【 နိုင်ငံတကာ 】 အမေရိကန်အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စွဲချက်တင်ခံရပြီး ရာထူးမှနုတ်ထွက်

【 နိုင်ငံတကာ 】 အမေရိကန်အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စွဲချက်တင်ခံရပြီး ရာထူးမှနုတ်ထွက်
ဝါရှင်တန်၊ စက်တင်ဘာ - ၂၄
 
လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များ ရင်ဆိုင်နေရသောကြောင့် အမေရိကန်အထက်လွှတ်တော်မှ သြဇာကြီးမားလှသော နိုင်ငံခြားဆက်ဆံရေးကော်မတီ အကြီးအကဲ ဝါရင့်အထက်လွှတ်တော်အမတ် ယာယီနုတ်ထွက်လိုက်ရပါတယ်။
 
ရောဘတ်မန်နန်ဒက်နှင့် သူ၏ဇနီးတို့သည် အီဂျစ်အစိုးရသို့ အကူအညီအတွက် ဒေါ်လာသိန်းပေါင်းများစွာ လက်ခံခဲ့ကြောင်း တရားရေးဌာန ရှေ့နေများက စွပ်စွဲသော်လည်း ထိုစွပ်စွဲချက်များကို ၎င်းတို့ကငြင်းဆန်ခဲ့ပါတယ်။ 
 
ထိုသို့စွပ်စွဲချက်ကို ရင်ဆိုင်နေရသော အထက်လွှတ်တော်အမတ်သည် သူ၏ နယူးဂျာစီပြည်နယ်မှ မိတ်ဆွေဒီမိုကရက်များက နုတ်ထွက်ရန်တောင်းဆိုသည်ကိုလည်း ပယ်ချခဲ့ပါတယ်။
 
သို့သော် သောကြာနေ့တွင် အထက်လွှတ်တော်လူများစုခေါင်းဆောင် ချပ် ရှူးမားက မစ္စတာ မန်နန်ဒက်က ထိုကိစ္စကို ဖြေရှင်းပေးသည်အထိ ကော်မတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ကြောင်း သောကြာနေ့တွင် ကြေညာခဲ့ပါတယ်။
 
နယူးယောက် ဒီမိုကရက် ချပ် ရှူးမားက သူ့လုပ်ဖော်ကိုင်ဖက်သည် နယူးဂျာစီပြည်သူများအတွက် အပြင်းအထန်တိုက်ပွဲဝင်ခဲ့သော ပြည်သူ့အတွက် ဘ၀ကိုမြှုပ်နှံထားသူဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 
 
၂၀၀၆ ခုနှစ်ကစတင်ပြီး ကွန်ဂရက်တွင် တာဝန်ထမ်းဆောင်ခဲ့သော အသက် ၆၉ နှစ်ရှိပြီဖြစ်သော မန်နန်ဒက်သည် သူမက်မောလှသော နိုင်ငံခြားဆက်ဆံရေးကော်မတီရာထူးမှ နုတ်ထွက်ရသည်မှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်မဟုတ်ပေ။
 
သူသည် ဖလော်ရီဒါမှ မျက်စိကုဆရာဝန်တစ်ဦးထံမှ လာဘ်ယူသည်ဟု စွပ်စွဲခံရပြီး ၂၀၁၅ ခုနှစ်တွင်လည်း ရာထူးမှ နုတ်ထွက်ရဖူးပါတယ်။ထိုအမှုတွင် ဂျူရီလူကြီးများသည့် ကန့်ကွက်သူမရှိသဘောတူညီချက်မချနိုင်သောကြောင့် မအောင်မြင်သောအမှု ဖြစ်သွားခဲ့ပါတယ်။ 
 
မန်နန်ဒက်နှင့် သူ့ဇနီး နာဒင်း အာဆလန်းနီးယန်းတို့သည် နယူးဂျာစီ စီးပွားရေးသမား ၃ ဦးထံမှ ငွေကြေးနှင့် ရွှေ လာဘ်ထိုးခြင်း၊ ဘဏ်ချေးငွေဖြင့်ဝယ်ထားသော အိမ်တစ်လုံးနှင့် ဇိမ်ခံကားတစ်စီးအတွက် ငွေပေးချေစေခြင်းတို့ကို လက်ခံခဲ့သည်ဟု ဆိုပါတယ်။
 
၄င်းတို့ဇနီးမောင်နှံသည် အီဂျစ်အစိုးရကို လျှို့ဝှက်အကူအညီပေးရန် နှင့် ဝီးဟာနာ၊ ဂျိုစ် အာရိုက်နှင့် ဖရက် ဒိုက်ဘ်တို့ ချမ်းသာစေရန် ငွေလက်ခံခဲ့သည်ဟု အစိုးရရှေ့နေများ ပြောပါတယ်။
 
Linko
Ref - BBC