ISIS အဖွဲ့ အခိုင်အမာစခန်းများပေါ် တန် ၄၀ ရှိ ဗုံးများ အမေရိကန်ဗုံးကြဲလေယာဉ် ကြဲချ

ISIS အဖွဲ့ အခိုင်အမာစခန်းများပေါ် တန် ၄၀ ရှိ ဗုံးများ အမေရိကန်ဗုံးကြဲလေယာဉ် ကြဲချ

အမေရိကန်လေယာဉ်များက အီရတ်မြောက်ပိုင်းရှိ တီကရစ်မြစ်ထဲက ကျွန်းပေါ်ရှိ ISIS အဖွဲ့ အခိုင်အမာစခန်းများပေါ် လမ်းညွှန်ထိန်းကြောင်းစနစ်ပါတဲ့ ဗုံးတွေ အင်္ဂါနေ့က တန်နဲ့ချီ၍ ကြဲချခဲ့ပါတယ်။

ဘဂ္ဂဒက် မြောက်ပိုင်း ဆာလက်နဲ့ ဒင် စီရင်စုရှိ ISIS အဖွဲ့ ထိန်းချုပ်ထားတဲ့ ကွမ်းနပ်စ်ကျွန်းပေါ် အမေရိကန်ဗုံးကြဲလေယာဉ်တွေက တန်ချိန် ပေါင်ရှစ်သောင်းကျော် လမ်းညွှန်ဗုံးတွေကို ကြဲချခဲ့ပါတယ်။

ပင်ကိုယ်ဖြေရှင်းရေးလို့ အမည်ရတဲ့ အဆိုပါစစ်ဆင်ရေး၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုင်လက်စ်ဘီကာဂင်း က ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုဖိုင်ထဲမှာ ကြီးမားတဲ့ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေကာ ကျွန်းတစ်လျှောက် ပြေးလွှားနေရတာကို တွေ့ရတယ် ဆိုပါတယ်။

ကာဂင်း က တွစ်တာထဲမှာတော့ ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း အမေရိကန်လေတပ်က F-15 နဲ့ F-35 တိုက်လေယာဉ်တွေ သုံးစွဲခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

“ဒီပိုးမွှားတွေ (ISIS) ကို USAFCENT က F-15 နဲ့ F-35 ဂျက်လေယာဉ်တွေက ကီလိုဂရမ် ၃၆၀၀၀ ရှိတဲ့ ဗုံးတွေ ကြဲချခဲ့တာတွေ့ရတယ်လို့” လို့ ဆိုပါတယ်။

ဒီကျွန်းကို လေကြောင်းကနေ တိုက်ခိုက်တာကို အီရတ်ရှိ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့က စောင့်ကြည့်ခဲ့ပါတယ်။

အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူကတော့ ဒုတိယမြောက် အီရတ်အထူးစစ်ဆင်ရေးမှာ မြေပြင်ရှင်းလင်းရေး စစ်ဆင်မှုတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေနဲ့အတူ လုပ်ဆောင်ခဲ့တဲ့အတွက် အောင်မြင်မှုရခဲ့တယ်လို့ ဆိုပါတယ်။

Linko
ဘဂ္ဂဒက်၊ စက်တင်ဘာ - ၁၁
Ref : israelnationalnews.com

( Zawgyi )

အေမရိကန္ေလယာဥ္မ်ားက အီရတ္ေျမာက္ပိုင္းရွိ တီကရစ္ျမစ္ထဲက ကြၽန္းေပၚရွိ ISIS အဖြဲ႕ အခိုင္အမာစခန္းမ်ားေပၚ လမ္းၫႊန္ထိန္းေၾကာင္းစနစ္ပါတဲ့ ဗုံးေတြ အဂၤါေန႔က တန္နဲ႔ခ်ီ၍ ႀကဲခ်ခဲ့ပါတယ္။

ဘဂၢဒက္ ေျမာက္ပိုင္း ဆာလက္နဲ႔ ဒင္ စီရင္စုရွိ ISIS အဖြဲ႕ ထိန္းခ်ဳပ္ထားတဲ့ ကြမ္းနပ္စ္ကြၽန္းေပၚ အေမရိကန္ဗုံးႀကဲေလယာဥ္ေတြက တန္ခ်ိန္ ေပါင္ရွစ္ေသာင္းေက်ာ္ လမ္းၫႊန္ဗုံးေတြကို ႀကဲခ်ခဲ့ပါတယ္။

ပင္ကိုယ္ေျဖရွင္းေရးလို႔ အမည္ရတဲ့ အဆိုပါစစ္ဆင္ေရး၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး မိုင္လက္စ္ဘီကာဂင္း က ထုတ္ျပန္ခဲ့တဲ့ ဗြီဒီယိုဖိုင္ထဲမွာ ႀကီးမားတဲ့ေပါက္ကြဲမႈေတြ ဆက္တိုက္ျဖစ္ေနကာ ကြၽန္းတစ္ေလွ်ာက္ ေျပးလႊားေနရတာကို ေတြ႕ရတယ္ ဆိုပါတယ္။

ကာဂင္း က တြစ္တာထဲမွာေတာ့ ဒီေလေၾကာင္းတိုက္ခိုက္မႈအတြင္း အေမရိကန္ေလတပ္က F-15 နဲ႔ F-35 တိုက္ေလယာဥ္ေတြ သုံးစြဲခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

“ဒီပိုးမႊားေတြ (ISIS) ကို USAFCENT က F-15 နဲ႔ F-35 ဂ်က္ေလယာဥ္ေတြက ကီလိုဂရမ္ ၃၆၀၀၀ ရွိတဲ့ ဗုံးေတြ ႀကဲခ်ခဲ့တာေတြ႕ရတယ္လို႔” လို႔ ဆိုပါတယ္။

ဒီကြၽန္းကို ေလေၾကာင္းကေန တိုက္ခိုက္တာကို အီရတ္ရွိ အၾကမ္းဖက္တိုက္ဖ်က္ေရးအဖြဲ႕က ေစာင့္ၾကည့္ခဲ့ပါတယ္။

အေမရိကန္စစ္တပ္ ေျပာေရးဆိုခြင့္ရွိသူကေတာ့ ဒုတိယေျမာက္ အီရတ္အထူးစစ္ဆင္ေရးမွာ ေျမျပင္ရွင္းလင္းေရး စစ္ဆင္မႈေတြကို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြနဲ႔အတူ လုပ္ေဆာင္ခဲ့တဲ့အတြက္ ေအာင္ျမင္မႈရခဲ့တယ္လို႔ ဆိုပါတယ္။

Linko
ဘဂၢဒက္၊ စက္တင္ဘာ - ၁၁
Ref : israelnationalnews.com