ကချင်ပြည်နယ်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ Eco Tourism ကိုဖွံ့ဖြိုးတိုးတက် လာဖို့ အဓိကထားဆောင်ရွက်သွားမည်ဟု ဆို

ကချင်ပြည်နယ်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ Eco Tourism ကိုဖွံ့ဖြိုးတိုးတက် လာဖို့ အဓိကထား ဆောင်ရွက်သွားမည်ဟု ဆို

ကချင်ပြည်နယ်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ(Eco Tourism)ကိုဖွံ့ဖြိုးတိုးတက်လာဖို့ အဓိကထားဆောင်ရွက်သွား မှာဖြစ် တယ်လို့ ကချင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ Green Xingra Eco-Tour & Travel တည်ထောင်သူနှင့်အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ Seng Hkum  ကပြောပါတယ်။

ဒါ့အပြင်ကချင်ပြည်နယ်ရဲ့ပထဝီဝင်အနေအထား၊သဘာဝပတ်ဝန်းကျင် တောတောင်အနေအထား တွေက   အင်မတန်မှလှပတဲ့အတွက် ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာမှာအခွင့်အလမ်းတွေများစွာရှိနေသောကြောင့် ခရီးသွားလုပ်ငန်း(Eco Tourism)တွေကိုဖွံ့ဖြိုးတိုးတက်အောင် အဓိကလုပ်ဆောင်ရခြင်းဖြစ်ပြီး ယင်းကဲ့သို့ ခရီးသွားဖွံ့ဖြိုးမှုလုပ်ငန်းတွေကိုတိုးတက်အောင်လုပ်တာဟာ ယင်းဒေသတစ်ခုလုံး ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။

“ပြောရရင် ကျနော်တို့အနေနဲ့ ကချင်ပြည်နယ်ရဲ့ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့  တအားကြီးကိုမျှော်လင့်တယ်။ ပြီးရင်နည်းလမ်း ရှာဖွေပြီး မှကြိုးစားဖို့လည်းကျနော်တို့အစီအစဉ်ရှိပါတယ်။ အခုလောလောဆယ် ကျနော်တို့အနေနဲ့ ကချင်ပြည်နယ် ခရီးသွား လုပ်ငန်းရှင် များအသင်း ယာယီကော်မတီကိုဖွဲ့စည်းထားတယ်။ဒီခရီးသွားအသင်းရဲ့ ရည်ရွယ်ချက်ကလည်းကချင်ပြည်နယ် ကချင်ဒေသမှာရေရှည် တည်တံ့ ခိုင်မြဲတဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတဲ့ အဓိကရည်ရွယ်ချက်ဖြစ်တယ်။ပြီးတော့ အခုနကပြောသလို ကချင်ပြည်နယ်ကို အများအားဖြင့်သိကြတာကတော့ သဘာဝအရင်းအမြစ်တွေ သယံဇာတတွေ ကျောက်စိမ်းတွေထွက်ရှိတဲ့ပြည်နယ်အဖြစ် အများအားဖြင့် သိကြတယ်။ဒါပေမယ့် ဒီဟာတွေကရေရှည်တည်တံ့ခိုင်မြဲဖို့က မလွယ်ဘူးပေ့ါလေ။ ဒါတွေက တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ကုန်ခမ်းသွားလိမ့်မယ်။

 အဲ့အချိန်ကျရင် ကျနော်တို့ အနေနဲ့ ဒီအထဲမှာဘာတွေလုပ်မလဲရေရှည် တည်တံ့တဲ့ လုပ်ငန်းတွေအနေနဲ့စဉ်းစားတဲ့အချိန်မှာ(Eco Tourism)ဟာ ကျနော်တို့အတွက် အကောင်းဆုံးစီးပွားရေးလုပ်ငန်းပေါ့နော်။အဲ့လိုကျနော်တို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကချင်ဒေသဟာ အခြားဒေသေ တွနဲ့ မတူညီတဲ့အင်္ဂါရပ်တွေရှိတယ်။ပထဝီဝင်အနေအထား၊သဘာဝပတ်ဝန်းကျင် တောတောင်အနေအထား တွေက တကယ်ကို အင်မတန်မှ လှပတယ်။ခရီးသွားကဏ္ဍအတွက် အခွင့်အလမ်းတွေရှိတယ်။ဒီဟာတွေကို ကျနော်တို့ ကောင်းကောင်းအသုံးချပြီးမှ ခရီးသွားဖွံ့ဖြိုးမှု လုပ်ငန်းတွေ ကို တိုးတက်အောင်လုပ်တာဟာ ဒီဒေသတစ်ခုလုံးရဲ့စီးပွားရေးလုပ်ငန်းတွေလည်းဖွံ့ဖြိုးတိုးတက်လာမယ်။နောက် ကျနော်တို့ခရီးသွား လုပ်ငန်းရဲ့ သဘောသဘာဝအရ ခရီးသွားလုပ်ငန်းဟာ တစ်ဦးတစ်ယောက်တည်း အတွက်ပဲ အကျိုးရှိတာမဟုတ်ဘူး။သူ့နဲ့ ဆက်စပ်နေ တဲ့ Supply Change တစ်ခုလုံးပေါ့လေ၊ဒေသခံတွေအတွက်ပါအကျိုးဖြစ်ထွန်းစေနိုင်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။”လို့ Seng Hkum  ကပြောကြားခဲ့တာပါ။

