ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ပြီ

 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ပြီ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့အတွက် အစိုးရရဲ့ ညွှန်ကြားချက်ကြောင့် ရုပ်ရှင်ရုံတွေကို မတ်လ ၁၆ ရက်နေ့က စတင်ကာ ပိတ်လိုက် ပြီဖြစ်ပါတယ်။မင်္ဂလာရုပ်ရှင်အုပ်စုအောက်က တစ်ခုဖြစ်တဲ့ မင်္ဂလာစံပြရုပ်ရှင်ရုံက တာဝန်ရှိသူတစ်ဦးက ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုပါတယ်။

“ဒီနေ့က စပြီး ပိတ်ပြီ။ မနက် ၁၀ နာရီပွဲတစ်ပွဲပဲ ပြမယ်။ အဲ့ဒီပြီးရင်တော့ ရုပ်ရှင်တွေပိတ်ပါပြီ” လို့ သူကဆိုပါတယ်။အစိုးရ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေ မကျင်းပဖို့ ကြေညာချက် ထုတ်ပြီးနောက်ပိုင်း အခုလို ရုပ်ရှင်ရုံတွေ ပိတ်ပင်လာခဲ့တာပါ။

ပိတ်တဲ့ရက်ကို ဧပြီလကုန်အထိလို့ သတ်မှတ်ပေမယ့် လိုအပ်ရင်လိုအပ်သလို ရုံပိတ်တဲ့ကာလကို ထပ်တိုးသွားဖို့ ရှိနေပါတယ်။

ဇေယျာမော်
ရန်ကုန် ၊ ဧပြီ ၁၆

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ဖို႔အတြက္ အစိုးရရဲ႕ ၫႊန္ၾကားခ်က္ေၾကာင့္ ႐ုပ္ရွင္႐ုံေတြကို မတ္လ ၁၆ ရက္ေန႔က စတင္ကာ ပိတ္လိုက္ ၿပီျဖစ္ပါတယ္။မဂၤလာ႐ုပ္ရွင္အုပ္စုေအာက္က တစ္ခုျဖစ္တဲ့ မဂၤလာစံျပ႐ုပ္ရွင္႐ုံက တာဝန္ရွိသူတစ္ဦးက ဒီသတင္းနဲ႔ပတ္သက္ၿပီး အတည္ျပဳေျပာဆိုပါတယ္။

“ဒီေန႔က စၿပီး ပိတ္ၿပီ။ မနက္ ၁၀ နာရီပြဲတစ္ပြဲပဲ ျပမယ္။ အဲ့ဒီၿပီးရင္ေတာ့ ႐ုပ္ရွင္ေတြပိတ္ပါၿပီ” လို႔ သူကဆိုပါတယ္။အစိုးရ အေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ဖို႔အတြက္ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္အခမ္းအနားေတြ မက်င္းပဖို႔ ေၾကညာခ်က္ ထုတ္ၿပီးေနာက္ပိုင္း အခုလို ႐ုပ္ရွင္႐ုံေတြ ပိတ္ပင္လာခဲ့တာပါ။

ပိတ္တဲ့ရက္ကို ဧၿပီလကုန္အထိလို႔ သတ္မွတ္ေပမယ့္ လိုအပ္ရင္လိုအပ္သလို ႐ုံပိတ္တဲ့ကာလကို ထပ္တိုးသြားဖို႔ ရွိေနပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္ ၊ ဧၿပီ ၁၆