【 နိုင်ငံတကာ 】 ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တောင်းဆိုရာမှာ တရုတ်က ဦးဆောင်နေဟု ဗြိတိန်စီးပွားရေးခေါင်းဆောင် ဆို

【 နိုင်ငံတကာ 】 ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တောင်းဆိုရာမှာ တရုတ်က ဦးဆောင်နေဟု ဗြိတိန်စီးပွားရေးခေါင်းဆောင် ဆို

လန်ဒန်၊ ဖေဖော်ဝါရီ - ၂၉

Belt and Road Initiative (BRI) ကို အဆိုပြုကတည်းက တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဂိုဏ်းဂဏစွဲဝါဒကို ကမ္ဘာ့ကိုယ်ကျိုးစီးပွားကို ရှာခြင်းကို ဆန့်ကျင်ရန် အားထုတ်ဆော်သြခဲ့ကြောင်း ဗြိတိန်စီးပွားရေးခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းနှင့် ဂါဇာအကျပ်အတည်းတွင် တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းနေကြောင်း မကြာသေးမီက ဆင်ဟွာနှင့် အင်တာဗျူးတစ်ခုတွင် 48 Group Club ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ စတီဖန်ပယ်ရီက ပြောကြားခဲ့ပါတယ်။

၎င်းက တရုတ်နိုင်ငံသည် အဆိုပါပဋိပက္ခများတွင် ပါဝင်ခြင်း မရှိသော်လည်း ငြိမ်းချမ်းရေးအတွက် ပိုမိုကောင်းမွန်သော အခြေအနေများ ဖန်တီးရန် ကြိုးပမ်းနေကြောင်း ပြောခဲ့ပါတယ်။

“တရုတ်က  တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှုကို သူ့ရဲ့တုံ့ပြန်မှုများနဲ့ ကူညီပေးတယ်” လို့ ပြောပါတယ်။

ယခုအချိန်တွင် အမေရိကန်သည် (ကုလသမဂ္ဂ) လုံခြုံရေးကောင်စီ၏ အပြင်ဘက်တွင် လုပ်ဆောင်နေပြီး တရုတ်ကမူ ပဋိပက္ခများနှင့် အကျပ်အတည်းများကို ကိုင်တွယ်ရန် ကုလသမဂ္ဂကို ကြားခံဖြေရှင်းသည့် နေရာအဖြစ် အမေရိကန်လက်ခံရန်  ကြိုးပမ်းနေကြောင်း ဆိုပါတယ်။

“တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေရဲ့ အကျိုးသက်ရောက်မှုကိုပြောဖို့ စောနေသေးပေမယ့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လိုလားတဲ့အတွက် အကူအညီဖြစ်မှာပါ” ဟု ပယ်ရီက ပြောပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံက ကမ္ဘာ့မညီမျှမှုကို ကုစားရန် ကြိုးပမ်းနေသည့်ဆိုသော အချက်မှာ အခြားဖွံ့ဖြိုးဆဲနိုင်ငံသစ်များ၏ ကမ္ဘာလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ စည်းလုံးညီညွတ်မှုနှင့် မျှဝေမှုများကို ပံ့ပိုးကူညီရန် တွန်းအားပေးနေသဖြင့် ကောင်းသောလက္ခဏာဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

တရုတ်ခေတ်မီရေးသည် မှောင်မိုက်နေသော ကောင်းကင်တွင် မီးရှူးတန်ဆောင်ဖြစ်ပြီး ရှေ့သို့ လမ်းကြောင်းမှန်ရှာရန် စံနမူနာပြဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အောင်မြင်မှုက ပူးပေါင်းဆောင်ရွက်မှုဖြင့် ပိုမိုကောင်းမွန်သော၊ ပိုမိုတည်ငြိမ်ပြီး သာယာဝပြောသော ကမ္ဘာကို ဖန်တီးရန်အတွက် စည်းလုံးညီညွတ်မှုက ဆောင်ကြဉ်းပေးခြင်း၏ အံ့ဖွယ် ဥပမာတစ်ခုဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့ပါတယ်။

ပယ်ရီက လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ အတွင်း တရုတ်ခေတ်မီမှုသည် လူမျိုးတိုင်း လူသားတိုင်းအတွက် တိုးတက်မှုကို ဆောင်ကြဉ်းပေးသည့် ပထမဆုံးသော ဆန်းသစ်တီထွင်မှုအသစ်ဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့ပါတယ်။

“ကမ္ဘာ့စီးပွားရေး တည်ငြိမ်အောင် မြှင့်တင်ဖို့ တောင်ဘက်ခြမ်းတွေ ပူးပေါင်းဆောင်ရွက်ပြီး နည်းလမ်းအသစ်လုပ်ဆောင်နေတာကို အမေရိကန်နဲ့ G7 အုပ်စုတို့ မြင်ဖို့လိုတယ်။နောက်ဆုံးမှာ ပူးပေါင်းဆောင်ရွက်မှုက တစ်ခုတည်းသော နည်းလမ်းပဲ” လို့ ၎င်းက ဆက်ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - China-org