ဒါ့အပြင် ကချင်ပြည်နယ်ရဲ့အနာဂတ်မှာ အဓိကမောင်းနှင်မယ့်စီးပွားရေးကဏ္ဍာဟာ ခရီးသွားလုပ်ငန်းဖြစ်တယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ေ ရးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ယခုနိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့မှာ မြစ်ကြီးနား မြို့ရှိ မနောကွင်းမှာ ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ်စီးပွားရေး နှီးနှောဖလှယ်ပွဲ မှာပြောကြား ခဲ့ပါသေးတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ တရားဝင်မှတ်ပုံတင်ထားပြီးလုပ်ကိုင်ဆောင်ရွက်နေသည့် ခရီးသွားလုပ်ငန်းကုမ္ပဏီ(၃၀)ကျော်အထိရှိနေပြီး ရေခဲတောင်များတည်ရှိရာပူတာအိုဒေသ၊မြစ်ကြီးနားမြို့ရှိမြစ်ဆုံနှင့် အင်းတော်ကြီးဒေသ အစရှိသည့်ကချင်ပြည်နယ်အတွင်းရှိ အထင်ကရနေရာ များသို့ စိတ်ဝင်တစားလာရောက်လည်ပတ်ကြတဲ့ ပြည်တွင်း၊ပြည်ပခရီးသွားများမှာလည်း တစ်နှစ်ထက်တစ်နှစ်ပိုမို များပြားလာတယ်လို့ Green Xingra Eco-Tour & Travel ၏ MD ဖြစ်သူ Seng Hkum  ကထပ်လောင်းပြောပြခဲ့ပါတယ်။

“အခုနောက်ပိုင်းမှာ ကချင်ပြည်နယ်ကိုလာလည်ကြတဲ့ ခရီးသွားတွေများလာသလို အထူးသဖြင့်တော့  ရေခဲတောင်တက်တဲ့ ခရီးသွား အရေ အတွက် ကများလာတယ်။မြန်မာနိုင်ငံရဲ့ရုံးပိတ်ရက်ကြီးတွေပေါ့နော်။ ခရစ်စမတ်ရုံးပိတ်ရက်နဲ့သင်္ကြန်ရုံးပိတ်ရက် မှာပိုပြီးတော့များပါတယ်။ အထူးသဖြင့်တော့ဧပြီမှာရေခဲတောင်တက်လို့ရပါတယ်။ ဧပြီလကျတော့ရေခဲတောင်ကိုလုံးဝတွေ့နိုင် တယ်၊မြင်နိုင်တယ်။အဲ့ဒီမှာ အတွေ့အကြုံတွေ အများကြီးရနိုင်ပါတယ်။ခရီးသွားတွေကတော့ တစ်နှစ်ထက်တစ်နှစ်ပိုများလာတာတော့ သေချာပါတယ်။”လို့ Seng Hkum  ကဆက်လက်ပြောပြခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊နိုဝင်ဘာ ၁၈
 

(  Zawgyi  )

 ကခ်င္ျပည္နယ္မွာ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ခရီးသြားလုပ္ငန္းက႑(Eco Tourism)ကိုဖြံ႕ၿဖိဳးတိုးတက္လာဖို႔ အဓိကထားေဆာင္႐ြက္သြား မွာျဖစ္ တယ္လို႔ ကခ်င္ျပည္နယ္အတြင္း ခရီးသြားလုပ္ငန္းေတြကိုေဆာင္႐ြက္ေနတဲ့ Green Xingra Eco-Tour & Travel တည္ေထာင္သူႏွင့္အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာျဖစ္သူ Seng Hkum  ကေျပာပါတယ္။

