【 နိုင်ငံတကာ 】အမေရိကန်စီးပွားရေး လာမည့် ၆ လကနေ ၉ လအတွင်း အကျပ်အတည်းတွေ့လာနိုင်ဟု မော်ဂန်ချေ့စ်ဘဏ် စီအီးအို သတိပေး

【 နိုင်ငံတကာ 】အမေရိကန်စီးပွားရေး လာမည့် ၆ လကနေ ၉ လအတွင်း အကျပ်အတည်းတွေ့လာနိုင်ဟု မော်ဂန်ချေ့စ်ဘဏ် စီအီးအို သတိပေး

JPMorgain Chase စီအီးအိုဖြစ်တဲ့ ဂျေမီဒီမွန်၏ က အမေရိကန်နှင့် နိုင်ငံတကာ စီးပွားရေးကို လာမယ့်နှစ် အတွင်း ကြီးမားစွာ ထိခိုက်စေနိုင်မည့် စိန်ခေါ်မှုအန္တရာယ်ရှိကြောင်း တနင်္လာနေ့က သတိပေးခဲ့ပါတယ်။
အမေရိကန်အကြီးဆုံးဘဏ်၏ စီအီးအိုဖြစ်တဲ့ ဒီမွန်ရဲ့ ပြောကြားချက်အရ အမေရိကန်နိုင်ငံ၏ စီးပွားရေးဟာ ကောင်းမွန်သော အခြေအနေတွင်ရှိနေသေးကြောင်းနှင့် စားသုံးသူများဟာ ၂၀၀၈ ခုနှစ်တွင် ရင်ဆိုင်နေရသော နိုင်ငံတကာစီးပွားရေးအကျပ်အတည်းထက် ပိုကောင်းသော အခြေအနေတွင် ရှိလာနိုင်ကြောင်း ဆိုပါတယ်။
‘အနာဂတ်အကြောင်းကို မပြောပဲ လက်ရှိစီးပွားရေးအကြောင်းကို ပြောပြလို့ မရဘူး။ ဒါဟာ အရမ်းကို အရေးကြီးတဲ့ အရာဖြစ်တယ်” ဟု ဒီမွန်က CNBC သတင်းဌာနကို ပြောခဲ့ပါတယ်။
စိုးရိမ်စရာကောင်းသော အရာများထဲတွင် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးအဆက်များနှင့် ခန့်မှန်းထားတာထက် မြှင့်တင်ထားသော ဘဏ်အတိုးနှုန်းတို့လည်း ပါဝင်ပြီး ရုရှား၏ ယူကရိန်းကျူး ကျော်မှုကြောင့် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားပါတယ်။
“ဒါတွေဟာ အရမ်းကို စိုးရိမ်စရာ ကောင်းပြီး အမေရိကန်နှင့် နိုင်ငံတကာကို အထူးသဖြင့် ဥရောပတိုက်ကို စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်လာစေနိုင်တယ်။ ပြီးတော့ အမေရိကန်နိုင်ငံဟာလည်း ခုချိန်ကစပြီး လာမယ့် ၆ လ ကနေ ၉ လအကြား စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်လာစေနိုင်တယ်” ဟု ဒီမွန်က ပြောပါတယ်။
မကြာသေးခင်ကပဲ ဗဟိုဘဏ်နှင့် အခြားဘဏ်ကြီးများက အတိုးနှုန်းကို တိုးမြှင့်လိုက်ပြီးနောက် ဒီမွန်က ခုလို သတိပေးပြောကြားလာခြင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွင် CNBC နဲ့ အင်တာဗျူးတစ်ခုတွင် ချီကာကို ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ပြောကြားချက်အရ ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွမှုထိန်းချုပ်နိုင်ရန် လုပ်သင့်တာထက် ကျော်လွန်ပြီး ဆောက်ရွက်နေပြီထင်ကြောင်း ပြောခဲ့ပါတယ်။
ဒီမွန်၏ ပြောကြားချက်အရ ဗဟိုဘဏ်ဟာ အချိန်အကြာကြီးပေးပြီး စောင့်ဆိုင်းနေကာ လုပ်သင့်တာကို အနည်းငယ်သာ လုပ်နေကြောင်း ပြောခဲ့ပါတယ်။ ယခင်က လုပ်သင့်ခဲ့သော အရာများကို ခုမှ အချိန်မီ ပြေးလိုက်ကာ လုပ်နေကြောင်းလည်း စွပ်စွဲထားပါတယ်။
“သိလား၊ ဒီကနေပြီးတော့ ဗဟိုဘဏ်အောင်မြင်ပါစေ ဆုတောင်းပေးကြရအောင်၊ သူတို့ဟာ နှေးကွေးလာသော စီးပွားရေးကို စီမံအုပ်ချုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ စိုးရိမ်စွာနဲ့ စောင့်ကြည့်ကြရအောင်” ဟု ဒီမွန်က ပြောပါတယ်။
ဒီမွန်၏‌ ပြောကြားချက်အရတော့ အမေရိကန်နိုင်ငံတွင် စီးပွားရေး အကျပ်အတည်းဟာ ဘယ်လောက်ကြာကြာ ရှိမည်ကို မခန့်မှန်းနိုင်ကြောင်း သို့သော်လည်း စီးပွားရေးအကျပ်အတည်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေဖြစ်မလဲဆိုတာကိုပဲ စျေးကွက်လုပ်ငန်းရှင်များက လေ့လာထားသင့်ကြောင်း ဆိုပါတယ်။
သို့သော်လည်း စျေးကွက်မတည်ငြိမ်မှု ရှိလာနိုင်ခြေများတာကိုတော့ သူထောက်ခံကြောင်း၊ ခုလို စျေးကွက်မတည်ငြိမ်ရသည့် အကြောင်းအရင်းတွင် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။
စျေးကွက်လုပ်ငန်းရှင်များကတော့ ငွေကြေးဖောင်ပွမှုကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများကို စောင့်ကြည့်နေပြီး ကော်ပိုရိတ်လုပ်ငန်းများရဲ့ ဝင်ငွေများကိုလည်း စောင့်ကြည့်နေကြပါတယ်။
 
Naing
 
Ref:CNBC
 
ဝါရှင်တန်၊ အောက်တိုဘာ ၁၇