ကျိုက္ကလဲ့ဘူတာ နှင့် ပုရွက်ဆိပ်ကုန်းဘူတာကြား သံလမ်းနှစ်ဘက်စလုံးပိတ်၍ပြုပြင်မည်

ကျိုက္ကလဲ့ဘူတာ နှင့် ပုရွက်ဆိပ်ကုန်းဘူတာကြား သံလမ်းနှစ်ဘက်စလုံးပိတ်၍ပြုပြင်မည်

ရန်ကုန်မြို့ပတ်ရထားလမ်း အရှေ့ခြမ်းဖြစ်တဲ့ ကျိုက္ကလဲ့ဘူတာနဲ့ ပုရွက်ဆိပ်ကုန်းဘူတာကြားမှာ သံလမ်းနှစ်ဖက် စလုံးကို ပိတ်ကာ ပြုပြင်မှုလုပ်ငန်းတွေကို မကြာခင်လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၇)မှ မန်နေဂျာဖြစ်သူ ဦးဇော်လွင် ဆီက သိရပါတယ်။

အဆိုပါ ကျိုက္ကလဲ့ ဘူတာနဲ့ ပုရွက်ဆိပ်ကုန်းဘူတာကြားဟာ ၃ ဒသမ ၇၅ မိုင် အကွာအဝေးရှိပြီး ၇ ဒသမ ၂၅ မိုင် အကွာအဝေးရှိတဲ့ တညင်းကုန်းဘူတာမှ ပုရွက်ဆိပ်ကုန်းဘူတာကြားလမ်းပိုင်းမှာ ပါဝင်နေတဲ့ နေရာဖြစ်ကြောင်း၊ တညင်းကုန်းနဲ့ ကျိုက္ကလဲ့ကြားမှာ တစ်လမ်းပိတ်ကာပြုပြင်ဖို့မှန်းထားပေမယ့် ကျိုက္ကလဲ့နဲ့ ပုရွက်ဆိပ်ကုန်းကြားမှာတော့ နှစ်လမ်းစလုံးပိတ်ဖို့မှန်းထားတဲ့အတွက် ကြားမှာရှိတဲ့ မင်္ဂလာဒုံဈေးဘူတာ၊ မင်္ဂလာဒုံဘူတာ၊ ဝေဘာဂီဘူတာ၊ ဥက္ကလာပဘူတာ တို့က ရထားစီးနင်းမယ့် ခရီးသည်တွေအတွက် ပြုပြင်နေစဉ် ကာလထဲမှာ သွားလာဖို့အခက်အခဲမကြုံအောင် ဘူတာတွေအနီးမှာ YBS ယာဉ်လိုင်းတွေကို လမ်းကြောင်းယာယီတိုးချဲ့တာတွေ၊ ဂိတ်ထိုးပြေးဆွဲတာမျိုးတွေနဲ့ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“လမ်းနှစ်ဖက်စလုံးပိတ်တဲ့နေရာက စီးနင်းတဲ့ခရီးသည်တွေဟာ တခြားဘူတာတွေနဲ့ ယှဉ်ကြည့်ရင် တော်တော်လေး နည်းပါးတဲ့နေရာလည်း ဖြစ်ပါတယ်၊ ရုံးတက်ရုံးဆင်းချိန်တွေ လောက်သာ များပြားတတ်ပါတယ်၊ အဲ့ဒီအတွက်လည်း ဘတ်စ်ကားတွေ ပြေးဆွဲပေးဖို့ စီစဉ်နေတာပါ၊ လောလောဆယ်တော့ ၂၁ ရက်နေ့မှာ စတင်လုပ်ဆောင်နိုင်ဖို့တော့ မှန်းထားတာ ဖြစ်ပါတယ်”လို့ သူကရှင်းပြပါတယ်။

အဆိုပါနေရာကို ပြုပြင်ဖို့ အခုဒီဇင်ဘာ ၁ ရက်က မှန်းထားပေမယ့် တညင်းကုန်းနဲ့ အင်းစိန် ကြားမှာ လုပ်ငန်းတွေ မပြတ်သေးတာကြောင့်လည်း ပြုပြင်မယ့်ရက်ကို နောက်ဆုတ်လိုက်ရတာဖြစ်ပါတယ်။ ဆက်လက် ပြုပြင်ဖို့ လျာထားတဲ့ ဒီဇင်ဘာ ၂၁ ရက်မှာတော့ အင်းစိန်နဲ့ ကြည့်မြင်တိုင် ကြားကို တစ်လမ်းပိတ်တဲ့ စနစ်နဲ့ လုပ်ဆောင်ဖို့ စီစဉ်ထားပြီး တညင်းကုန်းနဲ့ ပုရွက်ဆိပ်ကုန်းကြားကိုလည်း တစ်ပြိုင်နက် ပြုပြင်ကာ လေးလအတွင်း အပြီးလုပ်ဆောင်ဖို့ မျှော်မှန်းထားကြတာ ဖြစ်ပါတယ်။ ထိုအစီအစဉ်တွေအတွက် ဒီဇင်ဘာ ၁၈ရက်မှာတော့ မီဒီယာတွေနဲ့တွေ့ဆုံရှင်းပြသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 

(  Zawgyi  )

