ကျပ် ၁၂ သိန်းကျော်အထက်ရောက်နေသည့် ရွှေဈေး ဆက်လက်မြင့်တက်နိုင်ဟု ရွှေလုပ်ငန်းရှင်များဆို

ကျပ် ၁၂ သိန်းကျော်အထက်ရောက်နေသည့် ရွှေဈေး ဆက်လက်မြင့်တက်နိုင်ဟု ရွှေလုပ်ငန်းရှင်များဆို

ပြည်တွင်းရွှေဈေးနှုန်းတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကနေ ဆက်လက်မြင့်တက်နိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ ရွှေလုပ်ငန်း ရှင်တွေက သုံးသပ်ထားကြပါတယ်။ “ကမ္ဘာ့ရွှေဈေးအခြေအနေကြောင့်လည်း မြင့်တက်နေတာဖြစ်သလို အမေရိကန်နိုင်ငံရဲ့ ဘဏ်တိုးနှုန်း လျှော့ချမှုတွေကြောင့်လည်း သက်ရောက်မြင့်တက်တာတွေဖြစ်တဲ့အပြင် ငွေလဲနှုန်းအခြေအနေတွေ ရာသီကာလနဲ့ အရောင်းအဝယ် အခြေအနေတွေ အစရှိတဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်မယ်ဆိုရင် အနည်းငယ်လောက်တော့ ဆက်လက်ပြီး မြင့်တက်နိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ သုံးသပ်ရပါတယ်”လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။

လွန်ခဲ့သော သြဂုတ် ၆ ရက်ဝန်းကျင်လောက်က အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၁၇၁၀၀၀ ကျပ်ရှိရာမှ သြဂုတ် ၈ရက်တွင် ကျပ် ၁၂ သိန်းကျော်ကို ရောက်လာခဲ့သလို ယနေ့(သြဂုတ် ၉ရက်)တွင် ရန်ကုန်ဈေးကွက်၌ အကယ်ဒမီမီးလင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၂၀၃၀၀၀ ကျပ် ဖြစ်လာခဲ့ပါတယ်။

“ဈေးပြောင်းလဲမှုက မြန်ဆန်တဲ့အနေအထားမျိုးဖြစ်တာကိုတွေ့ရပါတယ်၊ ပြည်တွင်း ဈေးကွက်ထဲက ရွှေဆိုင်တွေမှာတော့ အရောင်းအဝယ်က အေးစက်နေပါတယ်၊ ဈေးတွေကတော့ မြင့်နေပြီး တစ်ရိပ်ရိပ်နဲ့ အမြင့်ပိုင်းကို ရောက်လာပါတယ်”လို့ သူက ဆက်ပြောပြပါတယ်။ ပြည်တွင်း ရွှေဈေးကွက် ထဲမှာ ဇူလိုင်လဆန်းပိုင်းက အကယ်ဒမီမီးလင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းကျော်ကနေ ယခုအခါ ကျပ် ၁၂ သိန်းကျော်အထိ မြင့်တက်လာတာဟာ အတက်ကြမ်းတဲ့ အခြေအနေ တစ်ခုဖြစ်သလို စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သတိပြုစရာ အခြေအနေ မျိုးလည်းဖြစ်တယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ချို့က ဆိုကြပါတယ်။

 “ဈေးကွက်ထဲမှာ ဈေးကမြင့်နေတော့ ဝယ်လက်ပျောက်သွားတယ်၊ သိပ်ပြီးတော့ မဝယ်တော့ဘူး၊ ရောင်းတဲ့သူတွေကျတော့လည်း ဈေးဆက်မြင့် မယ်လို့ မှန်းထားတာတွေရှိတော့ အခြေအနေတွေ စောင့်ကြည့်ရင်း ဈေးကွက်က အေးတဲ့အခြေအနေမျိုးဖြစ်နေတယ်၊ တော်တော်လေး ကို အေးနေတာမျိုးဖြစ်နေတာ၊ အရောင်းရော အဝယ်ရော မရှိသလောက်ဖြစ်နေတာ”လို့လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

ယခုလိုမြင့်တက်တဲ့ ဈေးနှုန်းအခြေအနေတွေဟာ မြန်မာ့ရွှေဈေးကွက်ထဲမှာ စံချိန်တင်ရလောက်မယ့် ဈေးအခြေအနေမျိုးကို ဖြစ်ပေါ်လို့ လာနေ တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၉

(  Zawgyi  )

