【 နိုင်ငံတကာ 】 နေတန်ယာဟုအား စစ်ရာဇဝတ်ကောင်အဖြစ် စီရင်မည်ဟု အာဒိုဂန်က ပြောကြား

【 နိုင်ငံတကာ 】 နေတန်ယာဟုအား စစ်ရာဇဝတ်ကောင်အဖြစ် စီရင်မည်ဟု အာဒိုဂန်က ပြောကြား

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ - ၅

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို နောက်ဆုံးမှာ စစ်ရာဇဝတ်ကောင်အဖြစ် စီရင်မယ်လို့ တူရကီသမ္မတ ရီဆက်ပ် တေယစ် အာဒိုဂန်က တနင်္လာနေ့မှာ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဆယ်စုနှစ်များစွာကြာ ပဋိပက္ခအတွက် နိုင်ငံနှစ်ခု ဖြေရှင်းချက်ကို ထောက်ခံသည့် တူရကီက အောက်တို ဘာ ၇ ရက် ဟားမတ်စ် စစ်သွေးကြွအဖွဲ့၏ သောင်းကျန်းမှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ၎င်း၏ ဂါဇာကမ်းမြောင်ဒေသတွင် ဆင်နွှဲနေသည့် စစ်ဆင်ရေးကို တူရကီက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အစ္စတန်ဘူလ်ရှိ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကော်မတီ အစည်းအဝေး မိန့်ခွန်းတွင် အာဒိုဂန်က အစ္စရေးကို ထောက်ခံသည့် အနောက်နိုင်ငံများသည် ကလေးငယ်များကိုသတ်ရန် ခြွင်းချက်မရှိ ပံ့ပိုးပေးနေပြီး အစ္စရေး၏ ရာဇဝတ်မှုများတွင် ရောထွေးပါနေကြောင်း ပြောကြားခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားရုံးက စစ်ဆေးခံခဲ့ရတဲ့ ယူဂိုဆလပ်သမ္မတဟောင်း စလိုဘိုဒန် မီလိုဆီဗစ်ကို ရည်ညွှန်းပြီး အာဒိုဂန်က “စစ်ရာဇဝတ်ကောင်ဖြစ်တဲ့ နေတန်ယာဟုဟာ မီလိုဆီဗစ်ကို စုံစမ်းခဲ့သလို ဂါဇာကမ်းမြောင်ရဲ့ သားသတ်သမားအဖြစ် အခုစီရင်ချက်ချခံရမှာပါ” ဟု  ပြောကြားခဲ့ပါတယ်။

“ဟားမတ်စ် အကြောင်းပြချက်ကိုသုံးပြီး အပြစ်မဲ့သူတွေအားလုံးရဲ့ သေဆုံးမှုကို ကျော်ဖို့ ကြိုးစားသူတွေဟာ လူတွေလို့ ပြောစရာ ဘာမှမရှိတော့ဘူးဟုပြောခဲ့ပြီး” ဖြည့်စွက်ကာ အနောက်အင်အားကြီးနိုင်ငံတွေကို “နားမကြား၊ ကန်းနေတယ်” လို့ ထပ်လောင်းပြောခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင် တူရကီသည် ၎င်း၏ အနောက်မဟာမိတ်အများစုနှင့် ပင်လယ်ကွေ့နိုင်ငံအချို့နှင့်မတူဘဲ ဟားမတ်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ် မရှုမြင်ဘဲ ၎င်း၏အဖွဲ့ဝင်အချို့ကို လက်ခံထားပါတယ်။

စိုးချစ်
သတင်းရင်းမြစ်- Turkishminute