ဒါ့အျပင္ကခ်င္ျပည္နယ္ရဲ႕ပထဝီဝင္အေနအထား၊သဘာဝပတ္ဝန္းက်င္ ေတာေတာင္အေနအထား ေတြက   အင္မတန္မွလွပတဲ့အတြက္ ခရီးသြားလုပ္ငန္းက႑ဆိုင္ရာမွာအခြင့္အလမ္းေတြမ်ားစြာရွိေနေသာေၾကာင့္ ခရီးသြားလုပ္ငန္း(Eco Tourism)ေတြကိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ အဓိကလုပ္ေဆာင္ရျခင္းျဖစ္ၿပီး ယင္းကဲ့သို႔ ခရီးသြားဖြံ႕ၿဖိဳးမႈလုပ္ငန္းေတြကိုတိုးတက္ေအာင္လုပ္တာဟာ ယင္းေဒသတစ္ခုလုံး ရဲ႕ စီးပြားေရး လုပ္ငန္းေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္ျခင္းျဖစ္တယ္လို႔လည္း ၎ကဆိုပါတယ္။

“ေျပာရရင္ က်ေနာ္တို႔အေနနဲ႔ ကခ်င္ျပည္နယ္ရဲ႕ခရီးသြားလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔  တအားႀကီးကိုေမွ်ာ္လင့္တယ္။ ၿပီးရင္နည္းလမ္း ရွာေဖြၿပီး မွႀကိဳးစားဖို႔လည္းက်ေနာ္တို႔အစီအစဥ္ရွိပါတယ္။ အခုေလာေလာဆယ္ က်ေနာ္တို႔အေနနဲ႔ ကခ်င္ျပည္နယ္ ခရီးသြား လုပ္ငန္းရွင္ မ်ားအသင္း ယာယီေကာ္မတီကိုဖြဲ႕စည္းထားတယ္။ဒီခရီးသြားအသင္းရဲ႕ ရည္႐ြယ္ခ်က္ကလည္းကခ်င္ျပည္နယ္ ကခ်င္ေဒသမွာေရရွည္ တည္တံ့ ခိုင္ၿမဲတဲ့ ခရီးသြားလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္လာဖို႔ဆိုတဲ့ အဓိကရည္႐ြယ္ခ်က္ျဖစ္တယ္။ၿပီးေတာ့ အခုနကေျပာသလို ကခ်င္ျပည္နယ္ကို အမ်ားအားျဖင့္သိၾကတာကေတာ့ သဘာဝအရင္းအျမစ္ေတြ သယံဇာတေတြ ေက်ာက္စိမ္းေတြထြက္ရွိတဲ့ျပည္နယ္အျဖစ္ အမ်ားအားျဖင့္ သိၾကတယ္။ဒါေပမယ့္ ဒီဟာေတြကေရရွည္တည္တံ့ခိုင္ၿမဲဖို႔က မလြယ္ဘူးေပ့ါေလ။ ဒါေတြက တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္က်ရင္ ကုန္ခမ္းသြားလိမ့္မယ္။