 ျပည္တြင္းေ႐ႊေဈးႏႈန္းေတြဟာ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြကေန ဆက္လက္ျမင့္တက္ႏိုင္တဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ ေ႐ႊလုပ္ငန္း ရွင္ေတြက သုံးသပ္ထားၾကပါတယ္။ “ကမာၻ႔ေ႐ႊေဈးအေျခအေနေၾကာင့္လည္း ျမင့္တက္ေနတာျဖစ္သလို အေမရိကန္ႏိုင္ငံရဲ႕ ဘဏ္တိုးႏႈန္း ေလွ်ာ့ခ်မႈေတြေၾကာင့္လည္း သက္ေရာက္ျမင့္တက္တာေတြျဖစ္တဲ့အျပင္ ေငြလဲႏႈန္းအေျခအေနေတြ ရာသီကာလနဲ႔ အေရာင္းအဝယ္ အေျခအေနေတြ အစရွိတဲ့ အေျခအေနအရပ္ရပ္ကို သုံးသပ္ၾကည့္မယ္ဆိုရင္ အနည္းငယ္ေလာက္ေတာ့ ဆက္လက္ၿပီး ျမင့္တက္ႏိုင္တဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ သုံးသပ္ရပါတယ္”လို႔ ျမန္မာႏိုင္ငံ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

လြန္ခဲ့ေသာ ၾသဂုတ္ ၆ ရက္ဝန္းက်င္ေလာက္က အကယ္ဒမီ မီးလင္းအေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ ၁၁၇၁၀၀၀ က်ပ္ရွိရာမွ ၾသဂုတ္ ၈ရက္တြင္ က်ပ္ ၁၂ သိန္းေက်ာ္ကို ေရာက္လာခဲ့သလို ယေန႔(ၾသဂုတ္ ၉ရက္)တြင္ ရန္ကုန္ေဈးကြက္၌ အကယ္ဒမီမီးလင္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၁၂၀၃၀၀၀ က်ပ္ ျဖစ္လာခဲ့ပါတယ္။

“ေဈးေျပာင္းလဲမႈက ျမန္ဆန္တဲ့အေနအထားမ်ိဳးျဖစ္တာကိုေတြ႕ရပါတယ္၊ ျပည္တြင္း ေဈးကြက္ထဲက ေ႐ႊဆိုင္ေတြမွာေတာ့ အေရာင္းအဝယ္က ေအးစက္ေနပါတယ္၊ ေဈးေတြကေတာ့ ျမင့္ေနၿပီး တစ္ရိပ္ရိပ္နဲ႔ အျမင့္ပိုင္းကို ေရာက္လာပါတယ္”လို႔ သူက ဆက္ေျပာျပပါတယ္။ ျပည္တြင္း ေ႐ႊေဈးကြက္ ထဲမွာ ဇူလိုင္လဆန္းပိုင္းက အကယ္ဒမီမီးလင္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ၁၀ သိန္းေက်ာ္ကေန ယခုအခါ က်ပ္ ၁၂ သိန္းေက်ာ္အထိ ျမင့္တက္လာတာဟာ အတက္ၾကမ္းတဲ့ အေျခအေန တစ္ခုျဖစ္သလို စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ သတိျပဳစရာ အေျခအေန မ်ိဳးလည္းျဖစ္တယ္လို႔ ေ႐ႊလုပ္ငန္း လုပ္ကိုင္သူတစ္ခ်ိဳ႕က ဆိုၾကပါတယ္။

 “ေဈးကြက္ထဲမွာ ေဈးကျမင့္ေနေတာ့ ဝယ္လက္ေပ်ာက္သြားတယ္၊ သိပ္ၿပီးေတာ့ မဝယ္ေတာ့ဘူး၊ ေရာင္းတဲ့သူေတြက်ေတာ့လည္း ေဈးဆက္ျမင့္ မယ္လို႔ မွန္းထားတာေတြရွိေတာ့ အေျခအေနေတြ ေစာင့္ၾကည့္ရင္း ေဈးကြက္က ေအးတဲ့အေျခအေနမ်ိဳးျဖစ္ေနတယ္၊ ေတာ္ေတာ္ေလး ကို ေအးေနတာမ်ိဳးျဖစ္ေနတာ၊ အေရာင္းေရာ အဝယ္ေရာ မရွိသေလာက္ျဖစ္ေနတာ”လို႔လည္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမႉး ဦးဝင္းျမင့္က ေျပာပါတယ္။

ယခုလိုျမင့္တက္တဲ့ ေဈးႏႈန္းအေျခအေနေတြဟာ ျမန္မာ့ေ႐ႊေဈးကြက္ထဲမွာ စံခ်ိန္တင္ရေလာက္မယ့္ ေဈးအေျခအေနမ်ိဳးကို ျဖစ္ေပၚလို႔ လာေန တယ္လို႔ ေဈးကြက္ကြၽမ္းက်င္သူေတြက ခန႔္မွန္းၾကပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ ၉