【 နိုင်ငံတကာ 】 စပိန်ဘုရင် Felipe VI သည် ဝမ်ယိနှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 စပိန်ဘုရင် Felipe VI သည် ဝမ်ယိနှင့် တွေ့ဆုံ

ပေကျင်း၊ ဖေဖော်ဝါရီ - ၂၀

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စပိန်ဘုရင် Felipe VI သည် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မက်ဒရစ်မြို့၌ တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါတယ်။

Felipe VI က လွန်ခဲ့သည့် နှစ် ၅၀ အတွင်း စပိန်-တရုတ် ဆက်ဆံရေးသည် လျင်မြန်စွာတိုးတက်ခဲ့ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးတက်ကောင်းမွန်လာကြောင်း၊ တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးသည် စပိန်၊ ဥရောပနှင့် ကမ္ဘာ့နိုင်ငံများအတွက် အရေးကြီးပြီး တရုတ်နိုင်ငံသည် နိုင်ငံကြီးအဖြစ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို တစ်ဆင့်တိုးဖော်ဆောင်မည်ဖြစ်ပြီး မတည်ငြိမ်မှုများနှင့် ပြည့်နှက်နေသော ကမ္ဘာအတွက် တည်ငြိမ်မှုများကို ဆောင်ကြဉ်းပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝမ်ယိက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်မှ ဘုရင် Felipe VI အား ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားများကို တစ်ဆင့်ပြောကြားခဲ့ပါတယ်။

၎င်းက တရုတ်-စပိန် ချစ်ကြည်ရေးကို အတူတကွ ဆက်ခံရန်၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်ခြင်းကို တွန်းအားပေး ရန်၊ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည် ပုံမှန် တည်ငြိမ်စွာ တိုးတက်မှုကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။