ကမ္ဘောဇသာဒီ နန်းတော်တွင် ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်ထုတော် ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ

ကမ္ဘောဇသာဒီ နန်းတော်တွင် ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်ထုတော် ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ

ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော် တွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းက ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်ထုတော်ဖွင့်လှစ် ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ (၁၄) ရက် နံနက် (၉) နာရီအချိန်တွင်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင် နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာသိန်းလွင်တို့က စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
ရုပ်ထုအမြင့် (၆)ပေ (၂) လက်မ၊ ခုံတုံးအမြင့် (၉) ပေရှိသော စကျင်ကျောက်ဖြင့် ထုဆစ်ပုံဖော်ထားပြီး ရုပ်ထု၏ အောက်ခံခုံတုံးမျက်နှာစာတွင် "သီရိတြိဘဝနာ ဒိတျာပဝရပဏ္ဍိတ သုဓမ္မရာဇာမဟာဓိပတိ" "သီရိပဝရမဟာဓမ္မရာဇာဓိရာဇာ" ဘွဲ့တံဆိပ်တော်ရ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး (အေဒီ ၁၅၅၁-၁၅၈၁) ဟူ၍လည်းကောင်း၊ အရပ် (၁၀) မျက်နှာ အောင်နိုင်သူ ခေါင်းစဉ်ဖြင့် ဘုရင့်နောင်မင်းတရားကြီး၏ သမိုင်းကြောင်းများကို ကမ္ဗည်းကျောက်စာတွင် ရေးထိုးထားရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘောဇသာဒီနန်းတော်အတွင်း ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရုပ်ထု၊ မိဖုရားခေါင်ကြီး ခင်ခင်ကြီး ၏ ရုပ်ထုပြခန်း၊ မယ်တော် ဆုပန်ကလျာ နန်းဆောင်နှင့် ရုပ်ထု၊ ကျွန်းလုံးတိုင်ပြတိုက်၊ ဘမရာသန ပလ္လင်တော်ဆောင်၊ နန်းတော်စတင်တည်ဆောက်ထားသော ကျွန်းလုံးတိုင်ကြီးများ၊ ခေတ်အဆက်ဆက် တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများ၊ ဘုရင့်နောင်မင်းတရားကြီး အသုံးပြုခဲ့သော မြင်းရထားပုံစံငယ် နဲ့ အသုံးဆောင်ပစ္စည်းများပြသထားတယ်လို့ သိရှိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ပဲခူး၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

ပဲခူးၿမိဳ႕၊ ကေမာၻဇသာဒီနန္းေတာ္ တြင္ ယေန႔ ဒီဇင္ဘာလ ၁၄ ရက္ နံနက္ပိုင္းက ဘုရင့္ေနာင္မင္းတရားႀကီး၏ ႐ုပ္ထုေတာ္ဖြင့္လွစ္ ျခင္း အခမ္းအနား က်င္းပျပဳလုပ္ခဲ့တယ္လို႔ တိုင္းအစိုးရအဖြဲ႕ ကသတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီဇင္ဘာလ (၁၄) ရက္ နံနက္ (၉) နာရီအခ်ိန္တြင္  ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း၊ လႊတ္ေတာ္ဥကၠဌ ဦးခင္ေမာင္ရင္ ႏွင့္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာသိန္းလြင္တို႔က စက္ခလုတ္ ႏွိပ္ဖြင့္လွစ္ေပးခဲ့ျခင္း ျဖစ္ပါတယ္။
႐ုပ္ထုအျမင့္ (၆)ေပ (၂) လက္မ၊ ခုံတုံးအျမင့္ (၉) ေပရွိေသာ စက်င္ေက်ာက္ျဖင့္ ထုဆစ္ပုံေဖာ္ထားၿပီး ႐ုပ္ထု၏ ေအာက္ခံခုံတုံးမ်က္ႏွာစာတြင္ "သီရိႀတိဘဝနာ ဒိတ်ာပဝရပ႑ိတ သုဓမၼရာဇာမဟာဓိပတိ" "သီရိပဝရမဟာဓမၼရာဇာဓိရာဇာ" ဘြဲ႕တံဆိပ္ေတာ္ရ ဟံသာဝတီဆင္ျဖဴမ်ားရွင္ ဘုရင့္ေနာင္မင္းတရားႀကီး (ေအဒီ ၁၅၅၁-၁၅၈၁) ဟူ၍လည္းေကာင္း၊ အရပ္ (၁၀) မ်က္ႏွာ ေအာင္ႏိုင္သူ ေခါင္းစဥ္ျဖင့္ ဘုရင့္ေနာင္မင္းတရားႀကီး၏ သမိုင္းေၾကာင္းမ်ားကို ကမၺည္းေက်ာက္စာတြင္ ေရးထိုးထားရွိတယ္လို႔ ဆိုပါတယ္။

ကေမာၻဇသာဒီနန္းေတာ္အတြင္း ဟံသာဝတီဆင္ျဖဴမ်ားရွင္ ဘုရင့္ေနာင္မင္းတရားႀကီး႐ုပ္ထု၊ မိဖုရားေခါင္ႀကီး ခင္ခင္ႀကီး ၏ ႐ုပ္ထုျပခန္း၊ မယ္ေတာ္ ဆုပန္ကလ်ာ နန္းေဆာင္ႏွင့္ ႐ုပ္ထု၊ ကြၽန္းလုံးတိုင္ျပတိုက္၊ ဘမရာသန ပလႅင္ေတာ္ေဆာင္၊ နန္းေတာ္စတင္တည္ေဆာက္ထားေသာ ကြၽန္းလုံးတိုင္ႀကီးမ်ား၊ ေခတ္အဆက္ဆက္ တူးေဖာ္ရရွိေသာ ေရွးေဟာင္းပစၥည္းမ်ား၊ ဘုရင့္ေနာင္မင္းတရားႀကီး အသုံးျပဳခဲ့ေသာ ျမင္းရထားပုံစံငယ္ နဲ႔ အသုံးေဆာင္ပစၥည္းမ်ားျပသထားတယ္လို႔ သိရွိရပါတယ္။

မင္းထြန္း(အုတ္က်င္း)
ပဲခူး၊ ဒီဇင္ဘာ - ၁၄