【 နိုင်ငံတကာ 】 ပွင့်လင်းမှုကိုဆုပ်ကိုင်ပြီး လွတ်လပ်သောကုန်သွယ်ရေးကိုထောက်ခံရန် EU ကို တရုတ်ဝါရင့်သံတမန်ပြော

【 နိုင်ငံတကာ 】 ပွင့်လင်းမှုကိုဆုပ်ကိုင်ပြီး လွတ်လပ်သောကုန်သွယ်ရေးကိုထောက်ခံရန် EU ကို တရုတ်ဝါရင့်သံတမန်ပြော
ပေကျင်း၊ စက်တင်ဘာ - ၂၄
 
ဥရောပသမဂ္ဂ (EU) သည် ပွင့်လင်းမှုနှင့် အားလုံးအကျုံးဝင်မှုကို လိုက်နာကာ ဈေးကွက်စည်းမျဉ်းများကိုဆုပ်ကိုင်ပြီး လွတ်လပ်သောကုန်သွယ်မှုကို ထောက်ခံကာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ထောင်ချောက်အတွင်း မကျရောက်အောင်ရှောင်ရှားနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး ဒါရိုက်တာ ၀မ်ယိက ကြာသပတေးနေ့တွင် ပြောကြားလိုက်ပါတယ်။
 
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သော ၀မ်က ထိုစကားကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ သံတမန်ရေးရာအကြံပေး အီမန်နျူရယ် ဘွန်းနှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
 
နှစ်နိုင်ငံခေါင်းဆောင်များ၏ သေနင်္ဂဗျူဟာကျသော လမ်းညွှန်ချက်ကြောင့် တရုတ်-ပြင်သစ်ဆက်ဆံရေးသည် အဆင့်မြင့်မားစွာတိုးတက်နေကြောင်း ၀မ် ပြောကြားပြီး နှစ်နိုင်ငံအကြား အဆင့်အသီးသီးမှ သွာရောက်လည်ပတ်မှုသည် အပြည့်အ၀ပြန်လည်စတင်နေပြီး နယ်ပယ်အများအပြားမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် အကြီးအကျယ်တိုးတက်နေကြောင်း ၀မ်က ပြောပါတယ်။
 
ဘွန်းကလည်း သမ္မတ မက်ခရွန်သည် သမ္မတ ရှီကျင့်ဖျင်နှင့် ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားကြောင်း၊ နှစ်ဘက်အကြား အဆင့်မြင့် အပြန်အလှန်လည်ပတ်ရေးကို ထိန်းသိမ်းတောင့်တင်းအောင်လုပ်ရန် အသင့်ရှိကြောင်း ပြောခဲ့ပါတယ်။
 
ပြင်သစ်နိုင်ငံဘက်က တရုတ်ဘက်နှင့် သေနင်္ဂဗျူဟာကျသည့် ဆွေးနွေးပွဲသစ်များကျင်းပရန် မျှော်လင့်ကြောင်းလည်း သူကပြောပါတယ်။
 
Linko
Ref - CMG