ကိုဗစ်ကြောင့် ပြင်ဦးလွင်မြို့က အခြေခံလူတန်းစားများလည်း ၀မ်းစာရေးအခက်တွေ့နေကြရ

ကိုဗစ်ကြောင့် ပြင်ဦးလွင်မြို့က အခြေခံလူတန်းစားများလည်း ၀မ်းစာရေးအခက်တွေ့နေကြရ

ကိုဗစ်-၁၉ ရောဂါပြဿနာ နောက်ဆက်တွဲအဖြစ် သွားလာမှုတွေ ကန့်သတ်လိုက်တဲ့ နောက်ပိုင်း ပြင်ဦးလွင်မြို့က အခြေခံလူတန်းစား တော်တော်များများလည်း ၀မ်းစာရေးအတွက် အခက်အခဲတွေ ဖြစ်နေကြရပါတယ်။

"မြင်းလှည်းတို့သုံးဘီးဆိုင်ကယ်တို့ဆိုတာက ခရီးသည်တွေလာမှ အလုပ်ဖြစ်ကြရတာဆိုတော့ အခုလို အခြေအနေမှာ သူတို့တအားအ ခက်အခဲဖြစ်ကြတာပါ၊ ရက်ကလည်းကြာနေပြီလေ ခရီးသွားလာခွင့် ကန့်သတ်ထားတာ တစ်လလောက်ရှိပြီဆိုတော့ မနည်းတောင့်ခံ နေကြရတယ်လို့လည်းသိရတယ်၊ အကုန်ပါပဲ၊ စျေးသည်တွေရောဘာတွေရော အားလုံးက ခရီးသည်တွေနဲ့လုပ်ကိုင်စားရသူများတော့ အဆင်မပြေတာ အားလုံးလိုလိုပါပဲ" လို့ ပြင်ဦးလွင်မြို့က ဒေသခံတစ်ဦးဖြစ်တဲ့ ဦးရာဂျူးက ပြောပါ တယ်။

ပြီးခဲ့တဲ့မတ်လ ၂၃ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက် လူနာပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း ဒေသအစိုးရရဲ့ဒေသန္တရ အမိန့်တွေမှာ အသွားအလာကန့်သတ်မှုတွေပါလာခဲ့တာကြောင့် ခရီးသွားအ၀င်အထွက်နဲ့လုပ်ကိုင်စားသောက်နေကြရတဲ့ ပြင်ဦးလွင် မြို့က ဒေသခံတွေအခက်အခဲတွေ ဖြစ်နေကြရတာပါ။

ဒီအထဲမှာမှ အခြေခံလူတန်းစားတော်တော်များများ နေ့စဉ်၀င်ငွေမရတော့ လောက်တဲ့ အထိဖြစ်နေ ကြရပြီး အဲဒီအထဲမှာ မြင်းလှည်း မောင်းသူတွေနဲ့ဆိုင်ကယ် တက္ကစီမောင်းသူတွေလည်း ပါ၀င်နေတယ် လို့သိရပါတယ်။"အရင်ကတော့ စျေးဦးမပေါက်ဘူး ဆိုတာ ခပ်ရှားရှားပါ၊ အခုကတော့ တစ်နေ့လုံး နေလို့မှာ စျေးဦးပေါက်တဲ့ရက်မရှိတော့သလောက်ပါပဲ၊ တစ်ရက်နှစ်ထောင် သုံးထောင်ရဖို့တောင် မလွယ်တော့ဘူး" လို့  မြို့မစျေးရှေ့မှာ ဂိတ်ထိုးပြီး ဆိုင်ကယ်တက္ကစီမောင်းတဲ့ ကိုသူရကပြောပါ တယ်။

ခရီးသွားတွေနဲ့အမှီပြုလုပ်ကိုင်စားသောက်နေကြရတဲ့ ပြင်ဦးလွင်မြို့ရဲ့လက်ရှိအခြေအနေဟာ မြို့ခံတွေနဲ့ သာစီးပွားရေးလည်ပတ်နေ ရတာကြောင့် အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ သိရပြီး ဒီအတိုင်းရေရှည်ဆက်သွားရင်တော့ အောက်ခြေလူတန်းစားအ များအပြား ဒုက္ခရောက်ကြဖို့ပဲ ရှိတော့တယ်လို့လည်း ဒေသခံတစ်ချို့ကဝေဖန်သုံးသပ်နေကြပါတယ်။

