【 နိုင်ငံတကာ 】 အိန္ဒိယလေတပ်မှ လေယာဉ်မှူး ၂ ဦး လေ့ကျင့်နေစဉ် ပျက်ကျသေဆုံး

【 နိုင်ငံတကာ 】 အိန္ဒိယလေတပ်မှ လေယာဉ်မှူး ၂ ဦး လေ့ကျင့်နေစဉ် ပျက်ကျသေဆုံး

နယူးဒေလီ၊ ဒီဇင်ဘာ - ၄

အိန္ဒိယလေတပ် (IAF) မှ လေယာဉ်မှူးနှစ်ဦး ၎င်းတို့၏ တနင်္လာနေ့က Pilatus  အမျိုးအစား လေ့ကျင့်ရေးလေယာဉ်ဖြင့် ချန်လန်ဂါနာရှိ ဒန်ဒီဂယ်လ် လေကြောင်းအကယ်ဒမီတွင် လေ့ကျင့်နေစဉ် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ပါတယ်။

အဆိုပါလေယာဉ်တွင် နည်းပြဆရာတစ်ဦးနှင့် ဗိုလ်လောင်းတစ်ဦးတို့ ပါဝင်ကြောင်း သိရပါတယ်။

“ဟိုက်ဒရာဘတ်ရှိ AFA မှ ပုံမှန်လေ့ကျင့်ရေးအစီအစဉ်တစ်ခုတွင် Pilatus PC 7 Mk Il လေ့ကျင့်ရေး လေယာဉ်တစ်စင်း ယနေ့နံနက်ပိုင်းက ပျံသန်းရင်း မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း” ဆိုပါတယ်။

လေယာဉ်ပေါ်ပါ လေယာဉ်မှူးနှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရကြောင်း (IAF) မှ အတည်ပြု ပြောကြားခဲ့ရသည့်အတွက် များစွာဝမ်းနည်းမိပါကြောင်း IAF မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ရာဂျနတ်ဆင်းဂ်က တွစ်တာ (X) တွင်  လေယာဉ်မှူးများ သေဆုံးမှုအတွက် “ဟိုက်ဒရာဘတ်မြို့အနီးမှာဖြစ်တဲ့ ဒီမတော်တဆမှုက မချိတင်ကဲဖြစ်စရာပါ၊ လေယာဉ်မှူးနှစ်ဦး အသက်ဆုံး ရှုံးခဲ့ရခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းပါတယ်။ ဒီဝမ်းနည်းစရာကောင်းတဲ့အချိန်မှာ ကျွန်တော့်အတွေးတွေက ကျန်ရစ်သူမိသားစုတွေနဲ့ အတူရှိနေပါတယ်” ဟု ၎င်းရဲ့ microblogging ဆိုက်တွင် ရေးသားခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် အရပ်သား (သို့မဟုတ်) ပိုင်ဆိုင်မှုကို ထိခိုက်မှုမရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီမတော်တဆမှုဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်ရန် တရားရုံးက အမိန့်ထုတ်ခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Indiatoday