【 နိုင်ငံတကာ 】 လက်နက်ထုတ်လုပ်မှု မြှင့်တင်ပြီးနောက် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ဂျာမဏီအသင့်ရှိနေပြီ

【 နိုင်ငံတကာ 】 လက်နက်ထုတ်လုပ်မှု မြှင့်တင်ပြီးနောက် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ဂျာမဏီအသင့်ရှိနေပြီ

ဘာလင်၊ ဖေဖော်ဝါရီ - ၂၁

အဓိကကျသည့် မည်သည့် ဆုံးဖြတ်ချက်မဆိုတွင် တုံ့ဆိုင်းနေပြီး အများပြည်သူရှေ့တွင် ပြောမည့် စကားလုံးတိုင်းကို ချိန်ဆနေသည်ဟု စွပ်စွဲခံရသည့် ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှုလ်ဇ်သည် ဂျာမဏီအတွက် လုပ်ငန်းသစ်တစ်ခုနှင့်ပတ်သက်ပြီး ရှင်းလင်းပြတ်သားသည့် အကြံများရှိနေကြောင်း ဆိုပါတယ်။

ဂျာမန် ဆိုရှယ်ဒီမိုကရေစီကို ကာကွယ်ရန်မဟုတ် အနောက်တိုင်းတန်ဖိုးများကို ကာကွယ်ရန် လက်နက်လုပ်ငန်းနှင့် နျူကလီးယားကာကွယ်ရေးဖြစ်တယ် ဆိုပါတယ်။

ရှုလ်ဇ်အနေဖြင့် ထိုလုပ်ငန်းများအတွက် မည်မျှပေးဆပ်ရသည်ဖြစ်စေ လုပ်ကိုင်မည်ဖြစ်ပြီး ဆုတ်ကပ်ကြောင့် ကျပ်တည်းနေပြီးသော စီးပွားရေးနှင့် သူ၏ပါတီသည် ရွေးကောက်ပွဲတွင် ပေးဆပ်ရမည့်တန်ဖိုးရှိစေကာမူ ယူရိုဘီလီယံပေါင်းများစွာ ကုန်ကျမည့် စီးပွားရေးဥပဒေကို တွန်းအားပေးနေပါတယ်။

သူ၏ပါတီသည် လူထုသဘောထားစစ်တမ်းတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဆစ်များ၏နောက် တတိယနေရာတွင်သာရှိနေပြီး အစိမ်းရောင်ပါတီထက် အနည်းငယ်သာ ပိုမိုထောက်ခံမှုရနေပါတယ်။

မည်သို့ဆိုစေ စစ်ဘက်သို့ မျက်နှာမူခြင်းသည် ဘာလင်တွင် ဆုံးဖြတ်ပြီးသော ကိစ္စဖြစ်တယ် ဆိုပါတယ်။

“ကျနော်တို့ လက်နက်စက်ရုံတွေ စွမ်းအားပြည့်လည်ပတ်နေဖို့ လိုတယ်။လိုအပ်တဲ့ ခဲယမ်းအကုန် ထုတ်လုပ်ဖို့ အာရုံစိုက်ရမယ်” ဟု ရှုလ်ဇ် ပြောကြားပြီး အဓိကရည်မှန်းချက် ၂ ခုကို ဖော်ပြခဲ့ပါတယ်။

တစ်ခုမှာ ယူကရိန်း၏ လှုပ်ခါနေသော စစ်ရေးစွမ်းရည်အတွက် လက်နက်ဆက်လက်ထောက်ပံ့ရန်ဖြစ်ပြီး အခြားတစ်ခုမှာ ဂျာမန်စစ်တပ်ကို ၂၀၂၅ ခုနှစ်တွင် စစ်ပွဲအတွက် အသင့်ရှိနေစေရန်ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်သည် ရုရှားက ဂျာမဏီကို တိုက်မည်ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီး ခန့်မှန်းထားသော နှစ်ဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - France 24