"မြင်းလှည်းဆိုတာက စက်တပ်ယာဉ်မဟုတ်တော့ အလုပ်ရပ်ထားရင်လည်း အစာကျွေးရတယ်လေ အခုပြဿနာက မြင်းစာရဖို့ အခက် အခဲပါ၊ လူကတော့တောင်ခံနိုင်ပါသေးတယ်၊ ရေရှည်အတွက်တော့ စဉ်းတောင်မစဉ်းရဲဘူး တိရစ္ဆာန်တွေငတ်ပြီးရင်လူပါငတ်တဲ့ဘ၀ ရောက်ဖို့မြင်နေပါပြီ လောလော ဆယ်တော့ မြင်းစာအတွက်အကူအညီလိုနေပါတယ် "လို့ ကန်တော်ကြီးဥယျာဉ်နားက မြင်းလှည်း မောင်းတဲ့ ဦးမောင်မောင်လေးကပြောပါတယ်။

လက်ရှိပြင်ဦးလွင်မြို့ရဲ့အခြေအနေကတော့ ခရီးသွားတစ်ယောက်တစ်လေမှမရှိဘဲ လမ်းတွေ ပေါ်မှာ လ​ည်း မဖြစ်မနေအပြင်ထွက်ကြတဲ့မြို့ခံတစ်ချို့နဲ့သာ ခြောက်သွေ့လို့နေတာကိုတွေ့ရပါတယ်။

 KT                                                                         
မန္တလေး ၊ မေ ၄‌

(  Zawgyi  )

 ကိုဗစ္-၁၉ ေရာဂါျပႆနာ ေနာက္ဆက္တြဲအျဖစ္ သြားလာမႈေတြ ကန္႔သတ္လိုက္တဲ့ ေနာက္ပိုင္း ျပင္ဦးလြင္ၿမိဳ႕က အေျခခံလူတန္းစား ေတာ္ေတာ္မ်ားမ်ားလည္း ၀မ္းစာေရးအတြက္ အခက္အခဲေတြ ျဖစ္ေနၾကရပါတယ္။

"ျမင္းလွည္းတို႔သုံးဘီးဆိုင္ကယ္တို႔ဆိုတာက ခရီးသည္ေတြလာမွ အလုပ္ျဖစ္ၾကရတာဆိုေတာ့ အခုလို အေျခအေနမွာ သူတို႔တအားအ ခက္အခဲျဖစ္ၾကတာပါ၊ ရက္ကလည္းၾကာေနၿပီေလ ခရီးသြားလာခြင့္ ကန္႔သတ္ထားတာ တစ္လေလာက္ရွိၿပီဆိုေတာ့ မနည္းေတာင့္ခံ ေနၾကရတယ္လို႔လည္းသိရတယ္၊ အကုန္ပါပဲ၊ ေစ်းသည္ေတြေရာဘာေတြေရာ အားလုံးက ခရီးသည္ေတြနဲ႔လုပ္ကိုင္စားရသူမ်ားေတာ့ အဆင္မေျပတာ အားလုံးလိုလိုပါပဲ" လို႔ ျပင္ဦးလြင္ၿမိဳ႕က ေဒသခံတစ္ဦးျဖစ္တဲ့ ဦးရာဂ်ဴးက ေျပာပါ တယ္။

ၿပီးခဲ့တဲ့မတ္လ ၂၃ ရက္ေန႔ကစလို႔ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ လူနာေပၚေပါက္ခဲ့ၿပီး ေနာက္ပိုင္း ေဒသအစိုးရရဲ႕ေဒသႏၲရ အမိန္႔ေတြမွာ အသြားအလာကန္႔သတ္မႈေတြပါလာခဲ့တာေၾကာင့္ ခရီးသြားအ၀င္အထြက္နဲ႔လုပ္ကိုင္စားေသာက္ေနၾကရတဲ့ ျပင္ဦးလြင္ ၿမိဳ႕က ေဒသခံေတြအခက္အခဲေတြ ျဖစ္ေနၾကရတာပါ။

