုမှုကလည်း စျေးမြင့်လာခဲ့ပါတယ်။

ကိန်းဂဏန်းအားဖြင့်‌ဖော်ပြပါက အမေရိကန်နိုင်ငံ၏ ကြွေးမြီဟာ နိုင်ငံ့ ဂျီဒီပီထက် ၁၀၈ ရာခိုင်နှုန်း ပိုများ နေပြီး၂၀၂၀ တွင် ကိုဗစ်-၁၉ ရန်ပုံငွေအတွက် ကန်ဒေါ်လာ ၃.၄ ထရီလီယံအထိကို ချေးယူခဲ့ပါတယ်။

ထို့နောက် ၂၀၂၁ ကနေ ၂၀၃၁ ခုနှစ်အတွင် နောက်ထပ် ကန်ဒေါ်လာ ၄.၈ ထရီလီယံအထိ ချေးငွေများ ထပ်ယူရန် သမ္မတဂျိုးဘိုင်ဒင်ကတော့ စီစဉ်ထားပါတယ်။

“နှစ်ကုန်ခါနီးလာသောကြောင့် မူဝါဒရေးဆွဲသူများအနေနဲ့ နိုင်ငံတော်၏ ကြွေးမြီကို ဆက်ပြီး တိုးမလား သို့မဟုတ် ထိန်းချုပ်မှုတစ်ခုတွင် ထားမလားဆိုတာကို ပြန်လည်စဉ်စားချိန်ရောက်နေပါပြီ။

အနည်းဆုံးသူတို့ဟာ ၂၀၂၂ အတွင်း ဆက်ပြီး ချေးငွေမယူရန် လိုအပ်နေပြီး နောက်ဆုံးသုံးလအတွင်း ချေးငွေမယူပဲ နေသင့်ပါတယ်။ ကန်ဒေါ်လာ ၃၁ ထီရီလီယံဆိုတာ အလွန်ကြီးမားသော ပမာဏဖြစ်ပြီး ဒီကြွေးမြီကြောင့် မူဝါဒရေးဆွဲသူများဟာ အိပ်လို့မရသည်အထိ စိုးရိမ်သင့်ပါတယ်” ဟု CREB ၏ ဥက္ကဋ္ဌဖြစ်တဲ့ မာယာမက်ကီနီယာက ပြောပါတယ်။

Naing

Ref: Quartz

ဝါရှင်တန်၊ အောက်တိုဘာ ၁၅