ကလေးများကို ငယ်ငယ်ထဲကစပြီး စာဖတ်ဖို့ မိဘများ အားပေးကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

ကလေးများကို ငယ်ငယ်ထဲကစပြီး စာဖတ်ဖို့ မိဘများ အားပေးကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

ကလေးများကို ငယ်ငယ်ထဲကစပြီး စာဖတ်ဖို့အတွက် မိဘများအားပေးကြရန် လူငယ်များ စာအုပ်များကို ချစ်မြတ်နိုးရန်၊ စာဖတ်ခြင်းကို ရှင်သန်အောင် အားလုံးဝိုင်းပြီး ကူညီပေးကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ကျင်းပပြုလုပ်သည့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ပါတယ်။

"ကလေးများကို ငယ်ငယ်ထဲကစပြီး စာဖတ်ဖို့အတွက် မိဘတွေက အားပေးကြပါ။နောက် ဖတ်တဲ့စာတွေကို ဆွေးနွေးတဲ့အလေ့အကျင့်ကို လုပ်ပေးပါ။ငယ်ငယ်ထဲက စာအုပ်တွေကို ချစ်မြတ်နိုးတဲ့စိတ် သန္ဓေတည်သွားပြီဆိုရင် တစ်သက်လုံး စာဖတ်ခြင်းက ကိုယ့်အတွက် အကျိုးရှိနိုင်သလို ကိုယ့်ပတ်ဝန်းကျင် အကျိုးဖြစ်အောင်လည်း သုံးတတ်သွားမှာ ဖြစ်ပါတယ်။ဒါကြောင့် ကျမ ဝါသနာအရ စာဖတ်ပါ။စာဖတ်ခြင်းဆိုတာ ဆေးလိပ်သောက်တာထက် အများကြီးပိုကောင်းပါတယ်။ဆေးလိပ်က တစ်ခါသောက်ပြီးသွားရင် မီးရှို့ပစ်သလိုဘဲ၊ စာအုပ်တစ်အုပ်က ဝယ်ထားရင် တစ်သက်လုံးထားချင်ရင်လည်း တစ်သက်လုံးထားလို့ရတယ်။ ဆေးလိပ်တို့ အရက်တို့အပေါ်မှာ ပိုက်ဆံအကုန်ခံမယ့်အစား စာအုပ်ကောင်းတွေဝယ်ပါ။တစ်ခြားသူတွေကိုလည်း ဝယ်ပြီးလှူပေးပါ။ကျမတို့ လူငယ်များ စာအုပ်များကို ချစ်မြတ်နိုးအောင်လို့ စာဖတ်တာကို ရှင်သန်အောင်လို့ အားလုံးဝိုင်းပြီး ကူညီပေးကြပါ" လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ပြောကြားခဲ့ပါတယ်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ “စာဖတ်ပါဆိုပြီး ဒီလိုဆော်သြခြင်းမှာ အကျိုးရှိသလားဆိုတာတော့ ကျွန်မအနေနဲ့ သုံးသပ်ဖို့တော့ တာဝန်ရှိပါတယ်။တစ်ချို့ကပြောတယ်။စာအုပ်ကောင်းတွေဖတ်မှ အကျိုးရှိမယ်။မကောင်းတဲ့ စာအုပ်တွေဖတ်ရင် အကျိုးရှိမှာ မဟုတ်ဘူးဆိုပြီး။ကောင်း၊ မကောင်း သိဖို့ဆိုတာလည်း ဖတ်မှသိတာ။
စာများများဖတ်မှ ဘယ်စာအုပ်တွေ ကောင်းတယ်။ဘယ်စာအုပ်တွေက မကောင်းဘူး။ဘယ်စာအုပ်တွေက တန်ဖိုးရှိတယ်။ဘယ်စာအုပ်တွေ တန်ဖိုးမရှိဘူး။များများဖတ်မှသိမှာ။အဲဒီတော့ လေ့လာရတယ်။စာအုပ်တွေနဲ့ ပတ်သက်လို့ သုံးသပ်ချက်၊ ဝေဖန်ချက်တွေကို စာရေးဆရာကြီးများ ရေးကြတဲ့အခါ အဲဒီဝေဖန်ချက်တွေကို ဖတ်ပြီးတော့ ဒီစာအုပ်ကို ဖတ်ချင်တဲ့စိတ်၊ မဖတ်ချင်တဲ့စိတ် အဲဒီလိုဖြစ်ကြတယ်။အဲဒီတော့ ဒီဟာမှကျတော့လည်း စာအုပ်တွေ ဝေဖန်တဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူဘူး။တစ်ယောက်က သိပ်ပြီးကောင်းပါတယ်လို့ ပြောတယ်။နောက်တစ်ယောက်က မကောင်းဘူးလို့ ပြောတယ်။နောက်ဆုံးကျတော့ ကိုယ့်ဟာကိုယ် ဝေဖန်တတ်အောင် ကိုယ့်ဟာကိုယ်ဖတ်တာ၊ ကိုယ်ဖတ်မှ ကိုယ်ရမှာ။ဒါကြောင့် စာအုပ်တွေဖတ်ခြင်းဟာ တန်ဖိုးဘယ်လောက် ရှိလဲ/မရှိလဲ ဆိုတာ ကျမပြောပေးလို့ မရဘူး။ကိုယ် ကိုယ်တိုင် သင်ယူရမှာ။ကျမကတော့ ကျမအတွက် တန်ဖိုးရှိတယ်လို့ ကျမပြောပြီး။ဘာလို့လဲဆိုရင် ကမ္ဘာကြီးက ကျယ်သွားတယ်။နောက်တစ်ခုက ကိုယ့်ရဲ့ အတွေးအင်အားကို ခိုင်မာလာအောင်လို့၊ တိုးတက်လာအောင်လို့ စာဖတ်ခြင်းက အများကြီးအထောက်အကူ ဖြစ်ပါတယ်။
စာအုပ်မြတ်နိုးတဲ့သူတွေက စာအုပ်မရှိတဲ့အခါကျရင် အရင် ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်တွေကို ပြန်စဉ်းစားပြီး အားပြန်ယူလို့ရတယ်။ဆေးလိပ်သောက်တဲ့သူက အရင်တုန်းက သောက်ခဲ့တဲ့ ဆေးလိပ်ပေါင်း ထောင်သောင်းကို ပြန်စဉ်းစားပြီး သောက်လို့တင်းတိမ်မှာ မဟုတ်ဘူး။အခု ချက်ချင်းလက်ငင်းသောက်ရမှ သူ့စိတ်ထဲမှာ ကျေနပ်သွားမယ်။စာအုပ်တွေ အများကြီးဖတ်တဲ့သူတွေက အချိန်မရွေး ကိုယ့်မှာအဖော်ရှိနေတယ် စာအုပ်ပေါင်း မြောက်များစွာ၊ ဟိုအရင်တုန်းက ဖတ်ခဲ့တဲ့ စာအုပ်ပေါင်း မြောက်များစွာဟာ ကိုယ့်တစ်ယောက်တည်း ရှိတဲ့အချိန်မှာ ကိုယ့်ရဲ့ များစွာသော အဖော်ပဲ။ရိုးရိုးအဖော်တောင် မဟုတ်ဘူး။ကိုယ့်ကို အားပေးမယ့် အဖော်။အဲ့ဒီအထဲမှာ ဖတ်ခဲ့ရတဲ့၊ သိခဲ့ရတဲ့ အတွေးအခေါ်တွေနဲ့ ဘဝကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကို အမျိုးမျိုး ကိုယ့်အတွက် အကြံဉာဏ်တွေရတယ်။ကိုယ့်ကို ဘေးကနေပြီးတော့ ဒီလိုလုပ်လေ၊ ဒီလိုဖြစ်နိုင်တယ်လို့ ပြောနေတဲ့ မိတ်ဆွေတွေလိုပဲ။ဒါကြောင့်မလို့ စာအုပ်ဖတ်ပါ” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

 

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ MICC-2 ခန်းမတွင် ကျင်းပပြုလုပ်သည့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် စာပေပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၂၀

( Zawgyi )

ကေလးမ်ားကို ငယ္ငယ္ထဲကစၿပီး စာဖတ္ဖို႔အတြက္ မိဘမ်ားအားေပးၾကရန္ လူငယ္မ်ား စာအုပ္မ်ားကို ခ်စ္ျမတ္ႏိုးရန္၊ စာဖတ္ျခင္းကို ရွင္သန္ေအာင္ အားလုံးဝိုင္းၿပီး ကူညီေပးၾကရန္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ယေန႔က်င္းပျပဳလုပ္သည့္ စာတတ္သူတိုင္း စာဖတ္ေရး လႈပ္ရွားမႈဖြင့္ပြဲ အခမ္းအနားတြင္ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