ဒီအထဲမွာမွ အေျခခံလူတန္းစားေတာ္ေတာ္မ်ားမ်ား ေန႔စဥ္၀င္ေငြမရေတာ့ ေလာက္တဲ့ အထိျဖစ္ေန ၾကရၿပီး အဲဒီအထဲမွာ ျမင္းလွည္း ေမာင္းသူေတြနဲ႔ဆိုင္ကယ္ တကၠစီေမာင္းသူေတြလည္း ပါ၀င္ေနတယ္ လို႔သိရပါတယ္။"အရင္ကေတာ့ ေစ်းဦးမေပါက္ဘူး ဆိုတာ ခပ္ရွားရွားပါ၊ အခုကေတာ့ တစ္ေန႔လုံး ေနလို႔မွာ ေစ်းဦးေပါက္တဲ့ရက္မရွိေတာ့သေလာက္ပါပဲ၊ တစ္ရက္ႏွစ္ေထာင္ သုံးေထာင္ရဖို႔ေတာင္ မလြယ္ေတာ့ဘူး" လို႔  ၿမိဳ႕မေစ်းေရွ႕မွာ ဂိတ္ထိုးၿပီး ဆိုင္ကယ္တကၠစီေမာင္းတဲ့ ကိုသူရကေျပာပါ တယ္။

ခရီးသြားေတြနဲ႔အမွီျပဳလုပ္ကိုင္စားေသာက္ေနၾကရတဲ့ ျပင္ဦးလြင္ၿမိဳ႕ရဲ႕လက္ရွိအေျခအေနဟာ ၿမိဳ႕ခံေတြနဲ႔ သာစီးပြားေရးလည္ပတ္ေန ရတာေၾကာင့္ အခုလို အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာလို႔ သိရၿပီး ဒီအတိုင္းေရရွည္ဆက္သြားရင္ေတာ့ ေအာက္ေျခလူတန္းစားအ မ်ားအျပား ဒုကၡေရာက္ၾကဖို႔ပဲ ရွိေတာ့တယ္လို႔လည္း ေဒသခံတစ္ခ်ိဳ႕ကေဝဖန္သုံးသပ္ေနၾကပါတယ္။

"ျမင္းလွည္းဆိုတာက စက္တပ္ယာဥ္မဟုတ္ေတာ့ အလုပ္ရပ္ထားရင္လည္း အစာေကြၽးရတယ္ေလ အခုျပႆနာက ျမင္းစာရဖို႔ အခက္ အခဲပါ၊ လူကေတာ့ေတာင္ခံႏိုင္ပါေသးတယ္၊ ေရရွည္အတြက္ေတာ့ စဥ္းေတာင္မစဥ္းရဲဘူး တိရစာၦန္ေတြငတ္ၿပီးရင္လူပါငတ္တဲ့ဘ၀ ေရာက္ဖို႔ျမင္ေနပါၿပီ ေလာေလာ ဆယ္ေတာ့ ျမင္းစာအတြက္အကူအညီလိုေနပါတယ္ "လို႔ ကန္ေတာ္ႀကီးဥယ်ာဥ္နားက ျမင္းလွည္း ေမာင္းတဲ့ ဦးေမာင္ေမာင္ေလးကေျပာပါတယ္။

လက္ရွိျပင္ဦးလြင္ၿမိဳ႕ရဲ႕အေျခအေနကေတာ့ ခရီးသြားတစ္ေယာက္တစ္ေလမွမရွိဘဲ လမ္းေတြ ေပၚမွာ လ​ည္း မျဖစ္မေနအျပင္ထြက္ၾကတဲ့ၿမိဳ႕ခံတစ္ခ်ိဳ႕နဲ႔သာ ေျခာက္ေသြ႕လို႔ေနတာကိုေတြ႕ရပါတယ္။

 KT                                                                         
မႏၲေလး ၊ ေမ ၄‌