 အဲ့အခ်ိန္က်ရင္ က်ေနာ္တို႔ အေနနဲ႔ ဒီအထဲမွာဘာေတြလုပ္မလဲေရရွည္ တည္တံ့တဲ့ လုပ္ငန္းေတြအေနနဲ႔စဥ္းစားတဲ့အခ်ိန္မွာ(Eco Tourism)ဟာ က်ေနာ္တို႔အတြက္ အေကာင္းဆုံးစီးပြားေရးလုပ္ငန္းေပါ့ေနာ္။အဲ့လိုက်ေနာ္တို႔ျမင္တယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ကခ်င္ေဒသဟာ အျခားေဒေသ တြနဲ႔ မတူညီတဲ့အဂၤါရပ္ေတြရွိတယ္။ပထဝီဝင္အေနအထား၊သဘာဝပတ္ဝန္းက်င္ ေတာေတာင္အေနအထား ေတြက တကယ္ကို အင္မတန္မွ လွပတယ္။ခရီးသြားက႑အတြက္ အခြင့္အလမ္းေတြရွိတယ္။ဒီဟာေတြကို က်ေနာ္တို႔ ေကာင္းေကာင္းအသုံးခ်ၿပီးမွ ခရီးသြားဖြံ႕ၿဖိဳးမႈ လုပ္ငန္းေတြ ကို တိုးတက္ေအာင္လုပ္တာဟာ ဒီေဒသတစ္ခုလုံးရဲ႕စီးပြားေရးလုပ္ငန္းေတြလည္းဖြံ႕ၿဖိဳးတိုးတက္လာမယ္။ေနာက္ က်ေနာ္တို႔ခရီးသြား လုပ္ငန္းရဲ႕ သေဘာသဘာဝအရ ခရီးသြားလုပ္ငန္းဟာ တစ္ဦးတစ္ေယာက္တည္း အတြက္ပဲ အက်ိဳးရွိတာမဟုတ္ဘူး။သူ႔နဲ႔ ဆက္စပ္ေန တဲ့ Supply Change တစ္ခုလုံးေပါ့ေလ၊ေဒသခံေတြအတြက္ပါအက်ိဳးျဖစ္ထြန္းေစႏိုင္တဲ့လုပ္ငန္းေတြျဖစ္ပါတယ္။”လို႔ Seng Hkum  ကေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ကခ်င္ျပည္နယ္ရဲ႕အနာဂတ္မွာ အဓိကေမာင္းႏွင္မယ့္စီးပြားေရးက႑ာဟာ ခရီးသြားလုပ္ငန္းျဖစ္တယ္လို႔လည္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေ ရးဝန္ႀကီးဌာန၊အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ယခုႏိုဝင္ဘာလ ၁၅ ရက္ႏွင့္ ၁၆ ရက္ေန႔တို႔မွာ ျမစ္ႀကီးနား ၿမိဳ႕ရွိ မေနာကြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ျပဳလုပ္ခဲ့တဲ့ ကခ်င္ျပည္နယ္စီးပြားေရး ႏွီးေႏွာဖလွယ္ပြဲ မွာေျပာၾကား ခဲ့ပါေသးတယ္။

လက္ရွိ ကခ်င္ျပည္နယ္အတြင္းမွာ တရားဝင္မွတ္ပုံတင္ထားၿပီးလုပ္ကိုင္ေဆာင္႐ြက္ေနသည့္ ခရီးသြားလုပ္ငန္းကုမၸဏီ(၃၀)ေက်ာ္အထိရွိေနၿပီး ေရခဲေတာင္မ်ားတည္ရွိရာပူတာအိုေဒသ၊ျမစ္ႀကီးနားၿမိဳ႕ရွိျမစ္ဆုံႏွင့္ အင္းေတာ္ႀကီးေဒသ အစရွိသည့္ကခ်င္ျပည္နယ္အတြင္းရွိ အထင္ကရေနရာ မ်ားသို႔ စိတ္ဝင္တစားလာေရာက္လည္ပတ္ၾကတဲ့ ျပည္တြင္း၊ျပည္ပခရီးသြားမ်ားမွာလည္း တစ္ႏွစ္ထက္တစ္ႏွစ္ပိုမို မ်ားျပားလာတယ္လို႔ Green Xingra Eco-Tour & Travel ၏ MD ျဖစ္သူ Seng Hkum  ကထပ္ေလာင္းေျပာျပခဲ့ပါတယ္။

“အခုေနာက္ပိုင္းမွာ ကခ်င္ျပည္နယ္ကိုလာလည္ၾကတဲ့ ခရီးသြားေတြမ်ားလာသလို အထူးသျဖင့္ေတာ့  ေရခဲေတာင္တက္တဲ့ ခရီးသြား အေရ အတြက္ ကမ်ားလာတယ္။ျမန္မာႏိုင္ငံရဲ႕႐ုံးပိတ္ရက္ႀကီးေတြေပါ့ေနာ္။ ခရစ္စမတ္႐ုံးပိတ္ရက္နဲ႔သၾကၤန္႐ုံးပိတ္ရက္ မွာပိုၿပီးေတာ့မ်ားပါတယ္။ အထူးသျဖင့္ေတာ့ဧၿပီမွာေရခဲေတာင္တက္လို႔ရပါတယ္။ ဧၿပီလက်ေတာ့ေရခဲေတာင္ကိုလုံးဝေတြ႕ႏိုင္ တယ္၊ျမင္ႏိုင္တယ္။အဲ့ဒီမွာ အေတြ႕အႀကဳံေတြ အမ်ားႀကီးရႏိုင္ပါတယ္။ခရီးသြားေတြကေတာ့ တစ္ႏွစ္ထက္တစ္ႏွစ္ပိုမ်ားလာတာေတာ့ ေသခ်ာပါတယ္။”လို႔ Seng Hkum  ကဆက္လက္ေျပာျပခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ႏိုဝင္ဘာ ၁၈