【 နိုင်ငံတကာ 】 ရုရှားတွင် ၆ ရက်ကြာ ခရီးအပြီး ကင်ဂျုံအန် မြောက်ကိုရီးယားပြန်

【 နိုင်ငံတကာ 】 ရုရှားတွင် ၆ ရက်ကြာ ခရီးအပြီး ကင်ဂျုံအန် မြောက်ကိုရီးယားပြန်

ဆိုးလ်၊ စက်တင်ဘာ - ၁၈

ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည့် ၆ ရက်ကြာ ရုရှားခရီးစဉ်အပြီးတွင် ကင်ဂျုံအန်သည် မြောက်ကိုရီးယားသို့ ပြန်သွားပြီဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်၏ သံချပ်ကာရထားသည် နှုတ်ဆက်ပွဲတစ်ခုအပြီး ရုရှားနိုင်ငံအရှေ့ပိုင်း၊ အတ်ယွမ်ရှိ ဘူတာရုံမှ စတင်ထွက်ခွာသည်ဟု ရုရှားနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကင်၏ ခရီးစဉ်သည် ၄ နှစ်အတွင်းသူ၏ ပထမဆုံး ပြည်ပခရီးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် မြောက်ကိုရီးယားတွင် အာဏာရပြီးနောက် အကြာဆုံး နိုင်ငံခြားခရီးလည်းဖြစ်ပါတယ်။

သူသည် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံးယမ်းသို့ တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ပြန်ရောက်မည်ဟု မျှော်လင့်ရပါတယ်။

Linko
Ref - San Diego Union-Tribune