ကျိုက်ထီးရိုးစေတီ ခြေလျင်ခရီးလမ်း ပျက်စီးယိုယွင်းမှုများကို ပြန်လည်ပြုပြင်ရန်စီစဉ်

ကျိုက်ထီးရိုးစေတီ ခြေလျင်ခရီးလမ်း ပျက်စီးယိုယွင်းမှုများကို ပြန်လည်ပြုပြင်ရန်စီစဉ်

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ တက်ရောက်ရာ ခြေလျင်ခရီးလမ်းတွင် ပျက်စီးယိုယွင်းမှု အခြေအနေတွေကို ဌာနဆိုင်ရာတွေ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒီကနေ့(ဖေဖော်ဝါရီ ၃ ရက်) မနက်က လေ့လာမှုတွေလုပ်ဆောင်ခဲ့ကြ တယ်လို့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရပါတယ်။

“လောလောဆယ်ကတော့ ဘယ်နားတွေပျက်စီးသလဲဆိုတာကို လိုက်ပြီးလေ့လာတဲ့ အခြေအနေပါပဲ၊ အဲ့ဒီ ပျက်စီးတဲ့ နေရာတွေကို ဘယ်လိုပြင်ကြမယ်၊ ပြုပြင်မှုဘယ်လောက်ကုန်မယ်ဆိုတာတွေက ပြီးရင်တွက်ချက်ရမှာ ဖြစ်ပါတယ်၊ လောလောဆယ်တော့ ဘယ်နား တွေပြင်ရမလဲ ဆိုတာကို ကိုယ်တိုင်ကွင်းဆင်းလေ့လာနေကြတာ ဖြစ်ပါတယ်”လို့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအေးမြင့်သိန်းက ရှင်းပြပါတယ်။

ထိုခြေလျင်လမ်းဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစတင်ကာ တဖြေးဖြေး အသုံးပြုတက်ရောက်သူနည်းပါးလာခဲ့ပြီး ပြည်တွင်းက ဘုရားဖူးအချို့နဲ့ ကမ္ဘာလှည့်ခရီးသွားအချို့ တက်ရောက်နေလျက်ရှိကြောင်း၊ ယခုအခါ ပျက်စီးမှုအခြေအနေတွေကို လေ့လာပြီး ပြုပြင်တဲ့လုပ်ငန်းတွေကို အလျင်အမြန်လုပ်ဆောင်သွားဖို့ စီစဉ်ထား ကြကြောင်းသိရပါတယ်။ နောက်ပိုင်းမှာ တောင်ပေါ်ကဆင်းမယ့် ခရီးသည်တွေအနေနဲ့ ခြေလျင်လမ်းက ဆင်းဖို့ စီစဉ်ပေမယ့် လမ်းပျောက်သလိုအခြေအနေမျိုးကြုံလာရတာကြောင့် ပင်ပန်းမခံကြ တော့ဘဲ ကားဖြင့်သာ အတက်အဆင်း လုပ်လာကြကြောင်း၊ ရသေ့တောင်မှ ရင်ပြင်တော်ပေါ်သို့ တောင်တက်ကားလမ်းကို အတက်လမ်း အဖြစ် ထပ်မံဖောက်လုပ်တဲ့အခါ ခြေလျင်တောင်တက်လမ်းဖြစ်တဲ့ စခန်းလေး စေတီအနားမှ ဖြတ်ကာ ဖောက်လုပ်ထားတာကြောင့် တစ်ချို့ဘုရားဖူးတွေအနေနဲ့ ခြေလျင်လမ်းကို မမြင်ရတော့ဘဲ လမ်းပျောက်သလိုမျိုး ဖြစ်တဲ့ အခြေအနေကိုလည်း လမ်းညွှန် ဆိုင်းဘုတ် တွေနဲ့ တကွ ပြန်လည်ကာ ပီပီပြင်ပြင်ဖြစ်အောင် လုပ်ဆောင်သွားဖို့လည်း စီစဉ်နေကြတယ်လို့ သိရပါတယ်။

ဇွဲမာန်
(ဓာတ်ပုံ-ချမ်းမြေ့ဇော်)
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

(  Zawgyi  )

 ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးေစတီေတာ္သို႔ တက္ေရာက္ရာ ေျခလ်င္ခရီးလမ္းတြင္ ပ်က္စီးယိုယြင္းမႈ အေျခအေနေတြကို ဌာနဆိုင္ရာေတြ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕ျဖင့္ ဒီကေန႔(ေဖေဖာ္ဝါရီ ၃ ရက္) မနက္က ေလ့လာမႈေတြလုပ္ေဆာင္ခဲ့ၾက တယ္လို႔ ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕မွ သိရပါတယ္။

“ေလာေလာဆယ္ကေတာ့ ဘယ္နားေတြပ်က္စီးသလဲဆိုတာကို လိုက္ၿပီးေလ့လာတဲ့ အေျခအေနပါပဲ၊ အဲ့ဒီ ပ်က္စီးတဲ့ ေနရာေတြကို ဘယ္လိုျပင္ၾကမယ္၊ ျပဳျပင္မႈဘယ္ေလာက္ကုန္မယ္ဆိုတာေတြက ၿပီးရင္တြက္ခ်က္ရမွာ ျဖစ္ပါတယ္၊ ေလာေလာဆယ္ေတာ့ ဘယ္နား ေတြျပင္ရမလဲ ဆိုတာကို ကိုယ္တိုင္ကြင္းဆင္းေလ့လာေနၾကတာ ျဖစ္ပါတယ္”လို႔ ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ဦးေအးျမင့္သိန္းက ရွင္းျပပါတယ္။

ထိုေျခလ်င္လမ္းဟာ ၂၀၀၀ ျပည့္ႏွစ္ ေနာက္ပိုင္းမွစတင္ကာ တေျဖးေျဖး အသုံးျပဳတက္ေရာက္သူနည္းပါးလာခဲ့ၿပီး ျပည္တြင္းက ဘုရားဖူးအခ်ိဳ႕နဲ႔ ကမာၻလွည့္ခရီးသြားအခ်ိဳ႕ တက္ေရာက္ေနလ်က္ရွိေၾကာင္း၊ ယခုအခါ ပ်က္စီးမႈအေျခအေနေတြကို ေလ့လာၿပီး ျပဳျပင္တဲ့လုပ္ငန္းေတြကို အလ်င္အျမန္လုပ္ေဆာင္သြားဖို႔ စီစဥ္ထား ၾကေၾကာင္းသိရပါတယ္။ ေနာက္ပိုင္းမွာ ေတာင္ေပၚကဆင္းမယ့္ ခရီးသည္ေတြအေနနဲ႔ ေျခလ်င္လမ္းက ဆင္းဖို႔ စီစဥ္ေပမယ့္ လမ္းေပ်ာက္သလိုအေျခအေနမ်ိဳးႀကဳံလာရတာေၾကာင့္ ပင္ပန္းမခံၾက ေတာ့ဘဲ ကားျဖင့္သာ အတက္အဆင္း လုပ္လာၾကေၾကာင္း၊ ရေသ့ေတာင္မွ ရင္ျပင္ေတာ္ေပၚသို႔ ေတာင္တက္ကားလမ္းကို အတက္လမ္း အျဖစ္ ထပ္မံေဖာက္လုပ္တဲ့အခါ ေျခလ်င္ေတာင္တက္လမ္းျဖစ္တဲ့ စခန္းေလး ေစတီအနားမွ ျဖတ္ကာ ေဖာက္လုပ္ထားတာေၾကာင့္ တစ္ခ်ိဳ႕ဘုရားဖူးေတြအေနနဲ႔ ေျခလ်င္လမ္းကို မျမင္ရေတာ့ဘဲ လမ္းေပ်ာက္သလိုမ်ိဳး ျဖစ္တဲ့ အေျခအေနကိုလည္း လမ္းၫႊန္ ဆိုင္းဘုတ္ ေတြနဲ႔ တကြ ျပန္လည္ကာ ပီပီျပင္ျပင္ျဖစ္ေအာင္ လုပ္ေဆာင္သြားဖို႔လည္း စီစဥ္ေနၾကတယ္လို႔ သိရပါတယ္။

ဇြဲမာန္
(ဓာတ္ပုံ-ခ်မ္းေျမ့ေဇာ္)
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