【 နိုင်ငံတကာ 】 ကျဆုံးခဲ့သည်ဆိုသော ရုရှားပင်လယ်နက်ရေတပ်အုပ်စုမှူး ရုပ်သံတွင် ပြန်လည်ပေါ်ထွက်လာ

【 နိုင်ငံတကာ 】 ကျဆုံးခဲ့သည်ဆိုသော ရုရှားပင်လယ်နက်ရေတပ်အုပ်စုမှူး ရုပ်သံတွင် ပြန်လည်ပေါ်ထွက်လာ

မော်စကို၊ စက်တင်ဘာ - ၂၇

ရုရှားပင်လယ်နက်ရေတပ်၏ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဗစ်တာဆိုကိုလော့ဗ်အား ယူကရိန်းအထူးတပ်ဖွဲ့က သတ်ဖြတ်နိုင်လိုက်ကြောင်းပြောပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် ကာကွယ်ရေးခေါင်းဆောင်များ အစည်းအဝေးကို အဝေးမှ ဗီဒီယိုကွန်ဖရန့်စင်းဖြင့် တက်ရောက်ခဲ့တာကို  ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြသခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဗီဒီယိုနှင့် ဓာတ်ပုံများတွင် ဆိုကိုလော့ဗ်ကို ကာကွယ်ရေးဝန်ကြီး ဆာဂိုင်း ရှိုးဂူးနှင့် အခြားစစ်တပ်အကြီးအကဲများ၏ လူချင်းတွေ့ဆုံပွဲသို့ တက်ရောက်နေသည့် ဗီဒီယိုဖိုင်တွင် ရေတပ်အုပ်စုတပ်မှူးများကြား တစ်ဦးအဖြစ် တွေ့ရပါတယ်။

သို့ရာတွင် အဆိုပါဗီဒီယိုကို မည်သည့်အချိန်တွင် ရိုက်ကူးထားသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

ပြီးခဲ့သောသီတင်းပတ်က ခရိုင်းမီးယားရှိ ဆီဗက်စတိုပိုလ်ဆိပ်ကမ်းရှိ ရုရှား၏ ပင်လယ်နက်ရေတပ်ဌာနချုပ်ကို ယူကရိန်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ဆိုကိုလော့ဗ်မှာ အခြားအရာရှိ ၃၃ ဦးနှင့်အတူ သေဆုံးခဲ့ကြောင်း ယူကရိန်းအထူးတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

ရုရှားဗီဒီယိုကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းအထူးတပ်ဖွဲ့များက တယ်လီဂရမ်တွင် “ရုရှားတွေက ဆိုကိုလော့ဗ်ကို အသက်ရှင်လျက်နဲ့ရှိတယ်ဆိုတာကို အများပြည်သူကိုပြဖို့ အားချင်း ဖိအားပေးစေခိုင်းတာပါ။ကျနော်တို တပ်ဖွဲ့တွေက ဒီအချက်အလက်တွေကို ရှင်းလင်းပေးမယ်” လို့ ပြောခဲ့ပါတယ်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ယူကရိန်းအခိုင်အမာပြောဆိုခြင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကာ သက်ဆိုင်ရာကာကွယ်ရေးဝန်ကြီးဌာနသို့သာမေးရန် လွှဲချခဲ့ပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတမ်ပက်စကော့ဗ်ကို CNN မှ တွေ့ဆုံမေးမြန်းခဲ့ရာမှာ  ဆိုကိုလော့ဗ် သေဆုံးမှုကို အတည်မပြုခဲ့သော်လည်း ၎င်းသေဆုံးသွားတာက သက်ဆိုင်ရာအားလုံးအတွက် ကောင်းတဲ့ကိစ္စပဲလို့ ပြောခဲ့ပါတယ်။

Linko
Ref - Reuters