【 နိုင်ငံတကာ 】 တရုတ်ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံများ နှစ်ပတ်လည်အစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲ ကျင်းပ

【 နိုင်ငံတကာ 】 တရုတ်ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံများ နှစ်ပတ်လည်အစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲ ကျင်းပ

ပေကျင်း၊ မတ် - ၄

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အမျိုးသားကော်မတီသည် နှစ်ပတ်လည် အစည်းအဝေးမတိုင်မီ တစ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

၁၄ ကြိမ်မြောက် CPPCC ဒုတိယအစည်းအဝေးအတွက် ပြောခွင့်ရသူ လျှူကျယ်အီက ယခုနှစ် အစည်းအဝေးကို မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီတွင် စတင်ပြီး မတ်လ ၁၀ ရက်နေ့ နံနက်တွင် ပြီးဆုံးကာ ၆ ရက်ကြာမည်ဖြစ်ကြောင်း ပြောပါတယ်။

လွန်ခဲ့သောနှစ်ကို ပြန်လည်သုံးသပ်ပြီး လျှူက ၁၄ ကြိမ်မြောက် CPPCC အမျိုးသားကော်မတီသည် လွန်ခဲ့သောနှစ်တွင် တာဝန်ယူခဲ့ပြီးနောက် တာထွက်ကောင်းကြောင်း ပြောသည်။ CPPCC သည် တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုကို ဦးထိပ်ထားပြီး CPPCC အဖွဲ့ဝင်များ၏ နိုင်ငံရေးစွမ်းဆောင်ရည်နှင့် စွမ်းဆောင်မှုကို ပုံမှန်လေ့ကျင့်ပေးခြင်း လေ့လာခြင်းသာမက သဘောတရား လေ့လာသုတေသနပြုခြင်းဖြင့် တိုးတက်စေပါတယ်။

၁၄ ကြိမ်မြောက် CPPCC အမျိုးသားကော်မတီသည် တရုတ်ကျေးလက်သွေးသစ်လောင်းရေး၊ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်ရေး၊ နိုင်ငံ၏ ဂေဟဗေဒယဉ်ကျေးမှု လူ့အဖွဲ့အစည်း တည်ဆောက်ရေး၊ တရုတ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်း သြဇာမြှင့်တင်ရေးနှင့် မွေးဖွားမှုမြှင့်တင်ရေးအတွက် မူဝါဒစနစ်များ တိုးတက်ရေးတို့အပါအဝင် များပြားလှသော နယ်ပယ်များတွင် ခေတ်မီရေး တရုတ်လမ်းကြောင်းနှင့်ပတ်သက်ပြီး အကြံဉာဏ်များပေးသည်ဟု လျှူ ပြောပါတယ်။

၂၀၂၄ ခုနှစ်တွင် CPPCC အမျိုးသားကော်မတီသည် တရုတ်နိုင်ငံခေတ်မီရေး ပန်းတိုင်များနှင့် လုပ်ငန်းတာဝန်များကို ဆက်လက်အာရုံစိုက်ပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ အဓိကဆုံးဖြတ်ချက်များနှင့် စီမံကိန်းများနှင့် နိုင်ငံ၏ အဓိကကျသည့် သေနင်္ဂဗျူဟာလိုအပ်ချက်များနှင့် ဖွံဖြိုးတိုးတက်ရေး လက်တွေ့ပြဿနာများ ဆက်လက်အကြံပြုမည်ဖြစ်သည်ဟု လျှူက သတင်းထောက်များကို ပြောခဲ့ပါတယ်။

ထို့အပြင် CPPCC သည် အရည်အသွေးတိုးတက်ရေးအတွက် တိုင်ပင်ညှိနှိုင်းမှုများကို ဆက်လက်ကြွယ်ဝအောင် လုပ်ဆောင်နေပြီး နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ လုပ်ငန်းများကို အကြံပေးကြီးကြပ်မှု၏ ထူးခြားအင်အားကို အပြည့်အဝ အသုံးချခဲ့ပါတယ်။

၁၄ ကြိမ်မြောက် CPPCC  အမျိုးသားကော်မတီတွင် ညှိနှိုင်းဆွေးနွေးတိုင်ပင်မှု ၉၄ ခု ပြုလုပ်ခဲ့ပြီး ပါဝင်သူ ၅၀၈၇ ဦးရှိကာ လူပေါင်း ၁၆၀၂ ဦး မိန့်ခွန်းပြောကြားခဲ့ပြီး သာမန်ပြည်သူများ၏ အကြံပြုချက်များနှင့် အတွေးအမြင်များကို အပြည့်အဝ ထင်ဟပ်ခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG