ကရင်အာနည်နေ့ကို ခွင့်မပြုပဲ ပြုလုပ်ခဲ့သည့်အတွက် ဦးဆောင်ခဲ့သူ ဒေါ်နော်အုန်းလှ အပါအဝင် ၃ ဦးကို အမှုဖွင့်ထား

ကရင်အာနည်နေ့ကို ခွင့်မပြုပဲ ပြုလုပ်ခဲ့သည့်အတွက် ဦးဆောင်ခဲ့သူ ဒေါ်နော်အုန်းလှ အပါအဝင် ၃ ဦးကို အမှုဖွင့်ထား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်မပြုပေမယ့် ငြိမ်းစုစီတင်ပြီး (၆၉)ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့တာနဲ့ပတ်သက်လို့ အခမ်းအနားကို ဦးဆောင်ခဲ့သူ ဒေါ်နော်အုန်းလှအပါအဝင် ၃ ဦးကို ရန်ကုန်မြို့၊ ကျောက်တံတားရဲစခန်းမှာ အမှုဖွင့် ထားတယ်လို့ ရဲအရာရှိကပြောပါတယ်။

“ အမှုဖွင့်ထားတာဟုတ်ပါတယ်။ ငြိမ်းစုစီ(၂ဝ)နဲ့ပါ။ ၃ ယောက်ကို အမှုဖွင့်ထားတာ။ နော်အုန်းလှရယ်၊ စသိန်းဇော်ဝင်းရယ်၊ နောက်တစ်ယောက် ပါသေးတယ်။ သူတို့ ၃ ယောက်ကို အဲ့ဒီကျင်းပတဲ့နေ့မှာပဲ အမှုဖွင့်လိုက်တာပါ။ တရားလိုကတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးပါ”လို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက သြဂုတ်လ ၁၅ ရက်နေ့၊ ညနေပိုင်းမှာ ပြောပါတယ်။ ဒီလို အမှုဖွင့်ထားတယ် ဆိုတဲ့အကြောင်းကိုတော့ ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က ဒီကနေ့မှာမှ သူ့ကို ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားခဲ့ တာဖြစ်တယ်လို့ အမှုဖွင့်ခံထားရတဲ့ ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌဖြစ်သူ ဒေါ်နော်အုန်းလှကပြောပါတယ်။

“ ဒီနေ့မှ ရဲစခန်းက လှမ်းပြောတာ။ ကျွန်မက ကရင်အာဇာနည်နေ့မှာတဲ့ အာဇာနည်နေ့ မဖြုတ်တဲ့အတွက်ပေါ့ အဲ့ဒါ တရားစွဲတာပေါ့။ ဆင့်ခေါ် တာတော့ မရှိဘူး။ ကျွန်မကို လှမ်းဖုန်းဆက်တာ။ ကျွန်မအပါအဝင် ၃ ယောက်ပေါ့။ ဦးဆောင်သူလည်း ကျွန်မပဲ။ လျှောက်ထားသူလည်း ကျွန်မပဲ”လို့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

ကရင်အာဇာနည်နေ့လို့ အသုံးမပြုဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ်ထားပေမယ့် (၆၉)ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၁၆

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ခြင့္မျပဳေပမယ့္ ၿငိမ္းစုစီတင္ၿပီး (၆၉)ႀကိမ္ေျမာက္ ကရင္အာဇာနည္ေန႔ အခမ္းအနားကို က်င္းပျပဳလုပ္ ခဲ့တာနဲ႔ပတ္သက္လို႔ အခမ္းအနားကို ဦးေဆာင္ခဲ့သူ ေဒၚေနာ္အုန္းလွအပါအဝင္ ၃ ဦးကို ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားရဲစခန္းမွာ အမႈဖြင့္ ထားတယ္လို႔ ရဲအရာရွိကေျပာပါတယ္။

“ အမႈဖြင့္ထားတာဟုတ္ပါတယ္။ ၿငိမ္းစုစီ(၂ဝ)နဲ႔ပါ။ ၃ ေယာက္ကို အမႈဖြင့္ထားတာ။ ေနာ္အုန္းလွရယ္၊ စသိန္းေဇာ္ဝင္းရယ္၊ ေနာက္တစ္ေယာက္ ပါေသးတယ္။ သူတို႔ ၃ ေယာက္ကို အဲ့ဒီက်င္းပတဲ့ေန႔မွာပဲ အမႈဖြင့္လိုက္တာပါ။ တရားလိုကေတာ့ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးပါ”လို႔ ေက်ာက္တံတားၿမိဳ႕နယ္ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက  ၾသဂုတ္လ ၁၅ ရက္ေန႔၊ ညေနပိုင္းမွာ ေျပာပါတယ္။ ဒီလို အမႈဖြင့္ထားတယ္ ဆိုတဲ့အေၾကာင္းကိုေတာ့ ေက်ာက္တံတားၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဒီကေန႔မွာမွ သူ႔ကို ဖုန္းနဲ႔ ဆက္သြယ္အေၾကာင္းၾကားခဲ့ တာျဖစ္တယ္လို႔ အမႈဖြင့္ခံထားရတဲ့ ကရင္အမ်ိဳးသမီး အစည္းအ႐ုံးဥကၠ႒ျဖစ္သူ ေဒၚေနာ္အုန္းလွကေျပာပါတယ္။

“ ဒီေန႔မွ ရဲစခန္းက လွမ္းေျပာတာ။ ကြၽန္မက ကရင္အာဇာနည္ေန႔မွာတဲ့ အာဇာနည္ေန႔ မျဖဳတ္တဲ့အတြက္ေပါ့ အဲ့ဒါ တရားစြဲတာေပါ့။ ဆင့္ေခၚ တာေတာ့ မရွိဘူး။ ကြၽန္မကို လွမ္းဖုန္းဆက္တာ။ ကြၽန္မအပါအဝင္ ၃ ေယာက္ေပါ့။ ဦးေဆာင္သူလည္း ကြၽန္မပဲ။ ေလွ်ာက္ထားသူလည္း ကြၽန္မပဲ”လို႔ ေဒၚေနာ္အုန္းလွက ေျပာပါတယ္။

ကရင္အာဇာနည္ေန႔လို႔ အသုံးမျပဳဖို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က တားျမစ္ထားေပမယ့္ (၆၉)ႀကိမ္ေျမာက္ ကရင္အာဇာနည္ေန႔ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ၾသဂုတ္လ ၁၂ ရက္ေန႔က က်င္းပျပဳလုပ္ ခဲ့တာ ျဖစ္ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၁၆