ကိုယ်ဝန်ရှိလာသည့် အမျိုးသမီးငယ်ကို ရည်းစားဖြစ်သူက ဓားဖြင့်ထိုးသတ်

ကိုယ်ဝန်ရှိလာသည့် အမျိုးသမီးငယ်ကို ရည်းစားဖြစ်သူက ဓားဖြင့်ထိုးသတ်

ဟိုပန်မြို့နယ်တွင် ချစ်ကြိုက်ရာမှ ကိုယ်ဝန်ရှိလာသည့် အမျိုးသမီးငယ်ကို ရည်စားဖြစ်သူက ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ  ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် ခန့်တွင် ဟိုပန်မြို့နယ်၊ ပန်လုံရပ်ကွက်နှင့် မော်ဟွေ့ရွာကြား ဗျာဒိတ်ပေးဘုရားသွားလမ်း၏ ဝဲဘက်အနက် ၁၅ ပေခန့်ရှိ ချောက်အတွင်း  ဒီဇင်ဘာလ ၉ ရက်နေ့ ည ၆ နာရီအချိန်က အိမ်လည်သွားရာမှ ပျောက်နေသူ မ------ (၁၅) နှစ်အား ဝဲလည်ပင်း ပြတ်ရှ/ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ရင်ဝတွင် အရိုးမပါ စတီးဓားစိုက်လျက်ဖြင့် သေဆုံးကြောင်း သေဆုံးသူရဲ့ အကိုဖြစ်သူမှ တွေ့ရှိခဲ့တဲ့အတွက် အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဟိုပန် မြို့မရဲစခန်းက (ပ) ၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းခဲ့ပြီး  မသင်္ကာသူ နောင်မိုရွာနေ ဆိုင်လိန်(ခ)အိုက်လိန် (၁၇) နှစ်အား ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ထိုသို့ စစ်ဆေးရာ ဆိုင်လိန်(ခ)အိုက်လိန် က သေဆုံးသူ မ------  နှင့် ချစ်ကြိုက်ခဲ့ကြရာမှ ကိုယ်ဝန်ရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉  ညပိုင်းတွင် မ ------ နှင့် အခင်းဖြစ်နေရာတွင် တွေ့ဆုံစကားများခဲ့စဉ် အသင့်ပါလာသော စတီးဓားဖြင့်ထိုးကာ လမ်းဘေးချောက်ထဲသို့ တွန်းချခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဟိုပန်၊ ဒီဇင်ဘာ - ၁၃

( Zawgyi )

ဟိုပန္ၿမိဳ႕နယ္တြင္ ခ်စ္ႀကိဳက္ရာမွ ကိုယ္ဝန္ရွိလာသည့္ အမ်ိဳးသမီးငယ္ကို ရည္စားျဖစ္သူက ဓားျဖင့္ထိုးသတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ  ဒီဇင္ဘာလ ၁၂ ရက္ နံနက္ ၁၁ နာရီ ၄၅ မိနစ္အခ်ိန္ ခန႔္တြင္ ဟိုပန္ၿမိဳ႕နယ္၊ ပန္လုံရပ္ကြက္ႏွင့္ ေမာ္ေဟြ႕႐ြာၾကား ဗ်ာဒိတ္ေပးဘုရားသြားလမ္း၏ ဝဲဘက္အနက္ ၁၅ ေပခန႔္ရွိ ေခ်ာက္အတြင္း  ဒီဇင္ဘာလ ၉ ရက္ေန႔ ည ၆ နာရီအခ်ိန္က အိမ္လည္သြားရာမွ ေပ်ာက္ေနသူ မ------ (၁၅) ႏွစ္အား ဝဲလည္ပင္း ျပတ္ရွ/ထိုးသြင္း ဒဏ္ရာ ၁ ခ်က္၊ ရင္ဝတြင္ အ႐ိုးမပါ စတီးဓားစိုက္လ်က္ျဖင့္ ေသဆုံးေၾကာင္း ေသဆုံးသူရဲ႕ အကိုျဖစ္သူမွ ေတြ႕ရွိခဲ့တဲ့အတြက္ အေရးယူေပးရန္ အမႈဖြင့္တိုင္ၾကားခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဟိုပန္ ၿမိဳ႕မရဲစခန္းက (ပ) ၃၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စုံစမ္းခဲ့ၿပီး  မသကၤာသူ ေနာင္မို႐ြာေန ဆိုင္လိန္(ခ)အိုက္လိန္ (၁၇) ႏွစ္အား ေခၚယူစစ္ေဆးခဲ့ပါတယ္။

ထိုသို႔ စစ္ေဆးရာ ဆိုင္လိန္(ခ)အိုက္လိန္ က ေသဆုံးသူ မ------  ႏွင့္ ခ်စ္ႀကိဳက္ခဲ့ၾကရာမွ ကိုယ္ဝန္ရွိခဲ့ေၾကာင္း၊ ဒီဇင္ဘာလ ၉  ညပိုင္းတြင္ မ ------ ႏွင့္ အခင္းျဖစ္ေနရာတြင္ ေတြ႕ဆုံစကားမ်ားခဲ့စဥ္ အသင့္ပါလာေသာ စတီးဓားျဖင့္ထိုးကာ လမ္းေဘးေခ်ာက္ထဲသို႔ တြန္းခ်ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ဟိုပန္၊ ဒီဇင္ဘာ - ၁၃