"ကေလးမ်ားကို ငယ္ငယ္ထဲကစၿပီး စာဖတ္ဖို႔အတြက္ မိဘေတြက အားေပးၾကပါ။ေနာက္ ဖတ္တဲ့စာေတြကို ေဆြးေႏြးတဲ့အေလ့အက်င့္ကို လုပ္ေပးပါ။ငယ္ငယ္ထဲက စာအုပ္ေတြကို ခ်စ္ျမတ္ႏိုးတဲ့စိတ္ သေႏၶတည္သြားၿပီဆိုရင္ တစ္သက္လုံး စာဖတ္ျခင္းက ကိုယ့္အတြက္ အက်ိဳးရွိႏိုင္သလို ကိုယ့္ပတ္ဝန္းက်င္ အက်ိဳးျဖစ္ေအာင္လည္း သုံးတတ္သြားမွာ ျဖစ္ပါတယ္။ဒါေၾကာင့္ က်မ ဝါသနာအရ စာဖတ္ပါ။စာဖတ္ျခင္းဆိုတာ ေဆးလိပ္ေသာက္တာထက္ အမ်ားႀကီးပိုေကာင္းပါတယ္။ေဆးလိပ္က တစ္ခါေသာက္ၿပီးသြားရင္ မီးရႈိ႕ပစ္သလိုဘဲ၊ စာအုပ္တစ္အုပ္က ဝယ္ထားရင္ တစ္သက္လုံးထားခ်င္ရင္လည္း တစ္သက္လုံးထားလို႔ရတယ္။ ေဆးလိပ္တို႔ အရက္တို႔အေပၚမွာ ပိုက္ဆံအကုန္ခံမယ့္အစား စာအုပ္ေကာင္းေတြဝယ္ပါ။တစ္ျခားသူေတြကိုလည္း ဝယ္ၿပီးလႉေပးပါ။က်မတို႔ လူငယ္မ်ား စာအုပ္မ်ားကို ခ်စ္ျမတ္ႏိုးေအာင္လို႔ စာဖတ္တာကို ရွင္သန္ေအာင္လို႔ အားလုံးဝိုင္းၿပီး ကူညီေပးၾကပါ" လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မွ ေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မွ “စာဖတ္ပါဆိုၿပီး ဒီလိုေဆာ္ၾသျခင္းမွာ အက်ိဳးရွိသလားဆိုတာေတာ့ ကြၽန္မအေနနဲ႔ သုံးသပ္ဖို႔ေတာ့ တာဝန္ရွိပါတယ္။တစ္ခ်ိဳ႕ကေျပာတယ္။စာအုပ္ေကာင္းေတြဖတ္မွ အက်ိဳးရွိမယ္။မေကာင္းတဲ့ စာအုပ္ေတြဖတ္ရင္ အက်ိဳးရွိမွာ မဟုတ္ဘူးဆိုၿပီး။ေကာင္း၊ မေကာင္း သိဖို႔ဆိုတာလည္း ဖတ္မွသိတာ။
စာမ်ားမ်ားဖတ္မွ ဘယ္စာအုပ္ေတြ ေကာင္းတယ္။ဘယ္စာအုပ္ေတြက မေကာင္းဘူး။ဘယ္စာအုပ္ေတြက တန္ဖိုးရွိတယ္။ဘယ္စာအုပ္ေတြ တန္ဖိုးမရွိဘူး။မ်ားမ်ားဖတ္မွသိမွာ။အဲဒီေတာ့ ေလ့လာရတယ္။စာအုပ္ေတြနဲ႔ ပတ္သက္လို႔ သုံးသပ္ခ်က္၊ ေဝဖန္ခ်က္ေတြကို စာေရးဆရာႀကီးမ်ား ေရးၾကတဲ့အခါ အဲဒီေဝဖန္ခ်က္ေတြကို ဖတ္ၿပီးေတာ့ ဒီစာအုပ္ကို ဖတ္ခ်င္တဲ့စိတ္၊ မဖတ္ခ်င္တဲ့စိတ္ အဲဒီလိုျဖစ္ၾကတယ္။အဲဒီေတာ့ ဒီဟာမွက်ေတာ့လည္း စာအုပ္ေတြ ေဝဖန္တဲ့အခါမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ အျမင္မတူဘူး။တစ္ေယာက္က သိပ္ၿပီးေကာင္းပါတယ္လို႔ ေျပာတယ္။ေနာက္တစ္ေယာက္က မေကာင္းဘူးလို႔ ေျပာတယ္။ေနာက္ဆုံးက်ေတာ့ ကိုယ့္ဟာကိုယ္ ေဝဖန္တတ္ေအာင္ ကိုယ့္ဟာကိုယ္ဖတ္တာ၊ ကိုယ္ဖတ္မွ ကိုယ္ရမွာ။ဒါေၾကာင့္ စာအုပ္ေတြဖတ္ျခင္းဟာ တန္ဖိုးဘယ္ေလာက္ ရွိလဲ/မရွိလဲ ဆိုတာ က်မေျပာေပးလို႔ မရဘူး။ကိုယ္ ကိုယ္တိုင္ သင္ယူရမွာ။က်မကေတာ့ က်မအတြက္ တန္ဖိုးရွိတယ္လို႔ က်မေျပာၿပီး။ဘာလို႔လဲဆိုရင္ ကမာၻႀကီးက က်ယ္သြားတယ္။ေနာက္တစ္ခုက ကိုယ့္ရဲ႕ အေတြးအင္အားကို ခိုင္မာလာေအာင္လို႔၊ တိုးတက္လာေအာင္လို႔ စာဖတ္ျခင္းက အမ်ားႀကီးအေထာက္အကူ ျဖစ္ပါတယ္။
စာအုပ္ျမတ္ႏိုးတဲ့သူေတြက စာအုပ္မရွိတဲ့အခါက်ရင္ အရင္ ကိုယ္ဖတ္ခဲ့တဲ့ စာအုပ္ေတြကို ျပန္စဥ္းစားၿပီး အားျပန္ယူလို႔ရတယ္။ေဆးလိပ္ေသာက္တဲ့သူက အရင္တုန္းက ေသာက္ခဲ့တဲ့ ေဆးလိပ္ေပါင္း ေထာင္ေသာင္းကို ျပန္စဥ္းစားၿပီး ေသာက္လို႔တင္းတိမ္မွာ မဟုတ္ဘူး။အခု ခ်က္ခ်င္းလက္ငင္းေသာက္ရမွ သူ႔စိတ္ထဲမွာ ေက်နပ္သြားမယ္။စာအုပ္ေတြ အမ်ားႀကီးဖတ္တဲ့သူေတြက အခ်ိန္မေ႐ြး ကိုယ့္မွာအေဖာ္ရွိေနတယ္ စာအုပ္ေပါင္း ေျမာက္မ်ားစြာ၊ ဟိုအရင္တုန္းက ဖတ္ခဲ့တဲ့ စာအုပ္ေပါင္း ေျမာက္မ်ားစြာဟာ ကိုယ့္တစ္ေယာက္တည္း ရွိတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ မ်ားစြာေသာ အေဖာ္ပဲ။႐ိုး႐ိုးအေဖာ္ေတာင္ မဟုတ္ဘူး။ကိုယ့္ကို အားေပးမယ့္ အေဖာ္။အဲ့ဒီအထဲမွာ ဖတ္ခဲ့ရတဲ့၊ သိခဲ့ရတဲ့ အေတြးအေခၚေတြနဲ႔ ဘဝကို ဘယ္လိုရင္ဆိုင္ရမလဲ ဆိုတာကို အမ်ိဳးမ်ိဳး ကိုယ့္အတြက္ အႀကံဉာဏ္ေတြရတယ္။ကိုယ့္ကို ေဘးကေနၿပီးေတာ့ ဒီလိုလုပ္ေလ၊ ဒီလိုျဖစ္ႏိုင္တယ္လို႔ ေျပာေနတဲ့ မိတ္ေဆြေတြလိုပဲ။ဒါေၾကာင့္မလို႔ စာအုပ္ဖတ္ပါ” လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္ရွိ MICC-2 ခန္းမတြင္ က်င္းပျပဳလုပ္သည့္ စာတတ္သူတိုင္း စာဖတ္ေရး လႈပ္ရွားမႈ ဖြင့္ပြဲအခမ္းအနားသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ စာေပပညာရွင္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရပါတယ္။

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၂၀