【 နိုင်ငံတကာ 】 အမေရိကန်နှင့် ဥရောပတို့သည် “ပိုမြန်မြန်ပြေးနိုင်အောင်” မလိုက်စားဘဲ “သူများကို ခြေထိုးခံရန်” ကြိုးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

【 နိုင်ငံတကာ 】 အမေရိကန်နှင့် ဥရောပတို့သည် “ပိုမြန်မြန်ပြေးနိုင်အောင်” မလိုက်စားဘဲ “သူများကို ခြေထိုးခံရန်” ကြိုးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ ဖေဖော်ဝါရီ - ၂၁

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါတယ်။

သတင်းထောက်တစ်ဦးက အမေရိကန်သည် အကောက်ခွန် အပြင်က နည်းလမ်းများ ကျင့်သုံးပြီး တရုတ်ပြည်ထုတ် စမတ်မော်တော်ကားနှင့် သက်ဆိုင်ရာ အစိတ်အပိုင်းပစ္စည်း တင်သွင်းမှုကို ကန့်သတ်ရန် စဉ်းစားနေပြီး ဥရောပသမဂ္ဂသည်လည်း တရုတ်ပြည်ထုတ် လျှပ်စစ်မော်တော်ကားများအပေါ် ထောက်ပံ့ကြေး ဆန့်ကျင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ခဲ့သည့်အပေါ် ပြောရေးဆိုခွင့်ရှိသူက မည်သည့်မှတ်ချက်များရှိပါသနည်းဟု မေးမြန်းခဲ့ပါတယ်။

ယင်းနှင့် ပတ်သက်ပြီး မော်နင်က နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောသလိုပဲ “အန္တရာယ် တားဆီးခြင်း” ကို အမည်ပြပြီး “ခြံဝင်းငယ်နှင့် နံရံအမြင့်” ပြုလုပ်ကာ “ပိုမြန်မြန်ပြေးနိုင်အောင်” မလိုက်စားဘဲ “သူများကို ခြေထိုးခံရန်” ကြိုးစားခြင်း လုပ်ရပ်များသည် အောင်နိုင်သည်ဟုထင်သော်လည်း အမှန်တော့ ၎င်းတို့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများကို ဆုံးရှုံးသည့်အပြင် ကမ္ဘာကြီး တိုးတက်မှုနှင့် စည်ပင်သာယာမှုကိုလည်း ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါတယ်။