【 နိုင်ငံတကာ 】 လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ မဏိပူရမှာ လက်နက်ကိုင်တိုက်ပွဲကြောင့် အနည်းဆုံး ၁၃ ဦးသေဆုံး

【 နိုင်ငံတကာ 】 လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ မဏိပူရမှာ လက်နက်ကိုင်တိုက်ပွဲကြောင့် အနည်းဆုံး ၁၃ ဦးသေဆုံး

အင်ဖာ၊ ဒီဇင်ဘာ - ၅

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ခန္ဓာကိုယ်တွင် ကျည်ဆံဒဏ်ရာ အများအပြားဖြင့် သေဆုံးသူများ ခန္ဓာကိုယ်ကို အရှေ့မြောက်ပိုင်း ပြည်နယ် engnoupal ခရိုင်ရှိ ရွာတစ်ရွာတွင် တနင်္လာနေ့တွင် တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူကဆိုပြီး ပြင်းထန်စွာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ အစီရင်ခံစာက ဆိုပါတယ်။  

“သေဆုံးသွားတဲ့ အလောင်းတွေကို ချက်ချင်းဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်တဲ့ အနေအထားမှာ မရှိပါဘူး၊ ဘယ်စစ်သွေးကြွအဖွဲ့နဲ့ ဘယ်အဖွဲ့လဲဆိုတာ မပြောနိုင်ပါဘူး” လို့ ပြည်နယ်မြို့တော် အင်ဖာမှ တာဝန်ရှိသူက ရိုက်တာသို့ ပြောခဲ့ပါတယ်။

အရာရှိက ဆက်ပြောခဲ့ရာမှာတော့ “သူတို့အသတ်ခံရပြီးနောက် လက်နက်တွေ လုယက်ခံရတာလည်း ဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။

လူများစု ကသည်း (မိတေး) လူမျိုးများနှင့် လူနည်းစု ကူကီး (Kuki-Zo) အသိုက်အဝန်းတို့အကြား အစိုးရ၏ အကျိုးခံစားခွင့်နှင့် ခွဲတမ်းများကို ခွဲဝေပေးခြင်းကြောင့် သေဆုံးသည်အထိဖြစ်ရသည့် လူမျိုးရေးပဋိပက္ခများဖြစ်ပွားပြီး ခုနစ်လအကြာတွင် ယခုကဲ့သို့ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ဝေးလံခေါင်သီသော အဆိုပါပြည်နယ်တွင် မေ ၃ ရက်မှစပြီး ကြိုကြားကြိုကြား အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၁၈၀ သေဆုံးပြီး ထောင်နှင့်ချီသော ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

လူများစု ကသည်းလူမျိုးများ (မိတေး လူအသိုက်ဝန်း) သည် အဓိကအားဖြင့် ဟိန္ဒူဘာသာဝင်များဖြစ်ပြီး အင်ဖာအနီးတစ်ဝိုက်တွင် နေထိုင်ကြပြီး ကူကီးဇိုလူမျိုးများမှာ ခရစ်ယာန်အများစုဖြစ်ပြီး ကပ်လျက် တောင်ကုန်းခရိုင်များတွင် နေထိုင်ကြပါတယ်။

လူနည်းစု လူမျိုးစုအသိုင်းအဝိုင်းများသည် ပြည်နယ်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး စုစုပေါင်း ၃.၅ သန်းရှိပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Aljazeera