 
ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အေရွ႕ျခမ္းျဖစ္တဲ့ က်ိဳကၠလဲ့ဘူတာနဲ႔ ပု႐ြက္ဆိပ္ကုန္းဘူတာၾကားမွာ သံလမ္းႏွစ္ဖက္ စလုံးကို ပိတ္ကာ ျပဳျပင္မႈလုပ္ငန္းေတြကို မၾကာခင္လုပ္ေဆာင္ဖို႔ ျပင္ဆင္ထားတယ္လို႔ ျမန္မာ့မီးရထား၊ တိုင္းအမွတ္(၇)မွ မန္ေနဂ်ာျဖစ္သူ ဦးေဇာ္လြင္ ဆီက သိရပါတယ္။

အဆိုပါ က်ိဳကၠလဲ့ ဘူတာနဲ႔ ပု႐ြက္ဆိပ္ကုန္းဘူတာၾကားဟာ ၃ ဒသမ ၇၅ မိုင္ အကြာအေဝးရွိၿပီး ၇ ဒသမ ၂၅ မိုင္ အကြာအေဝးရွိတဲ့ တညင္းကုန္းဘူတာမွ ပု႐ြက္ဆိပ္ကုန္းဘူတာၾကားလမ္းပိုင္းမွာ ပါဝင္ေနတဲ့ ေနရာျဖစ္ေၾကာင္း၊ တညင္းကုန္းနဲ႔ က်ိဳကၠလဲ့ၾကားမွာ တစ္လမ္းပိတ္ကာျပဳျပင္ဖို႔မွန္းထားေပမယ့္ က်ိဳကၠလဲ့နဲ႔ ပု႐ြက္ဆိပ္ကုန္းၾကားမွာေတာ့ ႏွစ္လမ္းစလုံးပိတ္ဖို႔မွန္းထားတဲ့အတြက္ ၾကားမွာရွိတဲ့ မဂၤလာဒုံေဈးဘူတာ၊ မဂၤလာဒုံဘူတာ၊ ေဝဘာဂီဘူတာ၊ ဥကၠလာပဘူတာ တို႔က ရထားစီးနင္းမယ့္ ခရီးသည္ေတြအတြက္ ျပဳျပင္ေနစဥ္ ကာလထဲမွာ သြားလာဖို႔အခက္အခဲမႀကဳံေအာင္ ဘူတာေတြအနီးမွာ YBS ယာဥ္လိုင္းေတြကို လမ္းေၾကာင္းယာယီတိုးခ်ဲ႕တာေတြ၊ ဂိတ္ထိုးေျပးဆြဲတာမ်ိဳးေတြနဲ႔ လုပ္ေဆာင္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

“လမ္းႏွစ္ဖက္စလုံးပိတ္တဲ့ေနရာက စီးနင္းတဲ့ခရီးသည္ေတြဟာ တျခားဘူတာေတြနဲ႔ ယွဥ္ၾကည့္ရင္ ေတာ္ေတာ္ေလး နည္းပါးတဲ့ေနရာလည္း ျဖစ္ပါတယ္၊ ႐ုံးတက္႐ုံးဆင္းခ်ိန္ေတြ ေလာက္သာ မ်ားျပားတတ္ပါတယ္၊ အဲ့ဒီအတြက္လည္း ဘတ္စ္ကားေတြ ေျပးဆြဲေပးဖို႔ စီစဥ္ေနတာပါ၊ ေလာေလာဆယ္ေတာ့ ၂၁ ရက္ေန႔မွာ စတင္လုပ္ေဆာင္ႏိုင္ဖို႔ေတာ့ မွန္းထားတာ ျဖစ္ပါတယ္”လို႔ သူကရွင္းျပပါတယ္။

အဆိုပါေနရာကို ျပဳျပင္ဖို႔ အခုဒီဇင္ဘာ ၁ ရက္က မွန္းထားေပမယ့္ တညင္းကုန္းနဲ႔ အင္းစိန္ ၾကားမွာ လုပ္ငန္းေတြ မျပတ္ေသးတာေၾကာင့္လည္း ျပဳျပင္မယ့္ရက္ကို ေနာက္ဆုတ္လိုက္ရတာျဖစ္ပါတယ္။ ဆက္လက္ ျပဳျပင္ဖို႔ လ်ာထားတဲ့ ဒီဇင္ဘာ ၂၁ ရက္မွာေတာ့ အင္းစိန္နဲ႔ ၾကည့္ျမင္တိုင္ ၾကားကို တစ္လမ္းပိတ္တဲ့ စနစ္နဲ႔ လုပ္ေဆာင္ဖို႔ စီစဥ္ထားၿပီး တညင္းကုန္းနဲ႔ ပု႐ြက္ဆိပ္ကုန္းၾကားကိုလည္း တစ္ၿပိဳင္နက္ ျပဳျပင္ကာ ေလးလအတြင္း အၿပီးလုပ္ေဆာင္ဖို႔ ေမွ်ာ္မွန္းထားၾကတာ ျဖစ္ပါတယ္။ ထိုအစီအစဥ္ေတြအတြက္ ဒီဇင္ဘာ ၁၈ရက္မွာေတာ့ မီဒီယာေတြနဲ႔ေတြ႕ဆုံရွင္းျပသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ ၁၇