Volvo ကားကုမ္ပဏီကအင်ဂျင်မီးလောင်နိုင်သည့် ကား ၅ သိန်းကျော်ကို ပြန်လည် ပြုပြင်ပေးမည်

  Volvo ကားကုမ္ပဏီကအင်ဂျင်မီးလောင်နိုင်သည့် ကား ၅ သိန်းကျော်ကို ပြန်လည် ပြုပြင်ပေးမည်

အင်ဂျင်အစိတ်အပိုင်းတွင် မီးလောင်နိုင်သည့် ပြဿနာကြောင့် Volvo ကုမ္ပဏီကကမ္ဘာအနှံမှ ကားစီးရေ သန်းဝက်ကျော်ကို ပြန်လည် ပြုပြင်ပေး ဖို့ ကြေညာထားပါတယ်။

ယင်းကားများမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်းထုတ်လုပ်ခဲ့သည့် S60၊ S80 ၊ S90၊  V40၊ V60 ၊ V70၊ V90 ၊ XC60 နှင့်  XC90 မော်ဒယ် များအမျိုးအစားများမှ ကားများဖြစ်ပြီး 2.0 Liter ဒီဇယ် အင်ဂျင် များကိုအသုံးပြုထားပါတယ်။

ပလတ်စတစ်နှင့် ပြုလုပ်ထားသည့် အင်ဂျင်ဆီအသွင်း အထုပ် အစိတ် အပိုင်းသည် အရည်ပျော်ပြီးဖြစ်တောင့်ဖြစ်ခဲ ပုံစံ ပျက်ယွင်းနိုင်ကြောင်းတွေ့ ရှိခဲ့ရပြီးနောက် ဇူလိုင် ၂၂ ရက်မှာယခုကဲ့သို့ ကြေညာလိုက်ခြင်းပဲ ဖြစ်ပါတယ်။

“အဆိုးရွားဆုံးကတော့ အင်ဂျင်အတွင်းပိုင်းမီးလောင်ကျွမ်းမှု ဖြစ်နိုင်ပါ တယ်” ဟုVolvo က ထုတ်ပြန်ထားပါတယ်။ ယခုကဲ့သို့ ပြန်လည် သိမ်းယူ မည့် အစီအစဉ်တွင် ယာဉ်စီးရေ ၅၀၇၀၀၀ ပါဝင်မှာဖြစ်သော်လည်း ကုန်ကျမည့် စရိတ်ကိုကုမ္ပဏီကဖော်ပြထားခြင်းမရှိပေ။

ပြင်ဆင်မှုများကိုVolvoအရောင်းဌာနများတွင် အခမဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Volvo ကုမ္ပဏီသည် ဆွီဒင်နိုင်ငံမှ ဖြစ်သော်လည်း တရုတ် စီးပွားရေးလုပ်ငန်းစု Greely က ပိုင်ဆိုင်ထားပါတယ်။

Linko
Ref: UPI
စတော့ဟုမ်း ၊ဇူလိုင် ၂၃

(  Zawgyi  )

အင္ဂ်င္အစိတ္အပိုင္းတြင္ မီးေလာင္နိုင္သည့္ ျပႆနာေၾကာင့္ Volvo ကုမၸဏီကကမၻာအႏွံမွ ကားစီးေရ သန္းဝက္ေက်ာ္ကို ျပန္လည္ ျပဳျပင္ေပး ဖို႔ ေၾကညာထားပါတယ္။

ယင္းကားမ်ားမွာ ၂၀၁၄ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အတြင္းထုတ္လုပ္ခဲ့သည့္ S60၊ S80 ၊ S90၊  V40၊ V60 ၊ V70၊ V90 ၊ XC60 ႏွင့္  XC90 ေမာ္ဒယ္ မ်ားအမ်ိဳးအစားမ်ားမွ ကားမ်ားျဖစ္ၿပီး 2.0 Liter ဒီဇယ္ အင္ဂ်င္ မ်ားကိုအသုံးျပဳထားပါတယ္။

ပလတ္စတစ္ႏွင့္ ျပဳလုပ္ထားသည့္ အင္ဂ်င္ဆီအသြင္း အထုပ္ အစိတ္ အပိုင္းသည္ အရည္ေပ်ာ္ၿပီးျဖစ္ေတာင့္ျဖစ္ခဲ ပုံစံ ပ်က္ယြင္းနိုင္ေၾကာင္းေတြ႕ ရွိခဲ့ရၿပီးေနာက္ ဇူလိုင္ ၂၂ ရက္မွာယခုကဲ့သို႔ ေၾကညာလိုက္ျခင္းပဲ ျဖစ္ပါတယ္။

“အဆိုးရြားဆုံးကေတာ့ အင္ဂ်င္အတြင္းပိုင္းမီးေလာင္ကၽြမ္းမႈ ျဖစ္နိုင္ပါ တယ္” ဟုVolvo က ထုတ္ျပန္ထားပါတယ္။ ယခုကဲ့သို႔ ျပန္လည္ သိမ္းယူ မည့္ အစီအစဥ္တြင္ ယာဥ္စီးေရ ၅၀၇၀၀၀ ပါဝင္မွာျဖစ္ေသာ္လည္း ကုန္က်မည့္ စရိတ္ကိုကုမၸဏီကေဖာ္ျပထားျခင္းမရွိေပ။

ျပင္ဆင္မႈမ်ားကိုVolvoအေရာင္းဌာနမ်ားတြင္ အခမဲ့ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ Volvo ကုမၸဏီသည္ ဆြီဒင္နိုင္ငံမွ ျဖစ္ေသာ္လည္း တ႐ုတ္ စီးပြားေရးလုပ္ငန္းစု Greely က ပိုင္ဆိုင္ထားပါတယ္။

Linko
Ref: UPI
စေတာ့ဟုမ္း ၊ဇူလိုင္ ၂၃