【 နိုင်ငံတကာ 】 ယွန်းလ်၏ သတိပေးချက်ကို မြောက်ကိုရီးယားက ‘စိတ်ကယောင်ချောက်ခြားဖြစ်နေတာ’ ဟု တုံ့ပြန်

【 နိုင်ငံတကာ 】 ယွန်းလ်၏ သတိပေးချက်ကို မြောက်ကိုရီးယားက  ‘စိတ်ကယောင်ချောက်ခြားဖြစ်နေတာ’ ဟု တုံ့ပြန်

ဆိုးလ်၊ စက်တင်ဘာ - ၂၅

မြောက်ကိုရီးယားနှင့် ရုရှားတို့ကြား ဖြစ်နိုင်ခြေရှိတဲ့ လက်နက်ဆိုင်ရာသဘောတူညီချက်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်လ်ယိုး၏ သတိပေးမှတ်ချက်ကို မြောက်ကိုရီးယားဘက်က “စိတ်ကယောင်ချောက်ခြား” ဖြစ်နေတယ်ဆိုပြီး ဝေဖန်လိုက်ပါတယ်။

ယွန်းလ်၏ မှတ်ချက်ကို တနင်္လာနေ့က မြောက်ကိုရီးယား၏ တရားဝင်သတင်းဌာနဖြစ်တဲ့ ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က လူသိရှင်ကြား ဝေဖန်ခဲ့ရာမှာတော့ မော်စကိုနဲ့ ပြုံးယမ်းကြား  ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို တစ်စုံတစ်ယောက်ထိခိုက်နစ်နာစေတဲ့ “အန္တရာယ်ပေးနိုင်မှု” နဲ့  အမေရိကန်ကိုယ်စား အသံထွက်ပေးတဲ့အတွက် ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ယွန်းလ်က ရုရှားအား သမားရိုးကျလက်နက်များ ပေးအပ်ခြင်းအတွက် အပြန်အလှန်အားဖြင့် ၎င်း၏ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်စွမ်း အားကောင်းစေရန် ရုရှားကနေ မြောက်ကိုရီးယား လိုအပ်နေတဲ့ သတင်းအချက်အလက်နှင့် နည်းပညာများရယူတာဟာ “တိုက်ရိုက်ရန်စတာ” လို့  တောင်ကိုရီးယားက ယူဆမှာဖြစ်တယ်လို့ ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံအန်ရဲ့ မကြာသေးမီက ရုရှားကို သွားရောက်လည်ပတ်မှုနဲ့ပတ်သက်ပြီး  နှစ်နိုင်ငံအကြား ပိုမိုနီးကပ်လာတဲ့ ဆက်ဆံရေးနှင့်ပတ်သက်လို့ KCNA က ပြောကြားခဲ့ရာမှာတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံတာဟာ သဘာဝကျပြီး ပုံမှန်ပဲဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ခြိမ်းခြောက်တယ်လို့ ယွန်းလ်ရဲ့ ပြစ်တင်ရှုတ်ချမှုဟာ “သံတမန်ရေးရာ ရူးသွပ်နေတာ” နဲ့ “အကြီးအကဲလုပ်ဖို့ အရည်အချင်းမပြည့်မီတာ” လို့  နိုင်ငံရေးမရင့်ကျက်မှုကို ရည်ညွှန်းကာ KNCA က ပြောခဲ့ပါတယ်။

Linko
Ref - KBS