
【 နိုင်ငံတကာ 】 ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲဆီ အမေရိကန်တွန်းပို့နေဟု ဆို
နယူးယောက်၊ စက်တင်ဘာ - ၂၇
ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုအသစ်အတွက် သတိပေးတဲ့နေ့မှာပဲ မြောက်ကိုရီးယားက လွန်ခဲ့သည့်နှစ်အတွင်း အမေရိကန်၏ လုပ်ဆောင်ချက်များသည် ကျွန်းဆွယ်အား “နျူကလီးယားစစ်ပွဲ၏ အစွန်းနားသို့ ပိုမိုနီးကပ်စေတယ်” လို့ ပြောခဲ့တယ်လို့ Barron's သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဝါရှင်တန်နှင့် သမိုင်းဝင်ပြိုင်ဘက်ဖြစ်သော ဂျပန်တို့နှင့် ပိုမိုစည်းနှောင်သော ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ခဲ့သည့် ရှေးရိုးစွဲဝါဒီတစ်ဦးဖြစ်သည့် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုးလ်လက်ထက် လုပ်ရပ်တွေကို ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကင်ဆောင်က ရှုတ်ချခဲ့တယ်ဆိုပါတယ်။
“ဖော်လံဖားပြီး ရှက်ရွံ့သိမ်ငယ်စရာဖြစ်တဲ့ ပြင်ပအင်အားစုတွေအပေါ် မှီခိုရမှုကြောင့်ပဲ” လို့ ကင်က အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခဲ့ပြီး “ကိုရီးယားကျွန်းဆွယ်ဟာ နျူကလီးယားစစ်ပွဲ ပေါ်ပေါက်တော့မယ့် အန္တရာယ်နဲ့ကြုံလာရတဲ့ အခြေအနေကို ရောက်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
ကင်က မကြာသေးမီက ဖွဲ့စည်းခဲ့သော နျူကလီးယားအတိုင်ပင်ခံအုပ်စုကို ထောက်ပြပြီး ယင်းမှတစ်ဆင့် မဟာမိတ်နှစ်နိုင်ငံနှင့်အတူ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် အရေးပေါ်စီမံချက်များ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် အမေရိကန်သည် ၎င်း၏နျူကလီးယားစွမ်းရည်ကို တောင်ကိုရီးယား၏ သမားရိုးကျတပ်ဖွဲ့များနှင့် ပိုမိုကောင်းမွန်စွာပေါင်းစည်းရန် မျှော်လင့်ထားပါတယ်။
ကင်က ၎င်းအုပ်စုသည် “မြောက်ကိုရီးယားကို နျူကလီယားတိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ဖို့အစီအစဉ်၊ စစ်ဆင်ရေးနှင့် အကောင်အထည်ဖော် ကျူးလွန်ဖို့” ဟု ပြောခဲ့ပါတယ်။
“ယခုအခါတွင် အမေရိကန်သည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်သို့ မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောများနှင့် နျူကလီးယားလက်နက်များ တင်ဆောင်လာသော မဟာဗျူဟာမြောက် နျူကလီးယားဗုံးကြဲလေယာဉ်များ မကြာခဏစေလွှတ်ခြင်းဖြင့် နျူကလီးယားစစ်ပွဲကို နှိုးဆွရန် ၎င်း၏ဆိုးရွားသော ရည်ရွယ်ချက်ကို လက်တွေ့အကောင်အထည်ဖော်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်တယ်” လို့ သူကပြောခဲ့ပါတယ်။
Linko
Ref - En-mehrnews